သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းပင်လယ်နက်ဆိပ်ကမ်း သင်္ဘောသွားလာမှု ရုရှားသတိပေး


ယူကရိန်းကောက်နှံတွေတင်ပို့ရာ Odessa ဆိပ်ကမ်း၊ ဧပြီ ၁၀၊ ၂၀၂၃
ယူကရိန်းကောက်နှံတွေတင်ပို့ရာ Odessa ဆိပ်ကမ်း၊ ဧပြီ ၁၀၊ ၂၀၂၃

ပင်လယ်နက်ထဲကတဆင့် ယူကရိန်းကောက်နှံတွေကို ပြည်ပတင်ပို့ရာမှာ ရုရှားရေတပ်က မနှောက်ယှက် မယ့် သဘောတူညီချက်ကို ရုရှားဖက်က ဖျက်သိမ်းလိုက်အပြီး နှစ်ရက်အကြာမှာပဲ၊ အဲဒီ ယူကရိန်း ဆိပ်ကမ်းနှစ်ခုကနေ သင်္ဘောတွေ အသွားအလာမှန်သမျှကို သတိပေးချက် ရုရှားကာကွယ်ရေး ဌာနက ထုတ်ပြန်လိုက်ပါတယ်။

ဇူလိုင်က ၂၀ရက်နေ့ ရုရှားမော်စကိုစံချိန်ညသန်းခေါင်ယံအချိန်ကစပြီး ယူကရိန်းဆိပ်ကမ်းကနေ ပင်လယ် နက်ထဲ သွားလာတဲ့ ရေယာဉ်မှန်သမျှကို စစ်ဖက်သုံးရေယာဉ်အဖြစ် သတ်မှတ်သဘောထားမှာ ဖြစ်တယ် လို့ ရုရှားကာကွယ်ရေးဌာနက ထုတ်ပြန်တာပါ။ ဒီသင်္ဘောတွေ စေလွှတ်သွားလာတဲ့ နိုင်ငံတွေကိုလည်း ယူကရိန်းပဋိပက္ခမှာ ယူကရိန်းဖက်က ရပ်တည်သူတွေအဖြစ် သဘောထားမယ်လို့လည်း ရုရှားက သတိပေးပါတယ်။

ဒီကြေညာချက်ကိုတော့ တယ်လီဂရမ် လူမှုကွန်ယက်မှာ ဖြန့်ချီထားပါတယ်။ ပင်လယ်နက်ထဲ နေရာ အတော်များများ မှာ ရေကြောင်းသွားလာမှု အန္တရာယ်ရှိတဲ့နေရာတွေအဖြစ် ယာယီသတ်မှတ်လိုက်တာ ကြောင့် ရေကြောင်းသွားလာမှုတွေ မလုပ်ကြဖို့ ရုရှားက သတိပေးပါတယ်။ ပင်လယ်နက်ထဲကနေ ယူကရိန်းကောက်နှံတင်သင်္ဘောတွေ ဘေးကင်းကင်းသွားလာနိုင်ရေး ရုရှားနဲ့သဘောတူညီချက်ရဖို့ ကုလသမဂ္ဂနဲ့ တူရကီနိုင်ငံတို့က မနှစ်က ကြားဝင်ညှိုနှိုင်းပေးခဲ့တာပါ။

အဲဒီအတွက် ယူကရိန်းကျူးကျော်စစ်စတင် ကတည်းက ယူကရိန်းဆိပ်ကမ်းတွေကို ရုရှားက ပိတ်ဆို့ထား တာကို ယာယီဖြေလျှော့ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီသဘောတူညီချက် သက်တမ်းတိုးမှုကို ဆက်ပြီး လက်မခံ တော့ဘူးလို့ ရုရှားက အခု တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။ ဒီသဘောတူညီမှု မနှစ်က ရခဲ့တာမို့ ကမ္ဘာတိုင်းပြည်အတာ်များများမှာ စားနိပ်ရက္ခာ ရှားပါးမှုနဲ့ ငွေကြေးဖောင်းပွမှုတွေကို သက်သာရစေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

အခု ဒီသဘောတူညီချက်ကြောင့် ကမ္ဘာပေါ်က ဆင်းရဲတဲ့ ဒေသတွေအတွက် စားနပ်ရိက္ခာ အခက်ကြုံလာ နိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးပါတယ်။ ယူကရိန်းနဲ့ ရုရှားဟာ ကမ္ဘာမှ ကောက်နှံတွေနဲ့ အခြေခံ စားကုန်တွေကို အဓိက တင်ပို့ပေးနေသူတွေဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG