သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လယ်နက်ဒေသ ကောက်နှံတင်ပို့မှု အစီစဉ် ပြန်စနိုင်ရေး ယူကရိန်းကြိုးပမ်း


FILE - Grain is offloaded from the Eaubonne bulk carrier ship after it docked in the port of Mombasa, Kenya, Nov. 26, 2022.
FILE - Grain is offloaded from the Eaubonne bulk carrier ship after it docked in the port of Mombasa, Kenya, Nov. 26, 2022.

ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ တူရကီသမ္မတ Recep Tayyip Erdoğan နဲ့ တယ်လီဖုန်း ဆက်သွယ်ပြီး ပင်လယ်နက်ဒေသတွင်း ကောက်နှံတင်ပို့မှုအစီစဉ် ပြန်လည် စတင်ရေး ပူးပေါင်းဆောင်ရွက်မှု လုပ်နိုင်အောင် ကြိုးစားခဲ့ပါတယ်။ ကောက်နှံတင်ပို့မှု အစီအစဉ်အတွက် တားဆီးပိတ်ဆို့မှုတွေ ဖယ်ရှားပစ်ရေးဟာ တကယ့်အရေးပါတဲ့ ဦးစားပေးလုပ်ရမယ့် အလုပ်ဖြစ်ကြောင်း သမ္မတ Zelenskyy က ပြောပါတယ်။

ဒီအစီစဉ်အတွက် ရုရှားဘက်က လက်မခံတဲ့လုပ်ရပ်ဟာ ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံရေးအတွက် နောက်တကြိမ် အခက်ကြုံစရာ ဖြစ်လာနိုင်ကြောင်းနဲ့ ဒါဟာ အာဖရိကနဲ့ အာရှဒေသက လူပေါင်း သန်း ၄၀၀ လောက်အတွက် အငတ်ဘေး ကြုံရနိုင်တာကြောင့် ဒါကို ပူးပေါင်းဖြေရှင်းပြီး ကမ္ဘာ့စားနပ်ရိက္ခာ ပြဿနာမဖြစ်အောင် ကြိုးစားရမှာ ဖြစ်ကြောင်း ပြောပါတယ်။

ဒါဟာ ကုလသမဂ္ဂ နိုင်ငံရေးဆိုင်ရာအကြီးအကဲ Rosemary DiCarlo ရဲ့ သောကြာနေ့ လုံခြုံရေးကောင်စီကို တင်ပြချက်နဲ့ ထပ်တူဖြစ်နေတာပါ။ DiCarlo က ယူကရိန်းရဲ့ ပင်လယ်နက်ဆိပ်ကမ်းမြို့တွေကို ရုရှား တိုက်ခိုက်နေတာဟာ ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံရေး၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ထိခိုက်စေတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပင်လယ်နက်ရေပြင်ထဲမှာ ရုရှားကရော ယူကရိန်းဘက်ကပါ အရပ်ဘက်သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ပုံ တွေ့နေရတာဟာ ခြိမ်းခြောက်မှုဖြစ်နေပြီး ဒါဟာ လက်ခံနိုင်စရာ မရှိဘူးလို့လည်း DiCarlo က ပြောပါတယ်။ တမင်ဖြစ်စေ မတော်တဆဖြစ်စေ ဘယ်လို စစ်ရေး လုပ်ဆောင်မှုမျိုးကြောင့်မှ ပဋိပက္ခဖြစ်လာစေမယ့် စစ်ရေးလုပ်ဆောင်မှုတွေကို မလုပ်ကြဖို့၊ လုံးဝ ရှောင်ကျဉ်ကြဖို့လည်း သူက သတိပေးခဲ့ပါတယ်။

သောကြာနေ့ မနက်ပိုင်းတုန်းက ယူကရိန်းတောင်ပိုင်းက ပင်လယ်နက်ဆိပ်ကမ်းမြို့ ဖြစ်တဲ့ Odesa က ကောက်နှံတင်ပို့မှုဆိုင်ရာ ကုန်လှောင်ရုံကို ရုရှားက ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ပင်လယ်နက်ဆိပ်ကမ်းက အဆောက်အအုံတွေကို ရုရှားက ပစ်ခတ်တိုက်ခိုက်နေတာ သောကြာနေ့အထိဆို ၃ ရက် ရှိနေပြီဖြစ်ပါတယ်။ ကောက်နှံ တင်ပို့ရာ ဂိုထောင်တွေ အတိုက်ခိုက်ခံခဲ့ရတာကြောင့် ပဲ တန်ချိန် ၁၀၀ ကျော်နဲ့ ဘာလီ တန်ချိန် ၂၀ ပျက်စီးခဲ့ရတယ်လို့ ဒေသအုပ်ချုပ်ရေးမှုး Oleh Kiper က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG