သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“အာဆီယံ-ဥရောပထိပ်သီး မြန်မာမဖိတ်ရေး စဉ်းစားဖွယ်ရှိ” ကမ္ဘောဒီယားဝန်ကြီးချုပ်


အာဆီယံထိပ်သီး အွန်လိုင်းအစည်းအဝေးမှ ကမ္ဘောဒီးယားဝန်ကြီးချုပ်Hun Sen
အာဆီယံထိပ်သီး အွန်လိုင်းအစည်းအဝေးမှ ကမ္ဘောဒီးယားဝန်ကြီးချုပ်Hun Sen

{{Zawgyi/Unicode}}

နောက်လမှာကျင်းပမယ့် အာဆီယံ-ဥရောပ ထိပ်သီးညီလာခံမှာ မြန်မာကိုမဖိတ်ဖို့ စဉ်းစားနိုင်တယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်က အာဆီယံ ထိပ်သီးညီလာခံမှာ အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံက အာဆီယံ ထိပ်သီးအစည်းအဝေးကို ကိုယ် စားလှယ် မစေလွှတ်ဘဲ ပမာမခန့်ပြုခဲ့တာကို စိတ်မကောင်းဖြစ်မိကြောင်း ဖော်ပြပြီး ခုလို ပြောကြားခဲ့တာပါ။

ကမ္ဘောဒီးယားဟာ လာမယ့်နှစ်မှာ အာဆီယံဥက္ကဋ္ဌနေရာကို အလှည့်ကျယူရမှာ ဖြစ်ပါတယ်။ အာဆီယံ ထိပ်သီးညီလာခံတွေမှာ တရုတ်၊ ဂျပန်၊ သြစထြေးလျားတို့ ပါ တက်ရောက်ကြတဲ့အတွက် အစည်းအဝေးကို အာဆီယံ အပေါင်း ဆိုတဲ့ အသုံးအနှုံးနဲ့ ရည်ညွှန်း ပြောလေ့ရှိကြပါတယ်။ ဒီနှစ်မှာတော့ မြန်မာကြောင့် အာဆီယံ အနုတ်တစ် ဖြစ်သွားတယ်လို့ ဟွန်ဆန်က ပြောသွားပါတယ်။

ASEM လို့ အင်္ဂလိပ်လို အတိုသိကြတဲ့ အာဆီယံ-ဥရောပ ၁၃ ကြိမ်မြောက် ညီလာခံကို ကမ္ဘောဒီးယားက ဦးစီးပြီး အွန်လိုင်း ဗွီဒီယိုနဲ့ နိုဝင်ဘာ ၂၅-၂၆ ရက်နေ့ ကျင်းပမှာ ဖြစ်ပါတယ်။ အာရှနဲ့ဥရောပ တိုင်းပြည်စုစုပေါင်း ၅၀ ကျော် တက်ကြဖို့ ရှိပါတယ်။တကယ်လို့ မြန်မာစစ်ဗိုလ်ချုပ်တွေကို တက်ခွင့်ပေးခဲ့ရင် ဥရောပနိုင်ငံတွေက ခေါင်းဆောင်တွေ မတက်ကြတော့ဘဲ အဆင့်နိမ့် ကိုယ်စားလှယ်တွေကိုပဲ စေလွှတ်ကြမှာကို စိုးရိမ်နေကြပါတယ်လို့ သံတမန်တဦးက အေပီသတင်းဌာနကို ပြောပါတယ်။

ASEM ပင်မ အစည်းအဝေးကြီးနဲ့အတူ အင်န်ဂျီအိုတွေရဲ့ အာရှ ဥရောပ ပြည်သူ့ အစည်းအဝေး၊ အာရှ ဥရောပ ပါလီမန် မိတ်ဖက် အစည်းအဝေး၊ အာရှ ဥရောပ စီးပွါးရေး နဲ့ လုပ်ငန်းဆိုင်ရာ အစည်းအဝေး၊ အာရှ ဥရောပ အမျိုးသမီးအရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအစည်းအဝေး၊ အာရှ ဥရောပ အယ်ဒီတာများစကားဝိုင်းနဲ့ လူငယ်ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးနဲ့ ယဉ်ကျေးမှုပွဲတော် အစရှိတဲ့ ဘေးတိုက် တွဲလျက် အစည်းအဝေးနဲ့ ပွဲတော်တွေလည်း ကျင်းပမှာပါ။

============

{{Unicode}}






#MyanmarASEAN #MyanmarASEM #ASEAN #VOABurmese


============

XS
SM
MD
LG