သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံညီညွတ်မှု အိန္ဒိယအတွက် အရေးကြီးကြောင်း ဝန်ကြီးချုပ် Modi ပြောဆို


အိန္ဒိယဝန်ကြီးချုပ် နရိန္ဒြာ မိုဒီ ရဲ့အာဆီယံအွန်လိုင်းအစည်းအဝေးမြင်ကွင်း။ (အောက်တိုဘာ ၂၈၊ ၂၀၂၁)
အိန္ဒိယဝန်ကြီးချုပ် နရိန္ဒြာ မိုဒီ ရဲ့အာဆီယံအွန်လိုင်းအစည်းအဝေးမြင်ကွင်း။ (အောက်တိုဘာ ၂၈၊ ၂၀၂၁)

{{Zawgyi/Unicode}}

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ရဲ့ ညီညွတ်မှုနဲ့အချက်အချာကျမှုဟာ အိန္ဒိယအတွက် အရေးကြီးတဲ့ ဦးစားပေးတရပ်ဖြစ်တယ်လို့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ဒီကနေ့ပြောပါတယ်။

“အာဆီယံရဲ့ ညီညွတ်မှုနဲ့အချက်အချာကျမှုဟာ အိန္ဒိယအတွက် ထာဝရဦးစားပေးတရပ်အဖြစ်ရှိနေမှာပါ။ အာဆီယံရဲ့ အထူးအရေးပါတဲ့ကဏ္ဍဟာ အိန္ဒိယရဲ့ အရှေ့မျှော်မူဝါဒမှာပါဝင်ပြီး ဒေသတွင်းအတွက်ရော၊ အင်ဒို-ပစိဖိတ် ပင်လယ်ပြင်မူဝါဒအတွက်ပါ ပါဝင်ပါတယ်”လို့ ဝန်ကြီးချုပ် Modi ကပြောပါတယ်။

အိန္ဒိယနဲ့ အာဆီယံတို့ COVID-19 ကပ်ဘေးကာလအတွင်း ရှေ့ဆက် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ကြဖို့လည်း ဒီကနေ့လုပ်တဲ့ အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးအတွင်း ဝန်ကြီးချုပ် Modi က ပြောသွားပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် ထိပ်သီးအစည်းအဝေးတခုကို အာဆီယံရဲ့ လက်ရှိ အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက ကမကထပြုပြီး အွန်လိုင်းကနေ သုံးရက်ကြာ ကျင်းပခဲ့တာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့တုန်းကတော့ အာဆီယံ-ဂျပန်၊ အာဆီယံ-သြစတြေးလျ၊ အာဆီယံ + ၃ အဖြစ် အာဆီယံနဲ့ တရုတ်၊ ဂျပန်၊ ကိုရီးယား ထိပ်သီးအစည်းအဝေးတွေအပြင် အမေရိကန်သမ္မတ Joe Biden ပါဝင်တက်ရောက်တဲ့ အရှေ့အာရှ ထိပ်သီးအစည်းအဝေးတွေကို ကျင်းပခဲ့ပါတယ်။

ဒီအစည်းအဝေးတွေအတွင်း သမ္မတဘိုင်ဒန်အပါအဝင် ခေါင်းဆောင်တချို့က မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ အခြေအနေနဲ့ပတ်သက်ပြီးတော့လည်း ထည့်သွင်းပြောဆိုခဲ့ကြပါတယ်။

အာဆီယံညီညွတ်မှု အိန္ဒိယအတွက် အရေးကြီးကြောင်း ဝန်ကြီးချုပ် Modi ပြောဆို
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်


==========

{{Unicode}}









=================

XS
SM
MD
LG