သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားစစ်ကွပ်ကဲရေးလေယာဉ်နှစ်စင်း ယူကရိန်းဖျက်ချ


ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့များရဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဇာလူဇင်ညီ (Valeriy Zaluzhnyi) (Photo by Genya SAVILOV / AFP)
ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့များရဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဇာလူဇင်ညီ (Valeriy Zaluzhnyi) (Photo by Genya SAVILOV / AFP)

ရုရှားရဲ့တင်ကြိုသတိပေးထိန်းချုပ် လေယာဥ် ၂ စင်းကို ယူကရိန်းလေတပ်က ပစ်ချလိုက်တယ်လို့ ယူကရိန်းစစ်တပ်အကြီးအကဲက တနင်္လာနေ့က ပြောပါတယ်။

ရုရှားလေယာဥ်တွေဟာ မိုင် ၄၀၀ အကွာမှာရှိတဲ့ရန်သူကိုသိရှိနိုင်ပြီး မြေပြင်က တပ်တွေဆီ သတင်းပို့ပေးနိုင်ပါတယ်။ ယူကရိန်းမှာရှိတဲ့ရုရှားတပ်တွေကို လှုပ်ရှားရာမှာ ဒီလေယာဥ်တွေကို မရှိမဖြစ် အရေးပါပါ အသုံးပြုခဲ့တာပါ။ ပျက်ကျသွားတယ်ဆိုတဲ့ လေယာဥ် ၂ စင်းက A 50 အမျိုးအစားနဲ့ IL 22 အမျိုးအစား ထောက်လှမ်းရေးလေယာဥ်တွေ ဖြစ်ကြပါတယ်။ လေယာဥ်တွေကို ဘယ်လို ပစ်ချခဲ့တယ်ဆိုတာကိုတော့ ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့များရဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဇာလူဇင်ညီ (Valeriy Zaluzhnyi) က မပြောပါဘူး။

ယူကရိန်းဟာ အနောက်နိုင်ငံတွေဆီက လေကြောင်း ကာကွယ်ရေးစနစ်ကို ရရှိထားပါတယ်။ လူမှုမီဒီယာပေါ်မှာ သူ တွဲတင်ထားတဲ့ဗွီဒီယိုမှာတော့ ယူကရိန်း နဲ့ ရုရှားကြားမှာရှိတဲ့ အဇော့ဗ် (Azov) ပင်လယ်ပြင်မှာ လေယာဥ်ကို ဖမ်းယူသိနိုင်တဲ့စက်ပေါ်ကနေ ပျောက်သွားတာကို တွေ့ရပါတယ်။

အေ 50 လေယာဥ်ပေါ်မှာ လူ ၁၅ ယောက် လိုက်ပါ ထောက်လှမ်းတာပါ။ ရုရှားလေတပ်က စစ်ဆင်ရေးအတွက် အဲဒီလို လေယာဥ်မျိုး ၉ စင်းကိုသုံးနေပါတယ်။ ဒီ သတင်းနဲ့ပတ်သက်ပြီး ရုရှားစစ်တပ်က အတည်ပြုချက် ချက်ချင်း မရရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG