သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွား-ျမန္မာ ဆက္ဆံေရးအေပၚ အကဲခတ္တခ်ိဳ႕အျမင္


႐ုရွားစီးပြားဖြံ႕ၿဖိဳးတိုးတက္မႈဌာနဝန္ႀကီး Mr Maxim Reshetnikov နဲ႔ စစ္ေကာင္စီေခါင္းေဆာင္တို႔ ေတြ႔ဆုံစဥ္ (Photo: SAC information)

===== [[ ZAWGYI ]] =====

႐ုရွား-ျမန္မာ ဆက္ဆံေရးအေပၚ အကဲခတ္တခ်ိဳ႕အျမင္

႐ုရွား စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈဝန္ႀကီးဌာန ဝန္ႀကီး Mr Maxim Reshetnikov နဲ႔ စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္တို႔ တနလၤာေန႔က ေနျပည္ေတာ္မွာ ေတြ႕ဆုံခဲ့ၿပီး စီးပြားေရးဆိုင္ရာ စာခ်ဳပ္ ၇ ခုကို လက္မွတ္ေရးထိုး ခဲ့တယ္လို႔ ျမန္မာစစ္ေကာင္စီက သတင္းထုတ္ျပန္ခဲ့ပါတယ္။ ႏိုင္ငံေရး ေလ့လာသူတခ်ိဳ႕ကေတာ့ ႐ုရွားနဲ႔ ျမန္မာစစ္တပ္တို႔ဟာ ဒီမိုကေရစီ လိုလားတဲ့ ႏိုင္ငံေတြရဲ႕ ပိတ္ဆို႔မႈေတြ တိုးလာခ်ိန္မွာ ႏိုင္ငံေရးလိုအပ္ခ်က္အရ နီးကပ္တဲ့ဆက္ဆံေရးကို အျပန္အလွန္ ထူေထာင္ေနၾကတယ္လို႔ ျမင္ပါတယ္။ ရန္ကုန္ကေပးပို႔ထားတဲ့ ႏိုင္ငံေရး ေလ့လာသူတခ်ိဳ႕ရဲ႕ အျမင္ကို မသိဂီထႋုက္က ေျပာျပမွာပါ။


ျမန္မာ စစ္ေကာင္စီဟာ လက္နက္နဲ႔ ေလာင္စာဆီအတြက္ ႐ုရွားကို မွီခိုလာရသလို တဖက္မွာလည္း ႐ုရွားက ယူကရိန္းစစ္ပြဲေၾကာင့္ ႏိုင္ငံတကာရဲ႕ ဆန႔္က်င္မႈကို ခံေနရၿပီး သူနဲ႔မဟာမိတ္အျဖစ္ ပူးေပါင္းႏိုင္မယ့္ ႏိုင္ငံေတြကို လိုအပ္လာခ်ိန္ ျဖစ္ပါတယ္။ ျမန္မာစစ္တပ္ဟာ ႏိုင္ငံတကာရဲ႕ အေရးယူ ပိတ္ဆို႔မႈေတြေၾကာင့္ သူ႔ႏိုင္ငံေရး လမ္းျပေျမပုံကို ေထာက္ခံမယ့္ အင္အားႀကီးႏိုင္ငံေတြကို လက္တေလာ လိုအပ္ေနတာျဖစ္ပါတယ္။ ဒါေၾကာင့္ ႐ုရွား-ျမန္မာ နီးကပ္လာမႈက အျပန္အလွန္ လိုအပ္ခ်က္အရ ပူးေပါင္းမႈတခုလို႔ျမင္ေၾကာင္း ႏိုင္ငံေရး ေလ့လာသုံးသပ္သူ ေဒါက္တာ စိုင္းၾကည္ဇင္စိုးက ဗြီအိုေအကို ေျပာပါတယ္။

" အဲလို သူတို႔က ႏိုင္ငံတကာက ပိတ္ဆို႔တဲ့ဟာမွာ သူတို႔ဘာေၾကာင့္ပိတ္တယ္၊ အဲဒီပိတ္ဆို႔မႈကို ေျပလြတ္ေအာင္၊ ေျဖရွင္းေအာင္ ျပင္ဆင္ျပဳျပင္တာထက္ ဒီလို ပိတ္ဆို႔တဲ့ဟာကို ဘယ္လိုမ်ိဳး ေက်ာ္လႊားလို႔ရမလဲဆိုတဲ့ အေျဖမ်ိဳးကို ရွာေလ့ရွာထရွိတယ္။ အဲလို ရွာေလ့ရွာထရွိတဲ့ ဟာထဲမွာ အေျဖတခုက ႐ုရွားပါတယ္၊ အဲလိုပဲ တ႐ုတ္ပါလာလိမ့္မယ္ တခ်ိန္က်ရင္။ အဲဒါက ၁၉၈၈ ေနာက္ပိုင္း အထူးသျဖင့္ ၁၉၉၆ေပါ့ ၉၄-၉၆ ကစၿပီးေတာ့ ျမန္မာႏိုင္ငံကို ပိတ္ဆို႔အေရးယူမႈေတြ လုပ္တဲ့အခ်ိန္မွာ အဲပုံစံအတိုင္းပဲ သူတို႔ပူးေပါင္းတယ္၊ ခ်ိတ္ဆက္တယ္၊ အေရးယူမႈေတြ ေက်ာ္လႊားႏိုင္ေအာင္ သူတို႔ႀကိဳးစားခဲ့ဖူးတယ္။ ဆိုေတာ့ အဲဒီပုံစံအတိုင္း ျပန္လုပ္တယ္လို႔ ေျပာလို႔ရတယ္။"

႐ုရွား စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈ ဝန္ႀကီးဌာန ဝန္ႀကီး Mr Maxim Reshetnikov နဲ႔ေတြ႕ဆုံတာမွာ ျပည္တြင္းက သံ၊ သံမဏိထုတ္လုပ္ေရး၊ စြမ္းအင္နဲ႔ တြင္းထြက္ပစၥည္း ထုတ္လုပ္ေရး လုပ္ငန္းေတြမွာ ပူးေပါင္း လုပ္ေဆာင္မယ့္ အေျခအေနေတြကို ေဆြးေႏြးခဲ့ၾကတယ္လို႔ ျမန္မာစစ္တပ္ဘက္က သတင္းထုတ္ျပန္ ထားပါတယ္။ ၿပီးေတာ့ ေလေၾကာင္းခရီးစဥ္နဲ႔ ခရီးသြားလုပ္ငန္း၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးနဲ႔ ေဆးဝါး လုပ္ငန္းေတြမွာလည္း ပူးေပါင္းၾကဖို႔ ေဆြးေႏြးခဲ့တယ္လို႔ ေရးသားထားပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၂၉ရက္ကလည္း စစ္ေကာင္စီနဲ႔ ႐ုရွား စစ္ဦးစီးခ်ဳပ္႐ုံး အႀကီးအကဲျဖစ္တဲ့ Kim Alexey Eostislavovich တို႔ ေနျပည္ေတာ္မွာ ေတြ႕ဆုံခဲ့ၿပီး အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး အပါအဝင္ စီးပြားေရးနဲ႔ နည္းပညာဆိုင္ရာေတြမွာ ႏွစ္ႏိုင္ငံ ပူးေပါင္း၊ လုပ္ေဆာင္ေနတယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။ ျမန္မာစစ္တပ္က ႐ုရွားကေန စစ္ရဟတ္ယာဥ္ေတြ ဝယ္ယူထားသလို ႏူကလီးယားစြမ္းအင္အတြက္ ႐ုရွားဆီက အကူအညီေတြ ေတာင္းခံထားတာပါ။ ရပ္ဆိုင္းထားခဲ့တဲ့ ပင္းပက္သံမဏိ စက္႐ုံကိုလည္း ႐ုရွားအကူအညီနဲ႔ ၂၀၂၁ခုႏွစ္ထဲမွာ ျပန္ဖြင့္ခဲ့ပါတယ္။

ႏိုင္ငံေရးမတည္ၿငိမ္လို႔ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ထြက္ခြာေနခ်ိန္မွာ အခုလို ႀကီးမားတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈေတြလုပ္ဖို႔ဆိုရင္ေတာ့ ခက္ခဲလိမ့္မယ္လို႔ အမည္မေဖာ္လိုတဲ့ ႏိုင္ငံေရးသုံးသပ္သူ တေယာက္က ဗြီအိုေအကို ေျပာပါတယ္။ ၿမိဳ႕ေပၚမွာေတာင္ ႏိုင္ငံေရးတည္ၿငိမ္ေအာင္ မထိန္းထားႏိုင္တဲ့ အေျခအေနမွာ နယ္စြန္နယ္ဖ်ားေတြ အထူးသျဖင့္ တိုင္းရင္းသားေဒသေတြမွာ လုပ္ရမယ့္ စီးပြားေရး လုပ္ငန္းေတြအတြက္ ပိုၿပီးခက္ခဲႏိုင္တယ္လို႔ သူကေျပာပါတယ္။

" စစ္တပ္ရဲ႕ ဝါဒျဖန႔္ခ်ီတဲ့ propaganda တရပ္ပဲလို႔ က်ေနာ္ျမင္ပါတယ္။ သူတို႔လုပ္ႏိုင္တယ္၊ သူတို႔ ေအာင္ျမင္ေနတယ္ ဆိုတဲ့ဟာမ်ိဳး ပြင့္ပြင့္လင္းလင္း ေျပာရရင္ ဒီလိုဝါဒ ျဖန႔္ခ်ီမႈမ်ိဳးကေတာ့ အမ်ားျပည္သူကိုေပးတဲ့ ဝါဒျဖန႔္ခ်ီမႈမ်ိဳးထက္ သူ႔စစ္တပ္ထဲမွာ သူ႔လူေတြကိုသူ ျပန္ၿပီး လိမ္ညာေနရတဲ့၊ ဝါဒျဖန႔္ေနရတဲ့ လုပ္ရပ္လို႔ပဲ က်ေနာ့အေနနဲ႔ ႐ိုး႐ိုးရွင္းရွင္း ျမင္ပါတယ္။"

႐ုရွားႏိုင္ငံလိုပဲ တ႐ုတ္နဲ႔ အိႏၵိယကလည္း ျမန္မာစစ္တပ္လိုအပ္ေနတဲ့ စစ္လက္နက္ အသုံးအေဆာင္ပစၥည္းေတြကို တဆင့္ခံျဖစ္ေစ၊ တိုက္႐ိုက္ျဖစ္ေစ ေရာင္းခ်ေနတဲ့အတြက္ ေဝဖန္ခံေနရပါတယ္။ ႏိုဝင္ဘာ ၂၂ရက္က အိႏၵိယ ႏိုင္ငံျခားေရးအတြင္းဝန္ ျမန္မာႏိုင္ငံကို လာေရာက္ခဲ့ၿပီး စစ္ေကာင္စီနဲ႔ ေတြ႕ဆုံခဲ့တာကို ရန္ကုန္အိႏၵိယသံ႐ုံးက twitter ကေန ေဖာ္ျပခဲ့တဲ့အတြက္လည္း ေဝဖန္ခံခဲ့ရပါတယ္။

ျမန္မာ့ႏိုင္ငံေရး ပဋိပကၡေၾကာင့္ တခ်ိဳ႕ ရင္းႏွီးျမႇဳပ္ႏွံသူေတြက ခ်ိန္ဆ၊ ေစာင့္ၾကည့္ေနခ်ိန္မွာပဲ အိႏၵိယ၊ တ႐ုတ္နဲ႔ ႐ုရွားအစိုးရကေတာ့ ျမန္မာစစ္တပ္နဲ႔ နီးကပ္တဲ့ ဆက္ဆံေရး ရွိေနဆဲျဖစ္ပါတယ္။ ျမန္မာစစ္တပ္အတြက္ စစ္လက္နက္ ပစၥည္းေတြလိုအပ္ေနသလို ဒီႏိုင္ငံေတြ အတြက္လည္း သူတို႔ရဲ႕ တႏိုင္ငံခ်င္းစီ အက်ိဳးစီးပြားအတြက္ ျမန္မာစစ္တပ္နဲ႔ ဆက္ဆံေနဦးမယ္လို႔ ႏိုင္ငံေရးေလ့လာသူေတြ၊ ေဆာင္းပါးရွင္ေတြက သုံးသပ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

