၂၀၂၄ ပါရီ ေႏြရာသီ အိုလံပစ္ ၿပိဳင္ပြဲမွာ ႐ုရွားနဲ႔ ဘယ္လာ႐ုစ္ ႏိုင္ငံတို႔ ကို ဖိတ္ၾကားခဲ့တဲ့အတြက္ ႏိုင္ငံတကာ အိုလံပစ္ ေကာ္မတီဟာ သမိုင္းရဲ႕ မွားယြင္းတဲ့ဘက္မွာ ေရာက္ရွိေနတယ္ဆိုတယ္ ဆိုတဲ့ ေျပာဆိုခ်က္ေတြကို ေကာ္မတီဥကၠ႒ Thomas Bach က ျငင္းဆို ပယ္ခ်လိုက္ပါတယ္။
ျပင္သစ္ႏိုင္ငံမွာ က်င္းပေနတဲ့ Alpine ကမာၻ႔ခ်န္ပီယံ ႏွင္းေလွ်ာစီးၿပိဳင္ပြဲမွာ သတင္းေထာက္ေတြကို ေဖေဖာ္ဝါရီ ၁၂ ရက္၊ တနဂၤေႏြေန႔က သူက ေျပာခဲ့တာ ျဖစ္ပါတယ္။ “ဆက္သြယ္ေရး လမ္းေၾကာင္းေတြ ဖြင့္ထားၿပီး၊ ဆက္သြယ္ဆက္ဆံဖို႔ ႀကိဳးကစားေနသူေတြနဲ႔ အထီးက်န္ထားၿပီး ခြဲျခားခ်င္သူေတြ၊ ဘယ္သူက ၿငိမ္းခ်မ္းေရးအတြက္ ပိုလုပ္ေနတယ္ဆိုတာကို သမိုင္းက ျပပါလိမ့္မယ္” လို႔ သူက ဆိုပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ အခန္းက႑က လူေတြကို အတူတကြ ေတြ႕ဖို႔ လုပ္ေပးတာပါပဲလို႔ သူက ေျပာပါတယ္။
အဲဒီလို ႀကိဳးစားခဲ့တဲ့အတြက္ ယူကရိန္းနဲ႔ မဟာမိတ္ေတြက ဇန္နဝါရီလကုန္ပိုင္း မွာ Bach ကို ေဝဖန္ခဲ့ၾကတာ ျဖစ္ပါတယ္။ ခုလို စစ္ပြဲ ျဖစ္ေနတဲ့အခ်ိန္မွာ ၾကားေနတယ္ဆိုတာ မရွိပါဘူး။ သူတို႔ရဲ႕ အေတြးအေခၚပိုင္းဆိုင္ရာ အက်ိဳးစီးပြါးေတြအတြက္ အာဏာရွင္ေတြက အားကစားကို မၾကာခဏ အသုံးခ်ၾကတယ္ဆိုတာ ကြၽန္ေတာ္တို႔ သိၾကပါတယ္လို႔ - ႏိုင္ငံတကာ အိုလံပစ္ ေကာ္မီတီဥကၠ႒ Thomas Bach က ေျပာပါတယ္။
႐ုရွားအားကစားသမားေတြရဲ႕ အလံေတာ္မွာ ေသြးစြန္းေနတယ္ဆိုတာ သိသာပါတယ္” လို႔ ယူကရိန္း သမၼတ Volodymyr Zelenskyy က ေျပာခဲ့ပါတယ္။ ပါရီ ၂၀၂၄ စည္း႐ုံးေရး ေကာ္မီတီ ဥကၠ႒ Tony Estanguet ကေတာ့ ယူကရိန္းကို ေထာက္ခံေၾကာင္း ဒါေပမဲ့ သူတို႔ ေကာ္မတီကေတာ့ ႏိုင္ငံတကာ အိုလံပစ္ေကာ္မတီရဲ႕ ဆုံးျဖတ္ခ်က္အေပၚမွာသာ မူတည္ေၾကာင္း ေျပာၾကားပါတယ္။
[Unicode]
ရုရှားနဲ့ ဘယ်လာရုစ်ကို ၂၀၂၄ နွေရာသီအိုလံပစ်ပွဲ ဖိတ်ကြားတဲ့အပေါ် အိုလံပစ်ကော်မီတီဥက္ကဋ္ဌ ခုံခံပြောကြား
၂၀၂၄ ပါရီ နွေရာသီ အိုလံပစ် ပြိုင်ပွဲမှာ ရုရှားနဲ့ ဘယ်လာရုစ် နိုင်ငံတို့ ကို ဖိတ်ကြားခဲ့တဲ့အတွက် နိုင်ငံတကာ အိုလံပစ် ကော်မတီဟာ သမိုင်းရဲ့ မှားယွင်းတဲ့ဘက်မှာ ရောက်ရှိနေတယ်ဆိုတယ် ဆိုတဲ့ ပြောဆိုချက်တွေကို ကော်မတီဥက္ကဋ္ဌ Thomas Bach က ငြင်းဆို ပယ်ချလိုက်ပါတယ်။
ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ Alpine ကမ္ဘာ့ချန်ပီယံ နှင်းလျှောစီးပြိုင်ပွဲမှာ သတင်းထောက်တွေကို ဖေဖော်ဝါရီ ၁၂ ရက်၊ တနင်္ဂနွေနေ့က သူက ပြောခဲ့တာ ဖြစ်ပါတယ်။ “ဆက်သွယ်ရေး လမ်းကြောင်းတွေ ဖွင့်ထားပြီး၊ ဆက်သွယ်ဆက်ဆံဖို့ ကြိုးကစားနေသူတွေနဲ့ အထီးကျန်ထားပြီး ခွဲခြားချင်သူတွေ၊ ဘယ်သူက ငြိမ်းချမ်းရေးအတွက် ပိုလုပ်နေတယ်ဆိုတာကို သမိုင်းက ပြပါလိမ့်မယ်” လို့ သူက ဆိုပါတယ်။ ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍက လူတွေကို အတူတကွ တွေ့ဖို့ လုပ်ပေးတာပါပဲလို့ သူက ပြောပါတယ်။
အဲဒီလို ကြိုးစားခဲ့တဲ့အတွက် ယူကရိန်းနဲ့ မဟာမိတ်တွေက ဇန်နဝါရီလကုန်ပိုင်း မှာ Bach ကို ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။ ခုလို စစ်ပွဲ ဖြစ်နေတဲ့အချိန်မှာ ကြားနေတယ်ဆိုတာ မရှိပါဘူး။ သူတို့ရဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ အကျိုးစီးပွါးတွေအတွက် အာဏာရှင်တွေက အားကစားကို မကြာခဏ အသုံးချကြတယ်ဆိုတာ ကျွန်တော်တို့ သိကြပါတယ်လို့ - နိုင်ငံတကာ အိုလံပစ် ကော်မီတီဥက္ကဋ္ဌ Thomas Bach က ပြောပါတယ်။
ရုရှားအားကစားသမားတွေရဲ့ အလံတော်မှာ သွေးစွန်းနေတယ်ဆိုတာ သိသာပါတယ်” လို့ ယူကရိန်း သမ္မတ Volodymyr Zelenskyy က ပြောခဲ့ပါတယ်။ ပါရီ ၂၀၂၄ စည်းရုံးရေး ကော်မီတီ ဥက္ကဋ္ဌ Tony Estanguet ကတော့ ယူကရိန်းကို ထောက်ခံကြောင်း ဒါပေမဲ့ သူတို့ ကော်မတီကတော့ နိုင်ငံတကာ အိုလံပစ်ကော်မတီရဲ့ ဆုံးဖြတ်ချက်အပေါ်မှာသာ မူတည်ကြောင်း ပြောကြားပါတယ်။