သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

CPTPP ကုန်သွယ်ရေးအဖွဲ့ထဲဗြိတိန် ပါဝင်လာ 


၂၀၁၈ခုနှစ် ချီလီနိုင်ငံမှာကျင်းပခဲ့တဲ့ CPTPP လို့ အတိုခေါက်ခေါ်တဲ့ ပစိဖိတ်တလွှား ပြီးပြည့်စုံတိုးတက်ရေး ကုန်သွယ်မှုသဘောတူချက်အဖွဲ့ဝင်နိုင်ငံများရဲ့ ကုန်သွယ်ရေးဝန်ကြီးများကိုတွေ့ရစဉ် (မတ် ၈၊ ၂၀၂၁)
၂၀၁၈ခုနှစ် ချီလီနိုင်ငံမှာကျင်းပခဲ့တဲ့ CPTPP လို့ အတိုခေါက်ခေါ်တဲ့ ပစိဖိတ်တလွှား ပြီးပြည့်စုံတိုးတက်ရေး ကုန်သွယ်မှုသဘောတူချက်အဖွဲ့ဝင်နိုင်ငံများရဲ့ ကုန်သွယ်ရေးဝန်ကြီးများကိုတွေ့ရစဉ် (မတ် ၈၊ ၂၀၂၁)

စင်္ကာပူ၊ မလေးရှားစတဲ့ အာရှနိုင်ငံတွေပါဝင်တဲ့ ကုန်သွယ်ရေးစာချုပ်အဖွဲ့ CPTPP ထဲမှာ ဗြိတိန်နိုင်ငံပါဝင်သွားပါပြီ။ EU ဥရောပသမဂ္ဂထဲက နှုတ်ထွက်ထားတဲ့ ဗြိတိန်နိုင်ငံက အမေရိကန်ဦးဆောင်တဲ့ အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံကျော်ပါဝင်တဲ့ ကုန်သွယ်ရေးမိတ်ဖက်အဖွဲ့ထဲကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်၊ CPTPP လို့ အတိုခေါက်ခေါ်တဲ့ ပစိဖိတ်တလွှား ပြီးပြည့်စုံတိုးတက်ရေး ကုန်သွယ်မှုသဘောတူချက်အဖွဲ့ထဲဝင်ဖို့ သဘောတူချက်ရခဲ့ပြီလို့ ဝန်ကြီးချုပ် Rishi Sunak က ဒီနေ့ အစောပိုင်းက ကြေညာခဲ့ပါတယ်။

G7 စီးပွားရေးအင်အားကြီး ၇ နိုင်ငံထဲက အများစုနဲ့ သြစတေးလျ၊ နယူးဇီလန်၊ စင်္ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ ဘရူနိုင်းတို့ ပါဝင်တဲ့ ဒီအဖွဲထဲ ဗြိတိန်နိုင်ငံပါဝင်လာပြီဖြစ်တဲ့အတွက် အခုဆို အဖွဲ့ဝင် ၁၂ နိုင်ငံဖြစ်သွားပါပြီ။ ၂၁ လကြာ အကြိတ်အနယ် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီးနောက် စီးပွားရေးအတွက် ဘက်ပေါင်းစုံက အရေးပါတဲ့ ကုန်သွယ်ရေးစာချုပ်အဖွဲ့ကြီးထဲ ဗြိတိန်နိုင်ငံ ဝင်ရောက်နိုင်လိုက်တာဟာ EU ကနှုတ်ထွက်ထားပေမဲ့ ဗြိတိန်အနေနဲ့ အခွင့်အလမ်းသစ်တွေ၊ ကုန်သွယ်ရေးလွတ်လပ်မှုတွေကို အမိအရ ဆုပ်ကိုင်လိုက်နိုင်တဲ့ သက်သေဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပါတယ်။

CPTPP အဖွဲ့ကြီးဟာ အရင် အမေရိကန်သမ္မတ ဘာရက်အိုဘားမား (Barack Obama) လက်ထက်မှာ ထူထောင်ခဲ့တဲ့ TPP လို့ အတိုခေါက်ခေါ်တဲ့ ပစိဖိတ်တလွှားကုန်သွယ်ရေးအဖွဲ့ကနေ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ် (Donald Trump) လက်ထက် နှုတ်ထွက်ခဲ့အပြီး၊ နာမည်သစ်နဲ့ ပြန်ဖွဲ့ခဲ့တဲ့ ကုန်သွယ်ရေးဆိုင်ရာ အဖွဲ့ကြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG