သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအပေါ်ကျူးကျော်စစ်အတွင်း ရုရှားတပ်ဖွဲ့ဝင်ပေါင်း သုံးသိန်းကျော် ဆုံးရှုံး


Russia Ukraine War
Russia Ukraine War

ရုရှားက ယူကရိန်းကို စတင်ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ၂ နှစ် နီးပါးကြာကာလအတွင်း ရုရှားဘက်က တပ်ဖွဲ့ဝင် ၃ သိန်းခွဲလောက် သေဆုံးခဲ့တယ်လို့ The Kyiv Independent သတင်းစာက ဒီနေ့မှာ ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၁၂၅၀ အပါအဝင်၊ ရုရှားဘက်က တပ်ဖွဲ့ဝင် ၃၄၆,၀၇၀ သေဆုံးခဲ့တယ်လို့ ယူကရိန်းစစ်တပ်ဘက်က ပြောကြောင်း အဲဒီသတင်းစာကဖော်ပြပါတယ်။

ဒါ့အပြင် ရုရှားဟာ ဒီစစ်ပွဲကာလအတွင်း တင့်ကား ၅၇၃၉ စင်း၊ သံချပ်ကာကား ၁၀,၆၉၂ စင်း၊ တခြား မော်တော်ယာဉ် နဲ့ ဓါတ်ဆီလောင်စာဖြည့်ပေးတဲ့ ၁၀,၇၆၆ စင်း ဆုံးရှုံးခဲ့သလို၊ အမြောက် ၈၁၀၀ ကျော်၊ ဒုံးကျည်အမြောက်အမြား ပစ်လွှတ်လိုက်နိုင်တဲ့စနစ် ၉၀၀ ကျော် လေကြောင်းကာကွယ်ရေးစနစ် ၆၀၉ ခု လည်း ဆုံးရှုံးခဲ့ပါတယ်။ ဒါ့အပြင် လေယာဉ် ၃၂၄ စင်း နဲ့ ရဟတ်ယာဉ် ၃၂၄ စင်း အပါအဝင် ဒရုန်းယာဉ် ၆၂၀၀ ကျော် ၊ သင်္ဘော နဲ့ မော်တော်ဘုတ် ၂၂ စင်း နဲ့ ရေငုပ်သင်္ဘော ၁ စင်းလည်း ပျက်စီးသွားတယ်လို့ အဲဒီအစီရင်ခံစာ ဖော်ပြပါတယ်။

တချိန်တည်းမှာပဲ ယူကရိန်းရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို အားဖြည့်သွားမယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy မနေ့ စနေနေ့ညက ပြောတဲ့ နေ့စဉ်မိန့်ခွန်းထဲမှာ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ရုရှားဘက်က ပစ်လွှတ်လိုက်တဲ့ Shahed ဒုံးကျည် ၁၁၂ စင်းထဲက ၁၀၄ စင်းကို ယူကရိန်းဘက်က ပစ်ချနိုင်ခဲ့တယ်လို့လည်း ပြောလိုက်ပါတယ်။

XS
SM
MD
LG