=== [[ ZAWGYI ]] ===
ယူကရိန္း ျပန္လည္ထူေထာင္ေရး ကန္နဲ႔ အီးယူ ကူညီဖို႔ ကတိျပဳ
႐ုရွားရဲ႕ က်ဴးေက်ာ္စစ္နဲ႔ ဆက္လက္ ရင္ဆိုင္ေနရတဲ့ ယူကရိန္းႏိုင္ငံ ျပန္လည္ထူေထာင္ေရးအတြက္ ဆက္လက္ ေထာက္ပံ့ကူညီမယ့္ အေၾကာင္း ဥေရာပသမဂၢ တာဝန္ရွိသူေတြက ေသာၾကာေန႔မွာ ကတိျပဳလိုက္သလိုဘဲ အေမရိကန္ကလည္း ေနာက္ထပ္ ေဒၚလာ ၂ ဘီလ်ံေက်ာ္ လုံၿခဳံေရးဆိုင္ရာ ကူညီေထာက္ပံ့မႈကို ေၾကညာခဲ့ပါတယ္။ ဥေရာပေကာင္စီ အႀကီးအကဲ Charles Michel က ယူကရိန္းကို ခိုင္ခိုင္မာမာ ဆက္လက္ ပံ့ပိုးမယ့္ အေၾကာင္း ေသာၾကာေန႔မွာ ေျပာပါတယ္။
စစ္တပ္ကို ေထာက္ပံ့မႈ၊ ေက်ာင္းေတြ ေဆး႐ုံေတြနဲ႔ အေရးႀကီးတဲ့ အေျခခံ အေဆာက္အအုံေတြအတြက္ ေထာက္ပံ့မႈေတြ အပါအဝင္ စုစုေပါင္း ေထာက္ပံ့မႈဟာ ယူ႐ို ၆၀ ဘီလ်ံနီးပါး ရွိသြားၿပီ ျဖစ္ေၾကာင္း၊ စစ္ပြဲမွာ အႏိုင္ရေရး အတြက္ ကူညီေထာက္ပံ့ဖို႔ ပိုင္းျဖတ္ထားေၾကာင္း ဥေရာပေကာင္စီ အႀကီးအကဲက ေျပာဆိုပါတယ္။
ဥေရာပေကာင္စီ အႀကီးအကဲ Charles Michel ၊ ဥေရာပေကာ္မရွင္အႀကီးအကဲ Ursula von der Leyen နဲ႔ ယူကရိန္းသမၼတ Volodymyr Zelenskyy တို႔ Kyiv ၿမိဳ႕ေတာ္က ၂၄ ႀကိမ္ေျမာက္ EU - ယူကရိန္း ထိပ္သီးေတြ႕ဆုံပြဲမွာ ေတြ႕ဆုံၾကပါတယ္။ ယူကရိန္း လိုအပ္တဲ့ ကာလတေလွ်ာက္လုံး ဥေရာပသမဂၢက ကူညီမယ့္ အေၾကာင္းလည္း EU တာဝန္ရွိသူေတြက ေျပာဆိုၾကပါတယ္။
ယူကရိန္းႏိုင္ငံတြင္း ဆိုးဆိုး႐ြား႐ြား ပ်က္စီေနတဲ့ အေျခခံအေဆာက္အအုံေတြ ျပန္လည္ တည္ေဆာက္ေရး၊ စြမ္းအင္ ေထာက္ပံ့မႈနဲ႔ ေဆာင္းရာသီအလြန္ ကာလထိ လိုအပ္တဲ့ ဝန္ေဆာင္မႈေတြကိုလည္း ပံ့ပိုးမယ့္အေၾကာင္း ေသာၾကာေန႔က ထုတ္တဲ့ ပူးတြဲေၾကညာခ်က္မွာ ကတိျပဳထားပါတယ္။ အေမရိကန္ျပည္ေထာင္စုကလည္း ယူကရိန္းအတြက္ ေဒၚလာ ၂ ဒသမ ၁၇၅ ဘီလ်ံ တန္ဖိုးရွိ စစ္ေရးအကူအညီေတြ ေပးမယ့္အေၾကာင္း ေသာၾကာေန႔မွာ ေၾကညာထားပါတယ္။
=== {{ UNICODE }} ===
ယူကရိန်း ပြန်လည်ထူထောင်ရေး ကန်နဲ့ အီးယူ ကူညီဖို့ ကတိပြု
ရုရှားရဲ့ ကျူးကျော်စစ်နဲ့ ဆက်လက် ရင်ဆိုင်နေရတဲ့ ယူကရိန်းနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် ဆက်လက် ထောက်ပံ့ကူညီမယ့် အကြောင်း ဥရောပသမဂ္ဂ တာဝန်ရှိသူတွေက သောကြာနေ့မှာ ကတိပြုလိုက်သလိုဘဲ အမေရိကန်ကလည်း နောက်ထပ် ဒေါ်လာ ၂ ဘီလျံကျော် လုံခြုံရေးဆိုင်ရာ ကူညီထောက်ပံ့မှုကို ကြေညာခဲ့ပါတယ်။ ဥရောပကောင်စီ အကြီးအကဲ Charles Michel က ယူကရိန်းကို ခိုင်ခိုင်မာမာ ဆက်လက် ပံ့ပိုးမယ့် အကြောင်း သောကြာနေ့မှာ ပြောပါတယ်။
စစ်တပ်ကို ထောက်ပံ့မှု၊ ကျောင်းတွေ ဆေးရုံတွေနဲ့ အရေးကြီးတဲ့ အခြေခံ အဆောက်အအုံတွေအတွက် ထောက်ပံ့မှုတွေ အပါအဝင် စုစုပေါင်း ထောက်ပံ့မှုဟာ ယူရို ၆၀ ဘီလျံနီးပါး ရှိသွားပြီ ဖြစ်ကြောင်း၊ စစ်ပွဲမှာ အနိုင်ရရေး အတွက် ကူညီထောက်ပံ့ဖို့ ပိုင်းဖြတ်ထားကြောင်း ဥရောပကောင်စီ အကြီးအကဲက ပြောဆိုပါတယ်။
ဥရောပကောင်စီ အကြီးအကဲ Charles Michel ၊ ဥရောပကော်မရှင်အကြီးအကဲ Ursula von der Leyen နဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy တို့ Kyiv မြို့တော်က ၂၄ ကြိမ်မြောက် EU - ယူကရိန်း ထိပ်သီးတွေ့ဆုံပွဲမှာ တွေ့ဆုံကြပါတယ်။ ယူကရိန်း လိုအပ်တဲ့ ကာလတလျှောက်လုံး ဥရောပသမဂ္ဂက ကူညီမယ့် အကြောင်းလည်း EU တာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။
ယူကရိန်းနိုင်ငံတွင်း ဆိုးဆိုးရွားရွား ပျက်စီနေတဲ့ အခြေခံအဆောက်အအုံတွေ ပြန်လည် တည်ဆောက်ရေး၊ စွမ်းအင် ထောက်ပံ့မှုနဲ့ ဆောင်းရာသီအလွန် ကာလထိ လိုအပ်တဲ့ ဝန်ဆောင်မှုတွေကိုလည်း ပံ့ပိုးမယ့်အကြောင်း သောကြာနေ့က ထုတ်တဲ့ ပူးတွဲကြေညာချက်မှာ ကတိပြုထားပါတယ်။ အမေရိကန်ပြည်ထောင်စုကလည်း ယူကရိန်းအတွက် ဒေါ်လာ ၂ ဒသမ ၁၇၅ ဘီလျံ တန်ဖိုးရှိ စစ်ရေးအကူအညီတွေ ပေးမယ့်အကြောင်း သောကြာနေ့မှာ ကြေညာထားပါတယ်။