သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

F-16 တိုက်လေယာဉ်တွေ ယူကရိန်းကို ပို့ဖို့ နယ်သာလန်ပြင်ဆင်

FILE - Ukrainian President Volodymyr Zelenskyy, second right, and Dutch caretaker Prime Minister Mark Rutte, center, look at F-16 fighter jets in Eindhoven, Netherlands, Aug. 20, 2023.
FILE - Ukrainian President Volodymyr Zelenskyy, second right, and Dutch caretaker Prime Minister Mark Rutte, center, look at F-16 fighter jets in Eindhoven, Netherlands, Aug. 20, 2023.

ယူကရိန်းနိုင်ငံကို F-16 တိုက်လေယာဉ် ၁၈ စင်း ပို့ပေးဖို့ စတင်ပြင်ဆင်နေပြီလို့ နယ်သာလန်နိုင်ငံက ဒီဇင်ဘာ ၂၂ ရက် သောကြာနေ့က ကြေညာခဲ့ပါတယ်။ ယူကရိန်းအတွက် စစ်ရေးအကူအညီပေးတဲ့နေရာမှာ အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေ ပေးပို့မယ့်ကိစ္စက အရေးအပါဆုံးဖြတ်တယ်လို့ ယာယီဝန်ကြီးချုပ် Mark Rutte က X လူမှုကွန်ရက်ပေါ်မှာ ရေးသားအသိပေးခဲ့တာဖြစ်ပါတယ်။

တိုက်လေယာဉ်တွေ ယူကရိန်းကို ရောက်အောင် ဘယ်တော့ပို့ပေးမယ်ဆိုတာကိုတော့ နယ်သာလန်ဝန်ကြီးချုပ်က အချိန်အတိအကျ မပြောပါဘူး။ ရုရှားကျူးကျော်တိုက်နေတဲ့ ယူကရိန်းကို စစ်ရေးအရ ထောက်ပံ့တဲ့အနေနဲ့ တိုက်လေယာဉ်တွေ ပေးမယ်လို့ နယ်သာလန်က ဩဂုတ်လထဲက ကတိပြုခဲ့တာဖြစ်ပြီး ယူကရိန်းလေယာဉ်မှူးတွေကို သင်တန်းပေးဖို့ တချို့ကို နိုဝင်ဘာမှာ ရိုမေးနီးယားနိုင်ငံကို ပို့ပေးခဲ့ပါတယ်။

တိုက်လေယာဉ်တွေကို ဘယ်လိုမောင်းနှင်ရမယ်ဆိုတာ ယူကရိန်းလေယာဉ်မှူးတွေ သင်တန်းတက်ပြီးရင် အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေ ယူကရိန်းကို ပို့ဆောက်ခွင့်ပြုမယ်လို့ အမေရိကန်က အတည်ပြုပြောပြီးနောက် ဒိန်းမတ်နဲ့ ဘယ်လ်ဂျီယံနိုင်ငံတွေ F-16 တိုက်လေယာဉ်တွေ ကူညီပေးမယ်လို့ ကတိပြုခဲ့ကြတာပါ။ နော်ဝေးနိုင်ငံကလည်း တိုက်လေယာဉ်တွေ ယူကရိန်းကို ပေးမယ်လို့ ကတိပြုထားပါတယ်။

အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ ယူကရိန်းကို နောက်ထပ်စစ်ရေးအကူအညီပေးရေး မရေမရာဖြစ်နေချိန်မှာ နယ်သာလန်က တိုက်လေယာဉ်တွေ ယူကရိန်းကို အရောက်ပို့နိုင်အောင် ပြင်ဆင်တာ ဖြစ်ပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ်ကို အောင်မြင်စွာ ခုခံတွန်းလှန်နိုင်ဖို့ လေကြောင်းရန် ကာကွယ်ရေးစနစ်အပြင် အခုလို အဆင့်မြင့် တိုက်လေယာဉ်တွေပါ လိုအပ်တယ်ဆိုပြီး ယူကရိန်းက အမေရိကန်နဲ့ အနောက်အုပ်စုနိုင်ငံတွေဆီက တောက်လျှောက် အကူအညီတောင်းနေပါတယ်။

This item is part of
XS
SM
MD
LG