သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"စစ်ရာဇဝတ်မှုများ ရုရှား နေ့စဉ်ကျူးလွန်နေ" ကန်နိုင်ငံခြားရေးဝန်ကြီး


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကုလလုံခြုံရေးကောင်စီအဆင့်မြင့်အစည်းအဝေးမှာ မိန့်ခွန်းပြောကြားစကဥ်။​(စက်တင်ဘာ ၂၀၊ ၂၀၂၃)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကုလလုံခြုံရေးကောင်စီအဆင့်မြင့်အစည်းအဝေးမှာ မိန့်ခွန်းပြောကြားစကဥ်။​(စက်တင်ဘာ ၂၀၊ ၂၀၂၃)

ယူကရိန်းမှာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ရုရှားက နေ့တိုင်းလို ကျူးလွန်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာ မစ္စတာ အင်န်တော်နီ ဘလင်ကန် (Antony Blinken) က ပြောလိုက်တာဖြစ်ပါတယ်။

ဒီ အချိန်မှာပဲ အရှေ့အလယ်ပိုင်း အမေရိကန်လေတပ်တပ်မှူးကလည်း အီရန်နဲ့ ရုရှားကြား ဒရုန်းနည်းပညာမျှဝေပူးပေါင်းကြတာက စိုးရိမ်စရာဖြစ်တယ်လို့ ပြောပါတယ်။ ရုရှားက အီရန်ဒရုန်းတွေကို ယူကရိန်းမှာ အသုံးပြုခဲ့တဲ့သတင်းအချက်အလက်တွေကို အီရန်က ပြန်လည်ရရှိနိုင်ပြီး ဒါတွေကို ဆီးရီးယားအတွက် ပိုပြီးတိုက်စွမ်းရည်တက်လာအောင် အသုံးချနိုင်တယ်လို့ အဘူဒါဘီမှာ ဒုတိယ ဗိုလ်ချုပ်ကြီး အလက်ဆပ်စ် ဂရင်းကီးဝှချ် (Alexus Grynkewich) က ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

အီရန်ကနေ ရုရှားကို ယူကရိန်းမှာသုံးဖို့ ဒရုန်းတွေပို့ပေးနေတယ်ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲပြောဆိုချက်တွေကိုတော့ အီရန်ကငြင်းဆိုထားတာပါ။ ဒါပေမဲ့ အီရန်၊ ရုရှား ပူးပေါင်းဆောင်ရွက်ပြီး ဒရုန်းနည်းပညာပိုပြီးကောင်းလာတဲ့အကျိုးဆက်တွေကို ဆီးရီးယားမှာ သူတွေ့နေရတဲ့အကြောင်းကိုလည်း အမှတ် ၉ အမေရိကန် လေတပ်တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး အလက်ဆပ်စ်ကပြောပါတယ်။ “ဒါ ဟာ ကျနော်တို့ အလွန့်ကို နီးနီးကပ်ကပ် စောင့်ကြည့်နေတဲ့ကိစ္စဖြစ်ပါတယ်။ အီရန်-ရုရှား ဆက်ဆံရေးတိုးမြှင့်လာတာဟာ ကျနော်တို့အတွက် စစ်ရေးအရ ရတက်မအေးစရာဖြစ်ပါတယ်လို့လည်း ဒုတိယ ဗိုလ်ချုပ်ကြီး က ပြောသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG