သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား-မြန်မာ ဦးဆောင်တဲ့ အာဆီယံဒေသ ပူးတွဲစစ်ရေးလေ့ကျင့်မှု ရုရှားအရှေ့ခြမ်းမှာပြုလုပ်


အာဆီယံအပေါင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင် လုပ်ငန်းအဖွဲ့၏ မြေပြင်လက်တွေ့လေ့ကျင့်ခန်း (Field Training Exercise) (အောက်တိုဘာ ၁၊ ၂၀၂၃/ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေး)
အာဆီယံအပေါင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင် လုပ်ငန်းအဖွဲ့၏ မြေပြင်လက်တွေ့လေ့ကျင့်ခန်း (Field Training Exercise) (အောက်တိုဘာ ၁၊ ၂၀၂၃/ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေး)

ရုရှားနိုင်ငံ Vladivostok မှာ မြန်မာနဲ့ရုရှားက ဦးဆောင်ပြုလုပ်တဲ့ အာဆီယံပူးတွဲစစ်ရေးလေ့ကျင့်မှုကို အင်ဒိုနီးရှားအပါအဝင် ဒေသတွင်းနိုင်ငံတချို့ တက်ရောက်ပါတယ်။ စက်တင်ဘာလ ၂၆ ရက် ကနေ ၂၉ နေ့အထိပြုလုပ်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အင်ဒိုနီးရှားအနေနဲ့ ဖွင့်ပွဲနဲ့ နောက်ဆုံးရက် နှစ်ရက်ကိုပဲ တက်ရောက်ခဲ့တာလို့ အင်ဒိုနီးရှားစစ်တပ်က ဗွီအိုအေကို အတည်ပြုပါတယ်။

တရုတ်၊ အိန္ဒိယနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့လည်း ဒီ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တက်ရောက်ခဲ့ကြပါတယ်။

Justice for Myanmar ရဲ့ ထုတ်ပြန်ချက်တရပ်မှာတော့ မြန်မာစစ်ကောင်စီတပ်တွေနဲ့အတူ ပူးတွဲ စစ်ရေးလေ့ကျင့်ခဲ့တဲ့ နိုင်ငံတွေကို ဝေဖန်ရှုတ်ချပါတယ်။ ရုရှားနိုင်ငံပိုင်သတင်းတွေရဲ့ ဖော်ပြချက်အရဆိုရင် ဘရူနိုင်း၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မလေးရှား၊ ရုရှား၊ ထိုင်း၊ ဗီယက်နာမ်၊ ဖိလစ်ပိုင်နဲ့ မြန်မာစစ်တပ်တို့က ဒီ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်တယ်လို့ Justice Myanmar က ဖော်ပြပါတယ်။ ဒါပေမယ့် သူတို့ လေ့လာချက်အရဆိုရင် ရုရှား၊ မြန်မာစစ်တပ်၊ တရုတ်၊ အိန္ဒိယနဲ့ လာအိုနိုင်ငံတို့ကတပ်ဖွဲ့တွေ အဓိက ပါဝင်တယ်လို့ ဆိုပါတယ်။

မြန်မာစစ်ကောင်စီရဲ့ မြန်မာလူထုကို လက်နက်နဲ့ အကြမ်းဖက်စစ်ဆင်နေမှုတွေ၊ ဆိုးဆိုးဝါးဝါးလူ့အခွင့်အရေးချိုးဖောက်နေမှုတွေကို ထောက်ပြပြီး အကြမ်းဖက်မှုဆန့်ကျင်ရေးဆိုတဲ့ ခေါင်းစဉ် အောက်နေ မြန်မာစစ်ကောင်စီတပ်တွေနဲ့ စစ်ရေးအရ ပူးတွဲဆောင်ရွက်တာတွေကို Juice for Myanmar အဖွဲ့က ဆန့်ကျင်ကန့်ကွက်ခဲ့ပါတယ်။

ဩဂုတ်နဲ့ စက်တင်ဘာလတွေအတွင်း အာဆီယံကာကွယ်ရေးဝန်ကြီးများ(အပေါင်း) အကြမ်းဖက်မှုတိုက်ဖျက်ရေးအလုပ်အဖွဲ့ အစည်းအဝေးမှာ ရုရှားနဲ့မြန်မာဦီးဆောင်ပြုလုပ်မယ့် အဲဒီစစ်ရေးလေ့ကျင်မှုမှာပါဝင်ဖို့ လက်ခံခဲ့တာဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးခေါင်းစဉ်နဲ့ ဘုံအကျိုးစီးပွားတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ရေး မြှင့်တင်ဖို့ ရည်ရွယ်ချက်ဖြစ်တယ်လို့ အင်ဒိုနီးရှားပြောခွင့်ရသူက ရှင်းပြခဲ့ပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးခေါင်းစဉ်အောက်မှာ ရုရှားနဲ့မြန်မာကို ဦးဆောင်ခွင့်ပေးခြင်းအားဖြင့် နိုင်ငံတကာက ဝိုင်းပယ် ဖယ်ကျဉ်ခံထားရတဲ့ မြန်မာနဲ့ရုရှား စစ်ရေးအရပူးပေါင်းဆောင်ရွက်နိုင်ဖို့ အာဆီယံက အခွင့်ပေးလိုက်သလိုပဲလို့ Justice for Myanmar အဖွဲ့က ဝေဖန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG