(Zawgyi / Unicode)
အင္ဒို- ပစိဖိတ္ စီးပြားေရး မူေဘာင္တရပ္ ေဖာ္ေဆာင္ေရးကို မိတ္ဖက္ေတြနဲ႔ အတူ အေမရိကန္က ေဆာင္ရြက္မယ့္ အေၾကာင္း သမၼတ အိမ္ျဖဴေတာ္က ေအာက္တုိဘာလ ၂၇ ရက္ေန႔ ဗုဒၶဟူးေန႔က ေၾကညာခဲ႔ပါတယ္။
အေရွ႕အာရွ ေဒသတြင္းက အဓိက ႏုိင္ငံေတြနဲ႔ အြန္လိုင္း ေဆြးေႏြးပြဲ တက္ေရာက္ၿပီး သမၼတ Joe Biden က အေရွ႕အာရွ သံခင္းတမန္ခင္းကို ျပန္လည္ ၀င္ေရာက္လာခ်ိန္မွာဘဲ အခုေၾကညာခ်က္ ထြက္ေပၚလာတာ ျဖစ္ပါတယ္။ Anita Powell နဲ႔ Patsy Widakuswara တို႔ရဲ႕ သတင္းေဆာင္းပါးကို အေျခခံၿပီး ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထိုက္ တင္ျပထားပါတယ္။
မူေဘာင္နဲ႔ ပတ္သက္လို႔ အေသးစိတ္ အခ်က္အလက္ေတြကိုေတာ့ အေမရိကန္ သမၼတ အိမ္ျဖဴေတာ္က မထုတ္ျပန္ပါဘူး။ ဒါေပမယ့္လည္း ဒီ မူေဘာင္ဟာ ကုန္သြယ္ေရး လြယ္ကူ ေခ်ာေမြ႔ေရး၊ ဒီဂ်စ္တယ္ စီးပြားေရးနဲ႔ နည္းပညာ ဆိုင္ရာ စံသတ္မွတ္ခ်က္၊ ကုန္စည္ စီးဆင္းမႈ ခိုင္မာမႈရွိေရး၊ ကာဘြန္ ေလွ်ာ့ခ်ေရးနဲ႔ သန္႔စင္တဲ႔ စြမ္းအင္၊ အေျခခံ အေဆာက္အဦ၊ လုပ္သား စံႏႈန္းနဲ႔ တျခားေသာ ႏွစ္ဘက္ အက်ိဳးစီးပြားဆိုင္ရာ က႑ေတြမွာ တူညီတဲ႔ ရည္မွန္းခ်က္ေတြကို ျပဌာန္းမွာ ျဖစ္တယ္လို႔ သမၼတ အိမ္ျဖဴေတာ္က ေျပာပါတယ္။
တရား၀င္ မူ၀ါဒ မခ်မွတ္ရေသးေပမယ္လို႔လည္း အခု ေၾကညာခ်က္ဟာဆိုရင္ ေဒသတြင္း ကုန္သြယ္ေရး ပူးေပါင္းေဆာင္ရြက္မႈမွာ အေမရိကန္တို႔က တရုတ္ကို မမီ ျဖစ္ေနတဲ႔ ကိစၥ အေပၚ စိုးရိမ္ခ်က္ေတြ ေျဖေလ်ာ့ေရး အေထာက္အကူ ျဖစ္ေစႏုိင္ပါတယ္။ ကမၻာ့စီးပြားေရးရဲ႕ ၃၀ ရာခုိင္ႏႈန္း နီးပါး ရွိတဲ႔ အာရွ ပစိဖိတ္ ႏုိင္ငံေတြၾကား လြတ္လပ္စြာ ကုန္သြယ္မႈ သေဘာတူညီခ်က္ ျဖစ္တဲ႔ ေဒသတြင္း အလံုးစံု စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈကို တရုတ္က ေထာက္ခံထားၿပီး ဒီစာခ်ဳပ္မွာ အေမရိကန္ မပါ၀င္ပါဘူး။
မဟာဗ်ဴဟာနဲ႔ ႏုိင္ငံတကာ ေလ႔လာေရး ဌာနက အေရွ႕ေတာင္အာရွ အေရး အထူးျပဳ သံုးသပ္သူ Greg Poling ကေတာ့ စီးပြားေရးဆိုင္ရာ ႏုိင္ငံေရး ဦးေဆာင္မႈမွာ အားနည္းခ်က္ႀကီး ျဖစ္ေနတယ္ဆိုတာကို အစိုးရက သိရွိထားတယ္လို႔ ေျပာပါတယ္။ ပစိဖိတ္ တလႊား ပူးေပါင္းေဆာင္ရြက္မႈ TPP ေနာက္ပိုင္း ျဖစ္လာတဲ႔ CPTPP မွာ အေမရိကန္တို႔ ျပန္လည္ ပါ၀င္လာဖို႔ ေဒသ အေနနဲ႔ အလိုလားဆံုး ျဖစ္ၿပီး ဒီကိစၥက ျဖစ္လာမွာ မဟုတ္ေၾကာင္း၊ ဒါေၾကာင့္ အေမရိကန္တို႔ အေနနဲ႔ အခုလို မူေဘာင္သစ္ တရပ္ အျပင္ တျခား ေရြးခ်ယ္စရာ မရွိ ျဖစ္ေစတာလို႔လည္း သူက ေျပာပါတယ္။
အေရွ႕အာရွ ထိပ္သီး ေဆြးေႏြးပြဲကို ေအာက္တိုဘာလ ၂၇ ရက္ေန႔မွာ သမၼတ Biden အြန္လိုင္းက ပါ၀င္ တက္ေရာက္ၿပီးေနာက္မွာ အခု ဆံုးျဖတ္ခ်က္ကို ေၾကညာခဲ႔တာ ျဖစ္ပါတယ္။ အေရွ႕အာရွ ထိပ္သီး ေဆြးေႏြးပြဲ အတြင္း ASEAN ရဲ႕ အလွည့္က် ဥကၠဌ ျဖစ္တဲ႔ ဘ႐ူႏိုင္း ဘုရင္ Hassanal Bolkiah က ကပ္ေဘးေရာဂါ ေျဖရွင္းေရးနဲ႔ စီးပြားေရး ျပန္လည္ ဦးေမာ့ေရးကို အေလးထားၿပီး ေျပာဆိုခဲ႔ပါတယ္။
“ ဒီ ႏိုင္ငံ ၁၈ ႏိုင္ငံဟာ ကမ ၻာ့လူဦးေရရဲ႕ ထက္၀က္ေက်ာ္ကို ကိုယ္စားျပဳၿပီး ကမ ၻာ့ GDP - အသားတင္ ထုတ္လုပ္မႈရဲ႕ ၆၀ ရာခိုင္ႏႈန္းေလာက္ရွိတာေၾကာင့္ က်ေနာ္တို႔ရဲ႕ စုေပါင္း ေဆာင္ရြက္မႈေတြက ကမ ၻာႀကီး တခုလံုး အတြက္ သိသိသာသာ ထိေရာက္မႈ ရွိေအာင္ ေဆာင္ရြက္ႏိုင္ပါတယ္။ ”
“ရာသီဥတု ေျပာင္းလဲမႈနဲ႔ Covid-19 ကပ္ေဘးေရာဂါလို အခက္အခဲ ျပသနာေတြဟာ ရႈပ္ေထြးလြန္းၿပီး တႏိုင္ငံတည္း ေျဖရွင္းလို႔ မရႏိုင္ပါဘူး။ ”
အေရွ႕ေတာင္ အာရွ ႏုိင္ငံမ်ား အသင္း - ၁၀ ႏုိင္ငံက ဦးေဆာင္ က်င္းပတဲ႔ ႏွစ္ပတ္လည္ အေရွ႕အာရွ ထိပ္သီး ညီလာခံမွာေတာ့ အေမရိကန္၊ ၾသစေတးလ်၊ တရုတ္နဲ႔ ရုရွား အပါအ၀င္ ႏုိင္ငံ ၁၈ ႏုိင္ငံ ပါ၀င္ ေဆြးေႏြးၾကတာ ျဖစ္ပါတယ္။ အေရွ႕အာရွ ထိပ္သီး ညီလာခံမွာေတာ့ တရုတ္ဘက္က ရည္မွန္းခ်က္ ႀကီးထြားလာေနတဲ႔ ကိစၥ၊ ေျမာက္ကိုရီးယားဘက္က ပိုၿပီး ရန္လိုလာတဲ႔ ကိစၥ၊ ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းၿပီး ေနာက္ပိုင္း အေျခအေနတို႔လို ကိစၥေတြကို ေဆြးေႏြးၾကတာ ျဖစ္ပါတယ္။
ASEAN လိုမ်ိဳး ႏုိင္ငံငယ္ေတြ ဦးစီးတဲ႔ အဖြဲ႔တခုမွာ အေမရိကန္ဘက္က ပါ၀င္ဖို႔ စိတ္အားထက္သန္းလာတဲ႔ အခ်က္က သတိျပဳဖြယ္ ျဖစ္တယ္လို႔ ႏုိင္ငံတကာ မဟာဗ်ဴဟာ ေလ႔လာေရးဌာနက သုေတသန ပညာရွင္ Aaron Connelly က ေျပာပါတယ္။ အေမရိကန္ သမၼတ တဦး ေလးႏွစ္တာ အတြင္းပထမဆံုး ျပန္လည္ ပါ၀င္တာလည္း ျဖစ္ပါတယ္။ သမၼတေဟာင္း Donald Trump က ၂၀၁၇ ခုႏွစ္ ထိပ္သီး ညီလာခံမွာ မိန္႔ခြန္းေျပာေပမယ့္လည္း ေဆြးေႏြးပြဲ မတိုင္ခင္မွာ ျပန္လာခဲ႔တာ ျဖစ္ၿပီး ေနာက္ပိုင္းမွာ သူ႔အစား အဆင့္ျမင့္ အရာရွိႀကီးေတြကိုဘဲ ေစလႊတ္ခဲ႔ပါတယ္။
ႏွစ္ပတ္လည္ အာဆီယံ ေခါင္းေဆာင္မ်ား ေဆြးေႏြးပြဲ အၿပီး က်င္းပတဲ႔ ဒီထိပ္သီး ေဆြးေႏြးပြဲကိုေတာ့ ဒီႏွစ္မွာ အြန္လိုင္းကေန ေဆြးေႏြးခဲ႔တာ ျဖစ္ၿပီး အေမရိကန္ သမၼတ Biden လည္း တက္ေရာက္ခဲ႔တာပါ။ ဒီေဆြးေႏြးပြဲ တက္ေရာက္သူေတြ အေနနဲ႔ အျပဳသေဘာေဆာင္တဲ႔ အေၾကာင္းအရာေတြကိုဘဲ ေျပာဆိုေလ႔ ရွိၾကေၾကာင္း ႏုိင္ငံတကာ အျငင္းပြားမႈေတြနဲ႔ ဥပေဒေတြကို အဓိကထား ေလ႔လာသူ Hofstra တကၠသိုလ္က ပါေမာကၡ Julian Ku က ေျပာပါတယ္။
အမ်ားအားျဖင့္ေတာ့ အေရွ႕အာရွ ထိပ္သီး ေဆြးေႏြးပြဲဟာ ဆိုရင္ ဘယ္သူေတြ တက္သလဲ ဆိုတဲ႔ ကိစၥက အေရးႀကီး ကိစၥတရပ္ ျဖစ္ေၾကာင္း၊ ဥေရာပနဲ႔ အေရွ႕အလယ္ပိုင္းတို႔နဲ႔ ႏိႈင္းယွဥ္ၿပီး ဒီေဆြးေႏြးပြဲကို အေမရိကန္ဘက္က အေလးမထားတာ ၾကာၿပီဆိုလည္း စြပ္စြဲ ေျပာဆိုေနၾကတာ ျဖစ္ေၾကာင္း ပါေမာကၡ Ku က ဗီြအိုေအကို ေျပာပါတယ္။
ဒီႏွစ္ကေတာ့ အြန္လိုင္းကေန ေဆြးေႏြးပြဲ ျဖစ္တာေၾကာင့္ တက္ေရာက္ဖို႔က မခက္ခဲေၾကာင္း၊ ဒီကိစၥဟာ ဆိုရင္ အေရွ႕အာရွ ေဒသတြင္း အထူးသျဖင့္ အေရွ႕ေတာင္ အာရွ ေဒသမွာ အေမရိကန္ရဲ႕ ထိေတြ႔ ဆက္ဆံမႈ ပံုစံ အတြက္ လ ျဖစ္ေၾကာင္းလည္း သူက ေျပာပါတယ္။
အာဆီယံ အဖြဲ႔၀င္ ႏုိင္ငံ ၁၀ ႏုိင္ငံထဲက ၉ ႏုိင္ငံ ေခါင္းေဆာင္ေတြနဲ႔ အေမရိကန္ သမၼတ Biden တို႔ ေအာက္တိုဘာလ ၂၆ ရက္ေန႔ အဂၤါေန႔ ထိပ္သီး ေဆြးေႏြးပြဲ အတြင္းမွာလည္း အင္ဒို- ပစိဖိတ္ ေဒသတြင္း အေမရိကန္ရဲ႕ မဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္ရြက္မႈ တိုးခ်ဲ႕ေရး အတြက္ ေဒၚလာ ၁၀၂ သန္း ေပးအပ္မယ့္ အစီအစဥ္ကို သမၼတ Biden ေၾကညာခဲ႔ပါတယ္။
“ အာဆီယံဟာ မရွိမျဖစ္ ဆိုတာကို က်ေနာ္တို႔ အဓိက ထားပါတယ္။ အင္ဒို- ပစိဖိတ္ရဲ႕ ေဒသတြင္း တည္ေဆာက္မႈ အတြက္ မရွိမျဖစ္လို႔ က်ေနာ္ ေျပာလိုပါတယ္။ အာဆီယံရဲ႕ အေရးပါမႈကို အေမရိကန္ဘက္ကလည္း အခိုင္အမာ ပိုင္းျဖတ္ထားပါတယ္။ ဒီအခ်က္က အေရးႀကီးဆံုး အခ်က္ တခုျဖစ္ပါတယ္။ က်ေနာ္တို႔ မွ်ေ၀ေနတဲ႔ ေဒသရဲ႕ လံုျခံဳေရး၊ ႂကြယ္၀ တိုးတက္ေရးနဲ႔ တည္တံ႔ ခိုင္ၿမဲေရးကို ထိန္းထားႏိုင္ေရး အတြက္ အေရးႀကီးဆံုး အခ်က္တခု ျဖစ္ပါတယ္။ ”
ASEAN ထိပ္သီး ေဆြးေႏြးပြဲ အတြင္းမွာ ျမန္မာ ကိစၥ ေဆြးေႏြးခဲ႔ၾကသလိုဘဲ အေရွ႕အာရွ ေဆြးေႏြးပြဲ အတြင္းမွာလည္း ေခါင္းေဆာင္ေတြ အေနနဲ႔ ျမန္မာ ကိစၥကို စိတ္၀င္တစား ထပ္ၿပီး ေဆြးေႏြးၾကတဲ႔ အေနအထားရွိတယ္လို႔လည္း ပါေမာကၡ Ku က ေျပာပါတယ္။
ဒါေပမယ့္လည္း ေတာင္တရုတ္ ပင္လယ္ျပင္ အတြင္း တရုတ္ရဲ႕ စစ္ေရး လႈပ္ရွားမႈ တိုးလာတဲ႔ ကိစၥ၊ ထိုင္၀မ္ အေပၚ တရုတ္ အစိုးရရဲ႕ လုပ္ပံုကိုင္ပံု၊ လက္နက္ စမ္းသပ္မႈ ကိစၥလိုမ်ိဳး ေဒသတြင္း မူ၀ါဒ ေရးရာ ကိစၥမ်ားလို တကယ့္ ကိစၥရပ္ႀကီးေတြကိုေတာ့ ေဆြးေႏြးႏုိင္ဖြယ္ မရွိဘူးလို႔လည္း ပါေမာကၡ Ku က ေျပာပါတယ္။
တရုတ္ အေရးလို ဒါမွမဟုတ္လည္း တရုတ္ရဲ႕ လုပ္ရပ္ေတြလိုမ်ိဳး ခက္ခဲတဲ႔ ကိစၥေတြကိုေတာ့ အေရွ႕အာရွ ေဆြးေႏြးပြဲမွာ ကိုင္တြယ္ႏုိင္တဲ႔ ကိစၥမ်ိဳး မဟုတ္ဘူးလို႔လည္ သူက ေျပာပါတယ္။
(Unicode)
အမေရိကန် ဖော်ဆောင်မယ့် အင်ဒို - ပစိဖိတ် စီးပွားရေး မူဘောင်
အင်ဒို- ပစိဖိတ် စီးပွားရေး မူဘောင်တရပ် ဖော်ဆောင်ရေးကို မိတ်ဖက်တွေနဲ့ အတူ အမေရိကန်က ဆောင်ရွက်မယ့် အကြောင်း သမ္မတ အိမ်ဖြူတော်က အောက်တိုဘာလ ၂၇ ရက်နေ့ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။ အရှေ့အာရှ ဒေသတွင်းက အဓိက နိုင်ငံတွေနဲ့ အွန်လိုင်း ဆွေးနွေးပွဲ တက်ရောက်ပြီး သမ္မတ Joe Biden က အရှေ့အာရှ သံခင်းတမန်ခင်းကို ပြန်လည် ဝင်ရောက်လာချိန်မှာဘဲ အခုကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ Anita Powell နဲ့ Patsy Widakuswara တို့ရဲ့ သတင်းဆောင်းပါးကို အခြေခံပြီး ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။
မူဘောင်နဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကိုတော့ အမေရိကန် သမ္မတ အိမ်ဖြူတော်က မထုတ်ပြန်ပါဘူး။ ဒါပေမယ့်လည်း ဒီ မူဘောင်ဟာ ကုန်သွယ်ရေး လွယ်ကူ ချောမွေ့ရေး၊ ဒီဂျစ်တယ် စီးပွားရေးနဲ့ နည်းပညာ ဆိုင်ရာ စံသတ်မှတ်ချက်၊ ကုန်စည် စီးဆင်းမှု ခိုင်မာမှုရှိရေး၊ ကာဘွန် လျှော့ချရေးနဲ့ သန့်စင်တဲ့ စွမ်းအင်၊ အခြေခံ အဆောက်အဦ၊ လုပ်သား စံနှုန်းနဲ့ တခြားသော နှစ်ဘက် အကျိုးစီးပွားဆိုင်ရာ ကဏ္ဍတွေမှာ တူညီတဲ့ ရည်မှန်းချက်တွေကို ပြဌာန်းမှာ ဖြစ်တယ်လို့ သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။
တရားဝင် မူဝါဒ မချမှတ်ရသေးပေမယ်လို့လည်း အခု ကြေညာချက်ဟာဆိုရင် ဒေသတွင်း ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုမှာ အမေရိကန်တို့က တရုတ်ကို မမီ ဖြစ်နေတဲ့ ကိစ္စ အပေါ် စိုးရိမ်ချက်တွေ ဖြေလျော့ရေး အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့စီးပွားရေးရဲ့ ၃၀ ရာခိုင်နှုန်း နီးပါး ရှိတဲ့ အာရှ ပစိဖိတ် နိုင်ငံတွေကြား လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် ဖြစ်တဲ့ ဒေသတွင်း အလုံးစုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို တရုတ်က ထောက်ခံထားပြီး ဒီစာချုပ်မှာ အမေရိကန် မပါဝင်ပါဘူး။
မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေး ဌာနက အရှေ့တောင်အာရှ အရေး အထူးပြု သုံးသပ်သူ Greg Poling ကတော့ စီးပွားရေးဆိုင်ရာ နိုင်ငံရေး ဦးဆောင်မှုမှာ အားနည်းချက်ကြီး ဖြစ်နေတယ်ဆိုတာကို အစိုးရက သိရှိထားတယ်လို့ ပြောပါတယ်။ ပစိဖိတ် တလွှား ပူးပေါင်းဆောင်ရွက်မှု TPP နောက်ပိုင်း ဖြစ်လာတဲ့ CPTPP မှာ အမေရိကန်တို့ ပြန်လည် ပါဝင်လာဖို့ ဒေသ အနေနဲ့ အလိုလားဆုံး ဖြစ်ပြီး ဒီကိစ္စက ဖြစ်လာမှာ မဟုတ်ကြောင်း၊ ဒါကြောင့် အမေရိကန်တို့ အနေနဲ့ အခုလို မူဘောင်သစ် တရပ် အပြင် တခြား ရွေးချယ်စရာ မရှိ ဖြစ်စေတာလို့လည်း သူက ပြောပါတယ်။
အရှေ့အာရှ ထိပ်သီး ဆွေးနွေးပွဲကို အောက်တိုဘာလ ၂၇ ရက်နေ့မှာ သမ္မတ Biden အွန်လိုင်းက ပါဝင် တက်ရောက်ပြီးနောက်မှာ အခု ဆုံးဖြတ်ချက်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ အရှေ့အာရှ ထိပ်သီး ဆွေးနွေးပွဲ အတွင်း ASEAN ရဲ့ အလှည့်ကျ ဥက္ကဌ ဖြစ်တဲ့ ဘရူနိုင်း ဘုရင် Hassanal Bolkiah က ကပ်ဘေးရောဂါ ဖြေရှင်းရေးနဲ့ စီးပွားရေး ပြန်လည် ဦးမော့ရေးကို အလေးထားပြီး ပြောဆိုခဲ့ပါတယ်။
“ ဒီ နိုင်ငံ ၁၈ နိုင်ငံဟာ ကမ ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော်ကို ကိုယ်စားပြုပြီး ကမ ္ဘာ့ GDP - အသားတင် ထုတ်လုပ်မှုရဲ့ ၆၀ ရာခိုင်နှုန်းလောက်ရှိတာကြောင့် ကျနော်တို့ရဲ့ စုပေါင်း ဆောင်ရွက်မှုတွေက ကမ ္ဘာကြီး တခုလုံး အတွက် သိသိသာသာ ထိရောက်မှု ရှိအောင် ဆောင်ရွက်နိုင်ပါတယ်။ ”
“ရာသီဥတု ပြောင်းလဲမှုနဲ့ Covid-19 ကပ်ဘေးရောဂါလို အခက်အခဲ ပြသနာတွေဟာ ရှုပ်ထွေးလွန်းပြီး တနိုင်ငံတည်း ဖြေရှင်းလို့ မရနိုင်ပါဘူး။ ”
အရှေ့တောင် အာရှ နိုင်ငံများ အသင်း - ၁၀ နိုင်ငံက ဦးဆောင် ကျင်းပတဲ့ နှစ်ပတ်လည် အရှေ့အာရှ ထိပ်သီး ညီလာခံမှာတော့ အမေရိကန်၊ သြစတေးလျ၊ တရုတ်နဲ့ ရုရှား အပါအဝင် နိုင်ငံ ၁၈ နိုင်ငံ ပါဝင် ဆွေးနွေးကြတာ ဖြစ်ပါတယ်။ အရှေ့အာရှ ထိပ်သီး ညီလာခံမှာတော့ တရုတ်ဘက်က ရည်မှန်းချက် ကြီးထွားလာနေတဲ့ ကိစ္စ၊ မြောက်ကိုရီးယားဘက်က ပိုပြီး ရန်လိုလာတဲ့ ကိစ္စ၊ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး နောက်ပိုင်း အခြေအနေတို့လို ကိစ္စတွေကို ဆွေးနွေးကြတာ ဖြစ်ပါတယ်။
ASEAN လိုမျိုး နိုင်ငံငယ်တွေ ဦးစီးတဲ့ အဖွဲ့တခုမှာ အမေရိကန်ဘက်က ပါဝင်ဖို့ စိတ်အားထက်သန်းလာတဲ့ အချက်က သတိပြုဖွယ် ဖြစ်တယ်လို့ နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာနက သုတေသန ပညာရှင် Aaron Connelly က ပြောပါတယ်။ အမေရိကန် သမ္မတ တဦး လေးနှစ်တာ အတွင်းပထမဆုံး ပြန်လည် ပါဝင်တာလည်း ဖြစ်ပါတယ်။ သမ္မတဟောင်း Donald Trump က ၂၀၁၇ ခုနှစ် ထိပ်သီး ညီလာခံမှာ မိန့်ခွန်းပြောပေမယ့်လည်း ဆွေးနွေးပွဲ မတိုင်ခင်မှာ ပြန်လာခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ သူ့အစား အဆင့်မြင့် အရာရှိကြီးတွေကိုဘဲ စေလွှတ်ခဲ့ပါတယ်။
နှစ်ပတ်လည် အာဆီယံ ခေါင်းဆောင်များ ဆွေးနွေးပွဲ အပြီး ကျင်းပတဲ့ ဒီထိပ်သီး ဆွေးနွေးပွဲကိုတော့ ဒီနှစ်မှာ အွန်လိုင်းကနေ ဆွေးနွေးခဲ့တာ ဖြစ်ပြီး အမေရိကန် သမ္မတ Biden လည်း တက်ရောက်ခဲ့တာပါ။ ဒီဆွေးနွေးပွဲ တက်ရောက်သူတွေ အနေနဲ့ အပြုသဘောဆောင်တဲ့ အကြောင်းအရာတွေကိုဘဲ ပြောဆိုလေ့ ရှိကြကြောင်း နိုင်ငံတကာ အငြင်းပွားမှုတွေနဲ့ ဥပဒေတွေကို အဓိကထား လေ့လာသူ Hofstra တက္ကသိုလ်က ပါမောက္ခ Julian Ku က ပြောပါတယ်။
အများအားဖြင့်တော့ အရှေ့အာရှ ထိပ်သီး ဆွေးနွေးပွဲဟာ ဆိုရင် ဘယ်သူတွေ တက်သလဲ ဆိုတဲ့ ကိစ္စက အရေးကြီး ကိစ္စတရပ် ဖြစ်ကြောင်း၊ ဥရောပနဲ့ အရှေ့အလယ်ပိုင်းတို့နဲ့ နှိုင်းယှဉ်ပြီး ဒီဆွေးနွေးပွဲကို အမေရိကန်ဘက်က အလေးမထားတာ ကြာပြီဆိုလည်း စွပ်စွဲ ပြောဆိုနေကြတာ ဖြစ်ကြောင်း ပါမောက္ခ Ku က ဗွီအိုအေကို ပြောပါတယ်။
ဒီနှစ်ကတော့ အွန်လိုင်းကနေ ဆွေးနွေးပွဲ ဖြစ်တာကြောင့် တက်ရောက်ဖို့က မခက်ခဲကြောင်း၊ ဒီကိစ္စဟာ ဆိုရင် အရှေ့အာရှ ဒေသတွင်း အထူးသဖြင့် အရှေ့တောင် အာရှ ဒေသမှာ အမေရိကန်ရဲ့ ထိတွေ့ ဆက်ဆံမှု ပုံစံ အတွက် လ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။
အာဆီယံ အဖွဲ့ဝင် နိုင်ငံ ၁၀ နိုင်ငံထဲက ၉ နိုင်ငံ ခေါင်းဆောင်တွေနဲ့ အမေရိကန် သမ္မတ Biden တို့ အောက်တိုဘာလ ၂၆ ရက်နေ့ အင်္ဂါနေ့ ထိပ်သီး ဆွေးနွေးပွဲ အတွင်းမှာလည်း အင်ဒို- ပစိဖိတ် ဒေသတွင်း အမေရိကန်ရဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေး အတွက် ဒေါ်လာ ၁၀၂ သန်း ပေးအပ်မယ့် အစီအစဉ်ကို သမ္မတ Biden ကြေညာခဲ့ပါတယ်။
“ အာဆီယံဟာ မရှိမဖြစ် ဆိုတာကို ကျနော်တို့ အဓိက ထားပါတယ်။ အင်ဒို- ပစိဖိတ်ရဲ့ ဒေသတွင်း တည်ဆောက်မှု အတွက် မရှိမဖြစ်လို့ ကျနော် ပြောလိုပါတယ်။ အာဆီယံရဲ့ အရေးပါမှုကို အမေရိကန်ဘက်ကလည်း အခိုင်အမာ ပိုင်းဖြတ်ထားပါတယ်။ ဒီအချက်က အရေးကြီးဆုံး အချက် တခုဖြစ်ပါတယ်။ ကျနော်တို့ မျှဝေနေတဲ့ ဒေသရဲ့ လုံခြုံရေး၊ ကြွယ်၀ တိုးတက်ရေးနဲ့ တည်တံ့ ခိုင်မြဲရေးကို ထိန်းထားနိုင်ရေး အတွက် အရေးကြီးဆုံး အချက်တခု ဖြစ်ပါတယ်။ ”
ASEAN ထိပ်သီး ဆွေးနွေးပွဲ အတွင်းမှာ မြန်မာ ကိစ္စ ဆွေးနွေးခဲ့ကြသလိုဘဲ အရှေ့အာရှ ဆွေးနွေးပွဲ အတွင်းမှာလည်း ခေါင်းဆောင်တွေ အနေနဲ့ မြန်မာ ကိစ္စကို စိတ်ဝင်တစား ထပ်ပြီး ဆွေးနွေးကြတဲ့ အနေအထားရှိတယ်လို့လည်း ပါမောက္ခ Ku က ပြောပါတယ်။
ဒါပေမယ့်လည်း တောင်တရုတ် ပင်လယ်ပြင် အတွင်း တရုတ်ရဲ့ စစ်ရေး လှုပ်ရှားမှု တိုးလာတဲ့ ကိစ္စ၊ ထိုင်ဝမ် အပေါ် တရုတ် အစိုးရရဲ့ လုပ်ပုံကိုင်ပုံ၊ လက်နက် စမ်းသပ်မှု ကိစ္စလိုမျိုး ဒေသတွင်း မူဝါဒ ရေးရာ ကိစ္စများလို တကယ့် ကိစ္စရပ်ကြီးတွေကိုတော့ ဆွေးနွေးနိုင်ဖွယ် မရှိဘူးလို့လည်း ပါမောက္ခ Ku က ပြောပါတယ်။
တရုတ် အရေးလို ဒါမှမဟုတ်လည်း တရုတ်ရဲ့ လုပ်ရပ်တွေလိုမျိုး ခက်ခဲတဲ့ ကိစ္စတွေကိုတော့ အရှေ့အာရှ ဆွေးနွေးပွဲမှာ ကိုင်တွယ်နိုင်တဲ့ ကိစ္စမျိုး မဟုတ်ဘူးလို့လည် သူက ပြောပါတယ်။