သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငတ်မွတ်ခေါင်းပါးမှုဖြစ်လာစေမယ့်စစ်ရပ်ဖို့ ရုရှားကို ကန်တောင်းဆို


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က စားနပ်ရိက္ခာလုံခြုံရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းဝေးမှာ မိန့်ခွန်းပြောကြားစဥ်။ (သြဂုတ်လ ၃။ ၂၀၂၃)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က စားနပ်ရိက္ခာလုံခြုံရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းဝေးမှာ မိန့်ခွန်းပြောကြားစဥ်။ (သြဂုတ်လ ၃။ ၂၀၂၃)

ကြာသပတေးနေ့ကကျင်းပတဲ့ ကုလသမဂ္ဂရဲ့လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်က ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှုအပေါ် သက်ရောက်နေလို့ စစ်ပွဲကိုအဆုံးသတ်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထိနီ ဘလင်ကန်က တောင်းဆိုလိုက်ပါတယ်။

“စစ်ပွဲဟာ တရားမျှတမှု မရှိသလို ကျိုးကြောင်းဆင်ခြင်မဲ့” လုပ်ရပ် ဖြစ်ကြောင်း ဘလင်ကန်က ပြောပါတယ်။

“လုံခြုံရေး ကောင်စီအဖွဲ့ဝင်တိုင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်းက ရုရှားကို ပြောသင့်ပါတယ်။ ပင်လယ်နက်ကို အသုံးချပြီး အကျပ်ကိုင်နေတာ ရပ်တန်းကရပ်ဖို့ပါ။ ကမ္ဘာတဝန်းက ထိခိုက်နစ်နာသူတွေကို အသုံးချနေ နေတာကို ရပ်သင့်ပါပြီ။ အသိဉာဏ်ကင်းမဲ့တဲ့ မတရား စစ်ပွဲကို ရပ်သင့်ပါပြီ>” လို့ ဘလင်ကန်က ပြောသွားတာပါ။

ယူကရိန်းထွက် ကောက်ပဲသီးနှံ တန်ချိန် ၃၃ သန်းနီးပါးကို ပင်လယ်နက် ဆိပ်ကမ်းတွေကတဆင့် ကမ္ဘာကို တင်ပို့ရောင်းချခွင့်ပြုခဲ့တဲ့ တနှစ်တာ သဘောတူညီချက်က ရုရှားနုတ်ထွက်ခဲ့တာကို ရည်ညွှန်းပြီး ဘလင်ကန်က ပြောခဲ့တာပါ။

ဘလင်ကန်က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့တဲ့ ကမ္ဘာ့စားနပ်ရိက္ခာမလုံလောက်မှုနဲ့ပတ်သက်တဲ့ လုံခြုံရေးကောင်စီအစည်းအဝေး မှာ ကမ္ဘာတဝန်းက ပဋိပက္ခတွေနဲ့ ငတ်မွတ်ခေါင်းပါးမှု အကျပ်အတည်းကြား ဆက်စပ်မှုကို အလေးပေးပြောခဲ့ပြီး အကြမ်းဖက်မှုနဲ့ မငြိမ်မသက်မှုတွေကြောင့် မနှစ်က လူ ၁၁၇ သန်းဟာ အငတ်ဘေးဆိုက်ခဲ့ရတယ်လို့ ထောက်ပြပါတယ်။

ဒီ အစည်းအဝေးမှာ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံလုံးက သဘောတူတဲ့ စာမျက်နှာ (၄) မျက်နှာပါ လုံခြုံရေးကောင်စီဥက္ကဋ္ဌ ကြေညာချက်ကိုလည်း ထုတ်ပြန်နိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို လေးစားလိုက်နာဖို့နဲ့ အကူအညီလိုအပ်နေတဲ့ အရပ်သားတွေဆီ ထောက်ပံ့မှုတွေ အကန့်အသတ်မရှိ ဝင်ရောက်ခွင့်တွေတောင်းဆိုထားပြီး “လက်နက်ကိုင်ပဋိပက္ခနဲ့ စားနပ်ရိက္ခာမလုံလောက်မှုကြား အဆိုးသံသရာ” ကို ရပ်တန့်ဖို့ လိုအပ်ကြောင်း အလေးပေးဖော်ပြထားပါတယ်။

ငတ်မွတ်ခေါင်းပါးမှုဖြစ်လာစေမယ့်စစ်ရပ်ဖို့ ရုရှားကို ကန်တောင်းဆို
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG