႐ုရွားႏိုင္ငံမွာ န်ဴကလီးယားလက္နက္ေတြ ပိုၿပီးပိုင္ဆိုင္ေအာင္ အာ႐ုံစိုက္လုပ္ေနတယ္လို႔ သမၼတ Vladimir Putin က ဒီကေန႔ ေျပာၾကားလိုက္ပါတယ္။ ႐ုရွားလက္နက္ကိုင္တပ္ဖြဲ႕မ်ားေန႔လည္းျဖစ္၊ တပ္နီေတာ္ တည္ေထာင္ျခင္းႏွစ္ပတ္လည္ေန႔လည္းျဖစ္တဲ့ ဒီေန႔ ေဖေဖာ္ဝါရီ ၂၃ ရက္ေန႔မွာ အဖေျမကို ကာကြယ္တိုက္ခိုက္ေနတဲ့ စစ္သားေတြကို သမၼတ Vladimir Putin က ခ်ီးက်ဳးစကားေျပာၾကားခဲ့တာပါ။ ႐ုရွားစစ္တပ္ေတြကို ေခတ္မွီစစ္လက္နက္ ပစၥည္းေတြ တပ္ဆင္ေပးသြားမွာျဖစ္ၿပီး Nuclear လက္နက္ေတြ ပိုၿပီးရွိေအာင္လုပ္သြားမယ္လို႔ ခုလိုေျပာၾကားခဲ့ပါတယ္။
“သုံးပြင့္ဆိုင္ န်ဴကလီးယားလက္နက္ပိုင္ဆိုင္ႏိုင္ေအာင္ က်ေနာ္တို႔ အထူး အာ႐ုံစိုက္ လုပ္ေဆာင္ေနပါတယ္။ အခုႏွစ္ထဲမွာ Sarmat ဒုံးက်ည္စနစ္ေတြကို ပိုအားေကာင္းတဲ့ စနစ္သစ္အျဖစ္ ေျပာင္းလဲၿပီး တိုက္ခိုက္ေရးအတြက္ အသင့္ျဖစ္ႏိုင္ေအာင္ လုပ္ေဆာင္ေနပါတယ္။ ေျမျပင္ကေန ေဝဟင္ကိုပစ္ႏိုင္တဲ့ အသံထက္ ၅ ဆျမန္တဲ့ Kinzhal ဒုံးက်ည္ေတြကို ဆက္တိုက္ ထုတ္လုပ္သြားမွာျဖစ္သလို ေရေအာက္ကေန ပစ္ႏိုင္တဲ့ အသံထက္ ၅ ဆျမန္တဲ့ Zircon ဒုံးက်ည္ေတြကို အေရအတြက္ အမ်ားအျပား စတင္ ထုတ္လုပ္ေနပါၿပီ။”
အေမရိကန္နဲ႔ ခ်ဳပ္ဆိုထားတဲ့ န်ဴကလီးယားလက္နက္ထိန္းခ်ဳပ္ေရးသေဘာတူညီခ်က္ကေန ႏႈတ္ထြက္တဲ့ သမၼတ ပူတင္ရဲ႕ ဆုံးျဖတ္ခ်က္ဟာ ႀကီးမားတဲ့ မွားယြင္းမႈျဖစ္ေၾကာင္း အေမရိကန္သမၼတ Joe Biden က ေျပာဆိုအၿပီး ေနာက္တေန႔မွာ သမၼတပူတင္က ႐ုရွားရဲ႕ န်ဴကလီးယား ပိုင္ဆိုင္မႈေတြကို တိုးျမင့္ လုပ္ေဆာင္သြားမယ္လို႔ ေျပာလိုက္တာျဖစ္ပါတယ္။
{Unicode}
Nuclear လက်နက်ပိုများအောင်လုပ်မယ်လို့ သမ္မတ Putin ပြော
ရုရှားနိုင်ငံမှာ နျူကလီးယားလက်နက်တွေ ပိုပြီးပိုင်ဆိုင်အောင် အာရုံစိုက်လုပ်နေတယ်လို့ သမ္မတ Vladimir Putin က ဒီကနေ့ ပြောကြားလိုက်ပါတယ်။ ရုရှားလက်နက်ကိုင်တပ်ဖွဲ့များနေ့လည်းဖြစ်၊ တပ်နီတော် တည်ထောင်ခြင်းနှစ်ပတ်လည်နေ့လည်းဖြစ်တဲ့ ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ အဖမြေကို ကာကွယ်တိုက်ခိုက်နေတဲ့ စစ်သားတွေကို သမ္မတ Vladimir Putin က ချီးကျုးစကားပြောကြားခဲ့တာပါ။ ရုရှားစစ်တပ်တွေကို ခေတ်မှီစစ်လက်နက် ပစ္စည်းတွေ တပ်ဆင်ပေးသွားမှာဖြစ်ပြီး Nuclear လက်နက်တွေ ပိုပြီးရှိအောင်လုပ်သွားမယ်လို့ ခုလိုပြောကြားခဲ့ပါတယ်။
“သုံးပွင့်ဆိုင် နျူကလီးယားလက်နက်ပိုင်ဆိုင်နိုင်အောင် ကျနော်တို့ အထူး အာရုံစိုက် လုပ်ဆောင်နေပါတယ်။ အခုနှစ်ထဲမှာ Sarmat ဒုံးကျည်စနစ်တွေကို ပိုအားကောင်းတဲ့ စနစ်သစ်အဖြစ် ပြောင်းလဲပြီး တိုက်ခိုက်ရေးအတွက် အသင့်ဖြစ်နိုင်အောင် လုပ်ဆောင်နေပါတယ်။ မြေပြင်ကနေ ဝေဟင်ကိုပစ်နိုင်တဲ့ အသံထက် ၅ ဆမြန်တဲ့ Kinzhal ဒုံးကျည်တွေကို ဆက်တိုက် ထုတ်လုပ်သွားမှာဖြစ်သလို ရေအောက်ကနေ ပစ်နိုင်တဲ့ အသံထက် ၅ ဆမြန်တဲ့ Zircon ဒုံးကျည်တွေကို အရေအတွက် အများအပြား စတင် ထုတ်လုပ်နေပါပြီ။”
အမေရိကန်နဲ့ ချုပ်ဆိုထားတဲ့ နျူကလီးယားလက်နက်ထိန်းချုပ်ရေးသဘောတူညီချက်ကနေ နှုတ်ထွက်တဲ့ သမ္မတ ပူတင်ရဲ့ ဆုံးဖြတ်ချက်ဟာ ကြီးမားတဲ့ မှားယွင်းမှုဖြစ်ကြောင်း အမေရိကန်သမ္မတ Joe Biden က ပြောဆိုအပြီး နောက်တနေ့မှာ သမ္မတပူတင်က ရုရှားရဲ့ နျူကလီးယား ပိုင်ဆိုင်မှုတွေကို တိုးမြင့် လုပ်ဆောင်သွားမယ်လို့ ပြောလိုက်တာဖြစ်ပါတယ်။