သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ်ထောက်ခံသူသံသယနဲ့ VOA ရုရှားသတင်းထောက် ၂ ဦး  ခေတ္တအလုပ်ရပ်ထားခံရ


Russian Gazprom-Media TV Channel NTV Logo
Russian Gazprom-Media TV Channel NTV Logo

{{Zawgyi/Unicode}}

VOA ရုရှားဌာနက သတင်းထောက်နှစ်ဦးကို အရင်က ရုရှားကိုထောက်ခံလိုလားတဲ့သတင်းဌာနမှာလုပ်ခဲ့သူတွေဖြစ်တဲ့အတွက်ဆိုပြီး စုံစမ်းစစ်ဆေးဖို့ ပြီးခဲ့တဲ့သောကြာနေ့က အလုပ်ကနေ ခွင့်နဲ့ အနားပေးထားပါတယ်။

သတင်းထောက် Harry Knyagnistsky နဲ့ Daria Davydov တို့နှစ်ဦးကို VOA ရုရှားဌာနက ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာငှါးရမ်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦး အရင်ကအလုပ်လုပ်ခဲ့တဲ့သတင်းဌာနမှာတုန်းက ရုရှားကယူကရိန်းကိုကျူးကျော်တဲ့စစ်ပွဲကို ထောက်ခံတဲ့ဝါဒဖြန့်တာတွေ ထုတ်လွှင့်ခဲ့တယ်လို့ နိုဝင်ဘာလထဲမှာ ရုရှားဌာနမှာရှိတဲ့သတင်းထောက် ဝန်ထမ်း ၉၂ ဦးထဲက ၁၅ ယောက်က လက်မှတ်ရေးထိုးတိုင်တန်းခဲ့ပါတယ်။

ယူကရိန်းသတင်းမီဒီယာလှုပ်ရှားမှုမှာပါဝင်တဲ့ သတင်းထောက်အယောက် ၂၀ လောက်ကလည်း ပြီးခဲ့တဲ့ ကြာသပတေးနေ့က Knyagnistsky ကိုအလုပ်ကနေဖယ်ရှားပေးဖို့ လက်မှတ်ရေးထိုးတောင်းဆိုခဲ့ပါတယ်။ ယူကရိန်းသတင်းမီဒီယာလှုပ်ရှားမှုအဖွဲ့က Knyagnistsky အရင်ကထုတ်လွှင့်ခဲ့တဲ့သတင်းတွေကိုပြန်လည်စီစစ်ပြီး သူ NTV သတင်းဌာနမှာလုပ်စဉ်က ရုရှားကိုလိုလားထောက်ခံတဲ့ ထုတ်လွှင့်ချက်တွေကို တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက် ပြီး VOA တာဝန်ရှိသူတွေကိုဆက်သွယ်မေးမြန်းရာမှာလည်း တိုက်ရိုက်ဖြေကြားခြင်းမရှိဘဲ ရုရှားအပါအဝင် ဖိနှိပ်မှုရှိတဲ့တိုင်းပြည် တွေက အတွေ့အကြုံရှိတဲ့သတင်းထောက်တွေကို ငှားရမ်းလေ့ရှိကြောင်းနဲ့ သူတို့အားလုံးဟာ အယ်ဒီတာတွေရဲ့ကြီးကြပ်မှုအောက်မှာ သတင်းထောက်တွေ လိုက်နာရမယ့်စည်းမျဉ်းတွေနဲ့အညီ အလုပ်လုပ်ကိုင်ကြရတာသာ ဖြစ်တယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့စနေနေ့က Harry Knyagnistsky နဲ့ Daria Davydov တို့ကို အီးမေးနဲ့ဆက်သွယ်ခဲ့ပေမယ့် ပြန်လည် ဖြေကြားခြင်းမရှိပါဘူး။

ဒါပေမယ့် Knyagnistsky က ဝါရှင်တန်ပို့စ်သတင်းစာကို ပြောဆိုခဲ့ရာမှာတော့ သူဟာ ရုရှားအတွက် ဝါဒဖြန့်ပေးခဲ့တယ်ဆိုတာကို ငြင်းဆိုထားပြီး ရုရှားကျူးကျော်စစ်နဲ့ပတ်သက်လို့ သတင်းထုတ်ပြန်မှုတွေကိုထိန်းချုပ်တဲ့အတွက် RTV1 ကနေနုတ်ထွက်ခဲ့တာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

================

{{Unicode}}








XS
SM
MD
LG