သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လယ်နက်က ရုရှားစစ်သင်္ဘောကို ယူကရိန်းလေတပ် ပစ်ခတ် ဖျက်ဆီး


 ယူကရိန်း သမ္မတ Volodymyr Zelensky
ယူကရိန်း သမ္မတ Volodymyr Zelensky

အီရန်လုပ် ဒရုန်းယာဉ်တွေ သယ်လာတယ်လို့ ယူဆရတဲ့ ရုရှားစစ်သင်္ဘောကို ပစ်ခတ် တိုက်ခိုက်လိုက်နိုင်တဲ့အတွက် ယူကရိန်း လေတပ်ကို သမ္မတ Volodymyr Zelensky က ကျေးဇူးတင်ကြောင်း ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ပင်လယ်နက်မှာရှိတဲ့ ရုရှား ရေတပ်အခြေစိုက်စခန်းကို ယူကရိန်းလေတပ်က ဒီကနေ့ အစောပိုင်းမှာ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။

ယူကရိန်းလေတပ်ရဲ့ တိုက်ခိုက်မှုကြောင့် Feodosia မှာ ရေတပ်စခန်းမှာရှိတဲ့ Novocherkassk စစ်သင်္ဘောကို ထိမှန် ပျက်ဆီးသွားကြောင်း ရုရှား ကာကွယ်ရေးဌာနကလည်း သတင်းထုတ်ပြန်ပါတယ်။ သူတို့အနေနဲ့ Cruise ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်သင်္ဘော ပျက်ဆီးသွားတယ်လို့ ယူကရိန်းလေတပ်က ပြောပါတယ်။ Feodosia က ရေတပ်စခန်း တိုက်ခိုက်ခံရပြီး မီးလောင်နေတဲ့ မှတ်တမ်းရုပ်သံကို ယူကရိန်းလေတပ်အကြီးအကဲက Telegram လူမှုကွန်ယက်မှာ ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုကြောင့် လူတဦး သေဆုံးပြီး နောက်ထပ် ၂ ဦးလည်း ထိခိုက် ဒဏ်ရာရသွားတယ်လို့ ရုရှားအစိုးရကခန့်ထားတဲ့ Crimea ဒေသ အုပ်ချုပ်ရေးမှူ Sergei Aksyonov ကလည်း Telegram လူမှုကွန်ယက်မှာ ထုတ်ဖော် ပြောဆိုထားပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ရုရှားသမ္မတ Vladimir Putin ကိုလည်း အသိပေးထားပြီးဖြစ်တယ်လို့ ရုရှားအခြေစိုက် သတင်းတွေမှာ ဖော်ပြပါတယ်။

ပင်လယ်နက်က ရုရှားစစ်သင်္ဘောကို ယူကရိန်းလေတပ် ပစ်ခတ် ဖျက်ဆီး
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG