သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

မသန္စြမ္း အားကစားပဲြေတာ္ ၿငိမ္းခ်မ္းေရးေမွ်ာ္လင္႔ခ်က္နဲ႔ ၿပီးဆံုး


ႏိုင္ငံတကာ မသန္စြမ္းသူမ်ား အားကစားၿပိဳင္ပဲြ ပိတ္ပြဲအခမ္းအနား က်င္းပရာ ေဘဂ်င္းအမ်ဳိးသားအားကစားကြင္းႀကီး။ (မတ္ ၁၃၊ ၂၀၂၂)

(Zawgyi / Unicode)

တ႐ုတ္ႏိုင္ငံမွာ က်င္းပေနတဲ့ ေဆာင္းရာသီ ႏိုင္ငံတကာ မသန္စြမ္းသူမ်ား အားကစားၿပိဳင္ပဲြႀကီးအတြက္ မေန႔ တနဂၤေႏြေန႔က ပိတ္ပဲြအခမ္းအနား က်င္းပခဲ့ပါတယ္။ အဲဒီအခမ္းအနားမွာ ႏိုင္ငံတကာ မသန္စြမ္းသူမ်ားဆိုင္ရာ ေကာ္မတီ (IPC) ဥကၠ႒က ၿငိမ္းခ်မ္းေရးေမွ်ာ္လင့္ခ်က္ဆိုၿပီး ေျပာၾကားခဲ့ေပမယ့္ ယူကရိန္းအေပၚ ႐ုရွားရဲ႕ က်ဴးေက်ာ္စစ္ကို တိုက္႐ုိက္ေဝဖန္ေျပာဆိုဖို႔ ေရွာင္ၾကည္ခဲ့ပါတယ္။

ေဘဂ်င္း ေဆာင္းရာသီ အိုလံပစ္ပဲြ ျပဳလုပ္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံဟာ ေဆာင္းရာသီ မသန္စြမ္းသူမ်ား အားကစားပဲြေတာ္ကို သီတင္းေျခာက္ပတ္ၾကာ အိမ္ရွင္အျဖစ္ လက္ခံက်င္းပခဲ့ပါတယ္။

႐ုရွားက်ဴးေက်ာ္စစ္ကို ဆန္႔က်င္တဲ့အေနနဲ႔ အိုလံပစ္ အားကစားၿပိဳင္ပဲြေတြကေန ႐ုရွားနဲ႔ ဘဲလာ႐ုစ္ အားကစားသမားေတြကို အေစာပိုင္းက ထုတ္ပယ္ၿပီးေနာက္ အခု တ႐ုတ္ အိုလံပစ္ အားကစားကြင္းမွာ ျပဳလုပ္တဲ့ ပိတ္ပဲြအခမ္းအနားမွာေတာ့ IPC ဥကၠ႒ Andrew Parsons က စည္းလံုးညီညြတ္မႈ ဆိုတဲ့ သေဘာမ်ဳိး ေျပာဆိုသြားပါတယ္။

“ဒီေနရာမွာ ကြာျခားခ်က္ေတြဟာ က်ေနာ္တို႔ကို ခဲြမထားပါဘူး” လို႔ သူက ေျပာၾကားခဲ့ပါတယ္။

ႏိုင္ငံတကာ မသန္စြမ္းသူမ်ား အားကစားပဲြေတာ္ ပိတ္ပဲြအခမ္းအနားကို တ႐ုတ္သမၼတ Xi Jinping လည္း တက္ေရာက္ခဲ့ပါတယ္။

မသန္စြမ္းသူမ်ား အားကစားၿပိဳင္ပဲြအတြက္ အေစာပိုင္းမွာ ႐ုရွားနဲ႔ ဘဲလာ႐ုစ္ အားကစားသမားေတြကို ပိတ္ပင္ဖို႔ ျငင္းဆန္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ ႐ုရွားအားကစားသမား ၇၁ ဦးနဲ႔ ဘဲလာ႐ုစ္ အားကစားသမား ၁၂ ဦးကို ေကာ္မတီက ထုတ္ပယ္ခဲ့တာ ျဖစ္ပါတယ္။

႐ုရွားက်ဴးေက်ာ္စစ္ကို ရင္ဆိုင္ေနရတဲ့ ယူကရိန္းႏိုင္ငံဘက္က အားကစားသမား ၂၀ ဦးသာ ပါဝင္ယွဥ္ၿပိဳင္ခဲ့ေပမယ့္ အိမ္ရွင္ တ႐ုတ္ႏိုင္ငံက စုစုေပါင္း ေရႊတံဆိပ္ ၁၈ ခုနဲ႔ ပထမၿပီးရင္ ယူကရိန္းက ပထမဆု စုစုေပါင္း ၁၁ ခုနဲ႔ ဒုတိယေနရာ ရခဲ့ပါတယ္။

ႏိုင္ငံတကာ မသန္စြမ္းသူမ်ား အားကစားၿပိဳင္ပဲြကို ျမန္မာဘက္က ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ေပမယ့္ ေရႊတံဆိပ္ဆု တဆုမွ ဆြတ္ခူးႏိုင္ခဲ့ျခင္း မရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

မသန်စွမ်း အားကစားပွဲတော် ငြိမ်းချမ်းရေးမျှော်လင့်ချက်နဲ့ ပြီးဆုံး

တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ ဆောင်းရာသီ နိုင်ငံတကာ မသန်စွမ်းသူများ အားကစားပြိုင်ပွဲကြီးအတွက် မနေ့ တနင်္ဂနွေနေ့က ပိတ်ပွဲအခမ်းအနား ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ နိုင်ငံတကာ မသန်စွမ်းသူများဆိုင်ရာ ကော်မတီ (IPC) ဥက္ကဋ္ဌက ငြိမ်းချမ်းရေးမျှော်လင့်ချက်ဆိုပြီး ပြောကြားခဲ့ပေမယ့် ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်စစ်ကို တိုက်ရိုက်ဝေဖန်ပြောဆိုဖို့ ရှောင်ကြည်ခဲ့ပါတယ်။

ဘေဂျင်း ဆောင်းရာသီ အိုလံပစ်ပွဲ ပြုလုပ်ခဲ့တဲ့ တရုတ်နိုင်ငံဟာ ဆောင်းရာသီ မသန်စွမ်းသူများ အားကစားပွဲတော်ကို သီတင်းခြောက်ပတ်ကြာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါတယ်။

ရုရှားကျူးကျော်စစ်ကို ဆန့်ကျင်တဲ့အနေနဲ့ အိုလံပစ် အားကစားပြိုင်ပွဲတွေကနေ ရုရှားနဲ့ ဘဲလာရုစ် အားကစားသမားတွေကို အစောပိုင်းက ထုတ်ပယ်ပြီးနောက် အခု တရုတ် အိုလံပစ် အားကစားကွင်းမှာ ပြုလုပ်တဲ့ ပိတ်ပွဲအခမ်းအနားမှာတော့ IPC ဥက္ကဋ္ဌ Andrew Parsons က စည်းလုံးညီညွတ်မှု ဆိုတဲ့ သဘောမျိုး ပြောဆိုသွားပါတယ်။

“ဒီနေရာမှာ ကွာခြားချက်တွေဟာ ကျနော်တို့ကို ခွဲမထားပါဘူး” လို့ သူက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ မသန်စွမ်းသူများ အားကစားပွဲတော် ပိတ်ပွဲအခမ်းအနားကို တရုတ်သမ္မတ Xi Jinping လည်း တက်ရောက်ခဲ့ပါတယ်။

မသန်စွမ်းသူများ အားကစားပြိုင်ပွဲအတွက် အစောပိုင်းမှာ ရုရှားနဲ့ ဘဲလာရုစ် အားကစားသမားတွေကို ပိတ်ပင်ဖို့ ငြင်းဆန်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရုရှားအားကစားသမား ၇၁ ဦးနဲ့ ဘဲလာရုစ် အားကစားသမား ၁၂ ဦးကို ကော်မတီက ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

ရုရှားကျူးကျော်စစ်ကို ရင်ဆိုင်နေရတဲ့ ယူကရိန်းနိုင်ငံဘက်က အားကစားသမား ၂၀ ဦးသာ ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့် အိမ်ရှင် တရုတ်နိုင်ငံက စုစုပေါင်း ရွှေတံဆိပ် ၁၈ ခုနဲ့ ပထမပြီးရင် ယူကရိန်းက ပထမဆု စုစုပေါင်း ၁၁ ခုနဲ့ ဒုတိယနေရာ ရခဲ့ပါတယ်။

နိုင်ငံတကာ မသန်စွမ်းသူများ အားကစားပြိုင်ပွဲကို မြန်မာဘက်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ရွှေတံဆိပ်ဆု တဆုမှ ဆွတ်ခူးနိုင်ခဲ့ခြင်း မရှိပါဘူး။

XS
SM
MD
LG