သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေအောက်ကပစ်နိုင်တဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးသစ် အသုံးပြုဖို့ ရုရှား အသင့်နီးပါးဖြစ်   


Russia Ukraine War Nuclear Risks
Russia Ukraine War Nuclear Risks

ရုရှားရဲ့ ပဲ့ထိန်းဒုံးကျည်စနစ်သစ် တမျိုးဖြစ်တဲ့ မြေအောက်ကနေ ပစ်လွှတ်နိုင်တဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်သစ်ဟာ တိုက်ခိုက်ရေး အတွက် အဆင်သင့်ဖြစ်လုနီးပါးဖြစ်နေပြီလို့ ကာကွယ်ရေးဝန်ကြီး Sergei Shoigu က စနေနေ့က ကြေညာလိုက်ပါတယ်။

ရုရှားရဲ့ ပဲ့ထိန်းဒုံးကျည်စနစ်သစ် တမျိုးဖြစ်တဲ့ မြေအောက်ကနေ ပစ်လွှတ်နိုင်တဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်သစ်ဟာ တိုက်ခိုက်ရေး အတွက် အဆင်သင့်ဖြစ်လုနီးပါးဖြစ်နေပြီလို့ ကာကွယ်ရေးဝန်ကြီး Sergei Shoigu က စနေနေ့က ကြေညာလိုက်ပါတယ်။
ရုရှားရဲ့ အဆင့်မြင့်လက်နက်တွေထဲက တခုဖြစ်တဲ့ ဆာမတ် (Sarmat) လို့ အမည်ပေးထားတဲ့ အဲဒီ ဒုံးကျည်သစ်တွေ ထုတ်လုပ်နေမှုကို သွားရောက်စစ်ဆေးပြီးနောက်မှာ ရုရှားကာကွယ်ရေးဝန်ကြီးက အခုလို ပြောခဲ့တာပါ။

ရုရှားရဲ့ မဟာဗျူဟာမြောက် အရေးပါတဲ့ မြေပြင်အခြေစိုက် နျူကလီးယားတပ်ဖွဲ့တွေရဲ့ အခြေခံဖြစ်လာမယ့် ဒီစနစ်သုံး ဒုံးကျည်တပ်ဖွဲ့တွေဟာ နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည်ကို အာမခံနိုင်ဖို့အတွက် ဦးစားပေး ဖြစ်တယ်” လို့ Sergei Shoigu က ပြောပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးရဲ့ အခုလို ပြောကြားချက်တွေက ယူကရိန်းစစ်ပွဲမှာ အနောက်အုပ်စုနဲ့ ထိပ်တိုက်ရင်ဆိုင်နေချိန် ရုရှားဘက်က နျူကလီးယား လက်နက် ဆက်စပ် စကားလုံးတွေ ပိုမို သုံးစွဲမှု ပြင်းထန်လာနေတာကိုလည်း ထင်ဟပ်နေပါတယ်။
NATO စစ်ဘက်မဟာမိတ်တွေက ကုဒ်အမည် “Satan” လို့ ခေါ်တဲ့ အဲဒီ ဆာမတ်လို့ (Sarmat) ဒုံးကျည်တွေဟာ အချိန်တို အတွင်း ပစ်လွှတ်နိုင်လို့ သူ့ရဲ့ ပျံသန်းမှုကို ခြေရာခံနိုင်ဖို့ ခက်ခဲပါတယ်။ တပြိုင်တည်းမှာပဲ ရုရှားနဲ့ ယူကရိန်း ကြား စနေနေ့က အပြန်အလှန် တိုက်ပွဲတွေ ဆက်ဖြစ်နေကြပါတယ်။

ခရိုင်းမီးယားကျွန်းဆွယ်ကို တိုက်ခိုက်ဖို့ ကြိုးပမ်းတဲ့ ယူကရိန်း ရဲ့ S-200 လေယာဉ်ပစ် ဒုံးကျည်ကို လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ထောက်လှမ်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပေမယ့် သီးခြား အတည်မပြုနိုင်သေးပါဘူး။
ယူကရိန်း၏ ပစ်ခတ်မှုကြောင့် ရုရှားနယ်စပ် Belgorod ဒေသမှာ လူတစ်ဦး သေဆုံးခဲ့ကြောင်း ရုရှာ ဒေသ အာဏာပိုင်တွေက ပြောပါတယ်။ မြို့တော် မော်စကိုမြို့အနီးမှာလည်း ယူကရိန်းဒရုန်းတစီးကို စနေနေ့အစောပိုင်းတွင် ပစ်ချခဲ့ကြောင်း ရုရှားနိုင်ငံပိုင်သတင်းအေဂျင်စီ TASS က ဖော်ပြခဲ့ပါတယ်။

တခါ ယူကရိန်းနိုင်ငံ အနောက်တောင်ပိုင် အိုဒက်ဆာ ဒေသမှာတော့ ညဖက် တိုက်ခိုက်တဲ့ ရုရှား ဒုံးကျည်ကြောင့် လူလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG