သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းသမၼတ Belgium မွာ EU ေခါင္းေဆာင္ေတြနဲ႔ေဆြးေႏြး 


ယူကရိန္းသမၼတ ဗေလာ္ဒီမာဇလန္းစကီးကို ဥေရာပသမဂၢေခါင္းေဆာင္မ်ားနဲ႔အတူ ေတြ႔ရစဥ္ (ေဖေဖာ္ဝါရီ ၉ ၊ ၂၀၂၃)

ယူကရိန္းသမၼတ ဗေလာ္ဒီမာဇလန္းစကီး (Volodymyr Zelensky) ဟာ Belgium ႏိုင္ငံ၊ Brussels ၿမိဳ႕မွာ က်င္းပေနတဲ့ အီးယူ ဥေရာပသမဂၢ ေခါင္းေဆာင္ေတြရဲ႕ ထိပ္သီးေဆြးေႏြးပြဲ တက္ေရာက္ခဲ့ၿပီးတဲ့ေနာက္ ယူကရိန္းႏိုင္ငံကို ဒီကေန႔ ျပန္ေတာ့မွာ ျဖစ္ပါတယ္။ အီးယူ ထိပ္သီးစည္းေ၀းပြဲ အၿပီးမွာေတာ့ သမၼတဇလန္းစကီးဟာ အီးယူေခါင္းေဆာင္ေတြနဲ႔အတူ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့ပါတယ္။

ယူကရိန္းကို အီးယူ အဖြဲ႔၀င္အျဖစ္ လက္ခံဖို႔ကိစၥနဲ႔ ယူကရိန္းအတြက္ တင့္ကားေတြ၊ ဂ်က္ တိုက္ေလယာဥ္ေတြနဲ႔ မစ္ဇိုင္းဒံုးက်ည္ေတြ ပိုမို ကူညီေထာက္ပံ့ေပးဖို႔ သမၼတဇလန္းစကီးက တိုက္တြန္း ေတာင္းဆိုေနတာပါ။ အေနာက္အုပ္စုႏိုင္ငံေတြက ယူကရိန္းကို တိုက္ေလယာဥ္ေတြ ကူညီေပးၾကဖို႔ သမၼတဇလန္းစကီးက သူ႔ခရီးစဥ္အတြင္း ၿဗိတိန္နဲ႔ အီးယူေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆုံစဥ္ ဖိအားေပး ေတာင္းဆိုခဲ့ပါတယ္။

႐ုရွားရဲ႕ က်ဴးေက်ာ္တိုက္ခိုက္မႈေတြနဲ႔ ရင္ဆိုင္ေနရတဲ့ သူ႔ႏိုင္ငံအတြက္ အကူအညီေတြ ပိုမို ရရွိဖို႔ သမၼတဇလန္းစကီးက ဥေရာပႏိုင္ငံေတြကို သြားေရာက္ေနတာမွာ ယူေကနဲ႔ ျပင္သစ္ႏိုင္ငံေတြကို သြားေရာက္ခဲ့ၿပီးပါၿပီ။ ဒီကေန႔ ျပင္သစ္ သမၼတ Emmanuel Macron နဲ႔အတူ ျပင္သစ္ကေန Brussels ၿမိဳ႕ကို ေရာက္လာတာပါ။ ဥေရာပ ပါလီမန္မွာေရာ၊ အီးယူ ထိပ္သီး ေဆြးေႏြးပြဲ အတြင္းမွာပါ သမၼတ Zelensky မိန္႔ခြန္းေျပာမယ့္အေၾကာင္း သမၼတ Macron ႐ံုးက ထုတ္ျပန္ပါတယ္။

ယူကရိန္းကို ႐ုရွား က်ဴးေက်ာ္ တိုက္ခိုက္တာ ၁ ႏွစ္ျပည့္ခါနီးအခ်ိန္ ယူကရိန္းအတြက္ စစ္ေရးအကူအညီေတြ ပိုရဖို႔အတြက္ ဥေရာပမဟာမိတ္ႏိုင္ငံေတြျဖစ္တဲ့ ၿဗိတိန္၊ ျပင္သစ္နဲ႔ ဘယ္လ္ဂ်ီယံ ႏိုင္ငံေတြကို ယူကရိန္းသမၼတ သြားေရာက္ေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ယူကရိန်းသမ္မတ Belgium မှာ EU ခေါင်းဆောင်တွေနဲ့ဆွေးနွေး

ယူကရိန်းသမ္မတ ဗလော်ဒီမာဇလန်းစကီး (Volodymyr Zelensky) ဟာ Belgium နိုင်ငံ၊ Brussels မြို့မှာ ကျင်းပနေတဲ့ အီးယူ ဥရောပသမဂ္ဂ ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ခဲ့ပြီးတဲ့နောက် ယူကရိန်းနိုင်ငံကို ဒီကနေ့ ပြန်တော့မှာ ဖြစ်ပါတယ်။ အီးယူ ထိပ်သီးစည်းဝေးပွဲ အပြီးမှာတော့ သမ္မတဇလန်းစကီးဟာ အီးယူခေါင်းဆောင်တွေနဲ့အတူ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ယူကရိန်းကို အီးယူ အဖွဲ့ဝင်အဖြစ် လက်ခံဖို့ကိစ္စနဲ့ ယူကရိန်းအတွက် တင့်ကားတွေ၊ ဂျက် တိုက်လေယာဉ်တွေနဲ့ မစ်ဇိုင်းဒုံးကျည်တွေ ပိုမို ကူညီထောက်ပံ့ပေးဖို့ သမ္မတဇလန်းစကီးက တိုက်တွန်း တောင်းဆိုနေတာပါ။ အနောက်အုပ်စုနိုင်ငံတွေက ယူကရိန်းကို တိုက်လေယာဉ်တွေ ကူညီပေးကြဖို့ သမ္မတဇလန်းစကီးက သူ့ခရီးစဉ်အတွင်း ဗြိတိန်နဲ့ အီးယူခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် ဖိအားပေး တောင်းဆိုခဲ့ပါတယ်။

ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ သူ့နိုင်ငံအတွက် အကူအညီတွေ ပိုမို ရရှိဖို့ သမ္မတဇလန်းစကီးက ဥရောပနိုင်ငံတွေကို သွားရောက်နေတာမှာ ယူကေနဲ့ ပြင်သစ်နိုင်ငံတွေကို သွားရောက်ခဲ့ပြီးပါပြီ။ ဒီကနေ့ ပြင်သစ် သမ္မတ Emmanuel Macron နဲ့အတူ ပြင်သစ်ကနေ Brussels မြို့ကို ရောက်လာတာပါ။ ဥရောပ ပါလီမန်မှာရော၊ အီးယူ ထိပ်သီး ဆွေးနွေးပွဲ အတွင်းမှာပါ သမ္မတ Zelensky မိန့်ခွန်းပြောမယ့်အကြောင်း သမ္မတ Macron ရုံးက ထုတ်ပြန်ပါတယ်။

ယူကရိန်းကို ရုရှား ကျူးကျော် တိုက်ခိုက်တာ ၁ နှစ်ပြည့်ခါနီးအချိန် ယူကရိန်းအတွက် စစ်ရေးအကူအညီတွေ ပိုရဖို့အတွက် ဥရောပမဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ဗြိတိန်၊ ပြင်သစ်နဲ့ ဘယ်လ်ဂျီယံ နိုင်ငံတွေကို ယူကရိန်းသမ္မတ သွားရောက်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG