သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာဟာ အာဆီယံရဲ႕ အေရးပါတဲ့အစိတ္အပိုင္းျဖစ္ - ဘ႐ူႏိုင္းဘုရင္


{{Zawgyi/Unicode}}


ျမန္မာႏိုင္ငံဟာ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း (ASEAN) ရဲ႕ အေရးပါတဲ့အစိတ္ အပိုင္းျဖစ္ၿပီး ျမန္မာႏိုင္ငံရဲ႕အဖြဲ႔ဝင္ျဖစ္မႈအေပၚ ေမးခြန္းထုတ္စရာေတာင္မလိုေၾကာင္း အာဆီယံ ထိပ္သီးစည္းေဝးပြဲကို ကမကထျပဳ က်င္းပခဲ့တဲ့ ဘ႐ူႏိုင္းဘုရင္ Hassanal Bolkiah က ဒီကေန႔ ေျပာၾကားလိုက္ပါတယ္။

ဒါ့အျပင္ အာဆီယံဟာ ျမန္မာႏိုင္ငံအတြက္ အၿမဲတမ္းရွိေနမွာျဖစ္သလို အာဆီယံနဲ႔ ျမန္မာအၾကား ရရွိထားတဲ့ အေျခခံမူေဘာင္ သေဘာတူညီခ်က္ (၅) ခ်က္ကို အေကာင္ အထည္ေဖာ္ေရးအတြက္ ဆက္လက္ ေဆာင္႐ြက္သြားမယ္လို႔လည္း ေျပာပါတယ္။

အာဆီယံနဲ႔ တ႐ုတ္ႏိုင္ငံအၾကား ဘက္စုံမဟာဗ်ဴဟာေျမာက္ မိတ္ဘက္ႏိုင္ငံေတြအျဖစ္ တိုးျမင့္သတ္မွတ္လိုက္ေၾကာင္း ဘ႐ူႏိုင္းဘုရင္က ဒီကေန႔ ေၾကညာခ်ိန္မွာပဲ ျမန္မာႏိုင္ ငံနဲ႔ပတ္သက္လို႔ သတင္းေထာက္ေတြရဲ႕အေမးကို အဲဒီလို ေျဖၾကားခဲ့တာပါ။ အာဆီယံဟာ ၾသစေတးလ်နဲ႔ မဟာဗ်ဴဟာေျမာက္ မိတ္ဘက္ႏိုင္ငံအျဖစ္ တိုးျမႇင့္ သတ္မွတ္ခဲ့ၿပီး ေနာက္တေန႔မွာပဲ တ႐ုတ္ႏိုင္ငံနဲ႔လည္း အလားတူ အဆင့္တိုးျမႇင့္လိုက္တာပါ။

တခ်ိန္တည္းမွာပဲ အခုတႀကိမ္က်င္းပတဲ့ စည္းေဝးပြဲကို ျမန္မာဘက္က မတက္တဲ့အတြက္ လာမယ့္ အစည္းေဝးေတြမွာ ျမန္မာႏိုင္ငံ တက္မယ္ မတက္ဘူးဆိုတာ မေသခ်ာေၾကာင္း မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah က ဒီကေန႔မွာပဲ ေျပာပါတယ္။

အာဆီယံအဖြဲ႔ဝင္အျဖစ္ ျမန္မာႏိုင္ငံ ဆက္ရွိေနမလားဆိုတဲ့ ေမးခြန္းကိုေတာ့ ဝန္ႀကီး Abdullah က ဒါဟာ ေျဖဆိုဖို႔ သိပ္ခက္ခဲတဲ့ေမးခြန္းသေဘာမ်ိဳး ရည္ၫႊန္းေျပာဆိုၿပီး သူ႔အေနနဲ႔ ေျဖဆိုႏိုင္ျခင္းမရွိဘူးလို႔ပဲ ေျပာခဲ့ပါတယ္။

ျမန္မာနဲ႔ အာဆီယံအၾကား ဧၿပီလအတြင္း သေဘာတူခဲ့ၾကတဲ့ အေျခခံမူေဘာင္ (၅) ခ်က္ကို ျမန္မာဘက္က အေကာင္အထည္ေဖာ္ဖို႔ ပ်က္ကြက္တဲ့အတြက္ ေအာက္တိုဘာလ ၁၆ ရက္ကေန ၂၈ ရက္ ဒီကေန႔အထိ ဘ႐ူႏိုင္းႏိုင္ငံက အိမ္ရွင္အျဖစ္ အြန္လိုင္းကေန လက္ခံက်င္းပတဲ့ အာဆီယံ ထိပ္သီးစည္းေဝးပြဲကို ျမန္မာစစ္ေခါင္းေဆာင္ကို မဖိတ္ဖို႔ အာဆီယံအဖြဲ႔က ဆုံးျဖတ္ခဲ့တာပါ။

ဒီ ထိပ္သီးစည္းေဝးပြဲမွာ ျမန္မာႏိုင္ငံကို ကိုယ္စားျပဳတက္ေရာက္ဖို႔အတြက္ ႏိုင္ငံေရးအရကိုယ္စားျပဳမႈမဟုတ္တဲ့ ႏိုင္ငံျခားေရးဌာနက အၿမဲတမ္းအတြင္းဝန္တဦးကို အာဆီယံဘက္က ဖိတ္ၾကားခဲ့ေပမယ့္ ျမန္မာႏိုင္ငံမွာ တိုင္းျပည္အာဏာသိမ္းယူထားတဲ့ စစ္တပ္အႀကီးအကဲ ဒါမွမဟုတ္ ျပည္ေထာင္စုအဆင့္ ဝန္ႀကီးတဦးဦး ထိပ္သီးစည္းေဝးပြဲကို တက္ေရာက္ခြင့္မျပဳရင္ ျမန္မာဘက္က ကိုယ္စားလွယ္ လႊတ္မွာမဟုတ္ဘူးလို႔ ထိပ္သီးအစည္းေဝးမစခင္ တရက္အလိုမွာ စစ္ေကာင္စီဘက္က တုံ႔ျပန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


=================

{{Unicode}}

မြန်မာဟာ အာဆီယံရဲ့ အရေးပါတဲ့အစိတ်အပိုင်းဖြစ် - ဘရူနိုင်းဘုရင်
မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ရဲ့ အရေးပါတဲ့အစိတ် အပိုင်းဖြစ်ပြီး မြန်မာနိုင်ငံရဲ့အဖွဲ့ဝင်ဖြစ်မှုအပေါ် မေးခွန်းထုတ်စရာတောင်မလိုကြောင်း အာဆီယံ ထိပ်သီးစည်းဝေးပွဲကို ကမကထပြု ကျင်းပခဲ့တဲ့ ဘရူနိုင်းဘုရင် Hassanal Bolkiah က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် အာဆီယံဟာ မြန်မာနိုင်ငံအတွက် အမြဲတမ်းရှိနေမှာဖြစ်သလို အာဆီယံနဲ့ မြန်မာအကြား ရရှိထားတဲ့ အခြေခံမူဘောင် သဘောတူညီချက် (၅) ချက်ကို အကောင် အထည်ဖော်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

အာဆီယံနဲ့ တရုတ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဘက်နိုင်ငံတွေအဖြစ် တိုးမြင့်သတ်မှတ်လိုက်ကြောင်း ဘရူနိုင်းဘုရင်က ဒီကနေ့ ကြေညာချိန်မှာပဲ မြန်မာနိုင် ငံနဲ့ပတ်သက်လို့ သတင်းထောက်တွေရဲ့အမေးကို အဲဒီလို ဖြေကြားခဲ့တာပါ။ အာဆီယံဟာ သြစတေးလျနဲ့ မဟာဗျူဟာမြောက် မိတ်ဘက်နိုင်ငံအဖြစ် တိုးမြှင့် သတ်မှတ်ခဲ့ပြီး နောက်တနေ့မှာပဲ တရုတ်နိုင်ငံနဲ့လည်း အလားတူ အဆင့်တိုးမြှင့်လိုက်တာပါ။

တချိန်တည်းမှာပဲ အခုတကြိမ်ကျင်းပတဲ့ စည်းဝေးပွဲကို မြန်မာဘက်က မတက်တဲ့အတွက် လာမယ့် အစည်းဝေးတွေမှာ မြန်မာနိုင်ငံ တက်မယ် မတက်ဘူးဆိုတာ မသေချာကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ဒီကနေ့မှာပဲ ပြောပါတယ်။

အာဆီယံအဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံ ဆက်ရှိနေမလားဆိုတဲ့ မေးခွန်းကိုတော့ ဝန်ကြီး Abdullah က ဒါဟာ ဖြေဆိုဖို့ သိပ်ခက်ခဲတဲ့မေးခွန်းသဘောမျိုး ရည်ညွှန်းပြောဆိုပြီး သူ့အနေနဲ့ ဖြေဆိုနိုင်ခြင်းမရှိဘူးလို့ပဲ ပြောခဲ့ပါတယ်။

မြန်မာနဲ့ အာဆီယံအကြား ဧပြီလအတွင်း သဘောတူခဲ့ကြတဲ့ အခြေခံမူဘောင် (၅) ချက်ကို မြန်မာဘက်က အကောင်အထည်ဖော်ဖို့ ပျက်ကွက်တဲ့အတွက် အောက်တိုဘာလ ၁၆ ရက်ကနေ ၂၈ ရက် ဒီကနေ့အထိ ဘရူနိုင်းနိုင်ငံက အိမ်ရှင်အဖြစ် အွန်လိုင်းကနေ လက်ခံကျင်းပတဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲကို မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်ဖို့ အာဆီယံအဖွဲ့က ဆုံးဖြတ်ခဲ့တာပါ။

ဒီ ထိပ်သီးစည်းဝေးပွဲမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတက်ရောက်ဖို့အတွက် နိုင်ငံရေးအရကိုယ်စားပြုမှုမဟုတ်တဲ့ နိုင်ငံခြားရေးဌာနက အမြဲတမ်းအတွင်းဝန်တဦးကို အာဆီယံဘက်က ဖိတ်ကြားခဲ့ပေမယ့် မြန်မာနိုင်ငံမှာ တိုင်းပြည်အာဏာသိမ်းယူထားတဲ့ စစ်တပ်အကြီးအကဲ ဒါမှမဟုတ် ပြည်ထောင်စုအဆင့် ဝန်ကြီးတဦးဦး ထိပ်သီးစည်းဝေးပွဲကို တက်ရောက်ခွင့်မပြုရင် မြန်မာဘက်က ကိုယ်စားလှယ် လွှတ်မှာမဟုတ်ဘူးလို့ ထိပ်သီးအစည်းဝေးမစခင် တရက်အလိုမှာ စစ်ကောင်စီဘက်က တုံ့ပြန်ခဲ့ပါတယ်။

#ASEAN #MyanmarMilitaryCoup #voaburmese #အာဆီယံ #စစ်အာဏာသိမ်းမှု #ဗွီအိုအေမြန်မာပိုင်း

=================

XS
SM
MD
LG