===== {{ UNICODE }} =====

ရုရှား-မြန်မာ ဆက်ဆံရေးအပေါ် အကဲခတ်တချို့အမြင်

ရုရှား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီး Mr Maxim Reshetnikov နဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တနင်္လာနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး စီးပွားရေးဆိုင်ရာ စာချုပ် ၇ ခုကို လက်မှတ်ရေးထိုး ခဲ့တယ်လို့ မြန်မာစစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံရေး လေ့လာသူတချို့ကတော့ ရုရှားနဲ့ မြန်မာစစ်တပ်တို့ဟာ ဒီမိုကရေစီ လိုလားတဲ့ နိုင်ငံတွေရဲ့ ပိတ်ဆို့မှုတွေ တိုးလာချိန်မှာ နိုင်ငံရေးလိုအပ်ချက်အရ နီးကပ်တဲ့ဆက်ဆံရေးကို အပြန်အလှန် ထူထောင်နေကြတယ်လို့ မြင်ပါတယ်။ ရန်ကုန်ကပေးပို့ထားတဲ့ နိုင်ငံရေး လေ့လာသူတချို့ရဲ့ အမြင်ကို မသိဂီင်္ထိုက်က ပြောပြမှာပါ။


မြန်မာ စစ်ကောင်စီဟာ လက်နက်နဲ့ လောင်စာဆီအတွက် ရုရှားကို မှီခိုလာရသလို တဖက်မှာလည်း ရုရှားက ယူကရိန်းစစ်ပွဲကြောင့် နိုင်ငံတကာရဲ့ ဆန့်ကျင်မှုကို ခံနေရပြီး သူနဲ့မဟာမိတ်အဖြစ် ပူးပေါင်းနိုင်မယ့် နိုင်ငံတွေကို လိုအပ်လာချိန် ဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ နိုင်ငံတကာရဲ့ အရေးယူ ပိတ်ဆို့မှုတွေကြောင့် သူ့နိုင်ငံရေး လမ်းပြမြေပုံကို ထောက်ခံမယ့် အင်အားကြီးနိုင်ငံတွေကို လက်တလော လိုအပ်နေတာဖြစ်ပါတယ်။ ဒါကြောင့် ရုရှား-မြန်မာ နီးကပ်လာမှုက အပြန်အလှန် လိုအပ်ချက်အရ ပူးပေါင်းမှုတခုလို့မြင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဗွီအိုအေကို ပြောပါတယ်။

" အဲလို သူတို့က နိုင်ငံတကာက ပိတ်ဆို့တဲ့ဟာမှာ သူတို့ဘာကြောင့်ပိတ်တယ်၊ အဲဒီပိတ်ဆို့မှုကို ပြေလွတ်အောင်၊ ဖြေရှင်းအောင် ပြင်ဆင်ပြုပြင်တာထက် ဒီလို ပိတ်ဆို့တဲ့ဟာကို ဘယ်လိုမျိုး ကျော်လွှားလို့ရမလဲဆိုတဲ့ အဖြေမျိုးကို ရှာလေ့ရှာထရှိတယ်။ အဲလို ရှာလေ့ရှာထရှိတဲ့ ဟာထဲမှာ အဖြေတခုက ရုရှားပါတယ်၊ အဲလိုပဲ တရုတ်ပါလာလိမ့်မယ် တချိန်ကျရင်။ အဲဒါက ၁၉၈၈ နောက်ပိုင်း အထူးသဖြင့် ၁၉၉၆ပေါ့ ၉၄-၉၆ ကစပြီးတော့ မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှုတွေ လုပ်တဲ့အချိန်မှာ အဲပုံစံအတိုင်းပဲ သူတို့ပူးပေါင်းတယ်၊ ချိတ်ဆက်တယ်၊ အရေးယူမှုတွေ ကျော်လွှားနိုင်အောင် သူတို့ကြိုးစားခဲ့ဖူးတယ်။ ဆိုတော့ အဲဒီပုံစံအတိုင်း ပြန်လုပ်တယ်လို့ ပြောလို့ရတယ်။"

ရုရှား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဝန်ကြီး Mr Maxim Reshetnikov နဲ့တွေ့ဆုံတာမှာ ပြည်တွင်းက သံ၊ သံမဏိထုတ်လုပ်ရေး၊ စွမ်းအင်နဲ့ တွင်းထွက်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ ပူးပေါင်း လုပ်ဆောင်မယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာစစ်တပ်ဘက်က သတင်းထုတ်ပြန် ထားပါတယ်။ ပြီးတော့ လေကြောင်းခရီးစဉ်နဲ့ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆေးဝါး လုပ်ငန်းတွေမှာလည်း ပူးပေါင်းကြဖို့ ဆွေးနွေးခဲ့တယ်လို့ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ရက်ကလည်း စစ်ကောင်စီနဲ့ ရုရှား စစ်ဦးစီးချုပ်ရုံး အကြီးအကဲဖြစ်တဲ့ Kim Alexey Eostislavovich တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး အပါအဝင် စီးပွားရေးနဲ့ နည်းပညာဆိုင်ရာတွေမှာ နှစ်နိုင်ငံ ပူးပေါင်း၊ လုပ်ဆောင်နေတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ မြန်မာစစ်တပ်က ရုရှားကနေ စစ်ရဟတ်ယာဉ်တွေ ဝယ်ယူထားသလို နူကလီးယားစွမ်းအင်အတွက် ရုရှားဆီက အကူအညီတွေ တောင်းခံထားတာပါ။ ရပ်ဆိုင်းထားခဲ့တဲ့ ပင်းပက်သံမဏိ စက်ရုံကိုလည်း ရုရှားအကူအညီနဲ့ ၂၀၂၁ခုနှစ်ထဲမှာ ပြန်ဖွင့်ခဲ့ပါတယ်။

နိုင်ငံရေးမတည်ငြိမ်လို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာနေချိန်မှာ အခုလို ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ဆိုရင်တော့ ခက်ခဲလိမ့်မယ်လို့ အမည်မဖော်လိုတဲ့ နိုင်ငံရေးသုံးသပ်သူ တယောက်က ဗွီအိုအေကို ပြောပါတယ်။ မြို့ပေါ်မှာတောင် နိုင်ငံရေးတည်ငြိမ်အောင် မထိန်းထားနိုင်တဲ့ အခြေအနေမှာ နယ်စွန်နယ်ဖျားတွေ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ လုပ်ရမယ့် စီးပွားရေး လုပ်ငန်းတွေအတွက် ပိုပြီးခက်ခဲနိုင်တယ်လို့ သူကပြောပါတယ်။

" စစ်တပ်ရဲ့ ဝါဒဖြန့်ချီတဲ့ propaganda တရပ်ပဲလို့ ကျနော်မြင်ပါတယ်။ သူတို့လုပ်နိုင်တယ်၊ သူတို့ အောင်မြင်နေတယ် ဆိုတဲ့ဟာမျိုး ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီလိုဝါဒ ဖြန့်ချီမှုမျိုးကတော့ အများပြည်သူကိုပေးတဲ့ ဝါဒဖြန့်ချီမှုမျိုးထက် သူ့စစ်တပ်ထဲမှာ သူ့လူတွေကိုသူ ပြန်ပြီး လိမ်ညာနေရတဲ့၊ ဝါဒဖြန့်နေရတဲ့ လုပ်ရပ်လို့ပဲ ကျနော့အနေနဲ့ ရိုးရိုးရှင်းရှင်း မြင်ပါတယ်။"

ရုရှားနိုင်ငံလိုပဲ တရုတ်နဲ့ အိန္ဒိယကလည်း မြန်မာစစ်တပ်လိုအပ်နေတဲ့ စစ်လက်နက် အသုံးအဆောင်ပစ္စည်းတွေကို တဆင့်ခံဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ ရောင်းချနေတဲ့အတွက် ဝေဖန်ခံနေရပါတယ်။ နိုဝင်ဘာ ၂၂ရက်က အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး စစ်ကောင်စီနဲ့ တွေ့ဆုံခဲ့တာကို ရန်ကုန်အိန္ဒိယသံရုံးက twitter ကနေ ဖော်ပြခဲ့တဲ့အတွက်လည်း ဝေဖန်ခံခဲ့ရပါတယ်။

မြန်မာ့နိုင်ငံရေး ပဋိပက္ခကြောင့် တချို့ ရင်းနှီးမြှုပ်နှံသူတွေက ချိန်ဆ၊ စောင့်ကြည့်နေချိန်မှာပဲ အိန္ဒိယ၊ တရုတ်နဲ့ ရုရှားအစိုးရကတော့ မြန်မာစစ်တပ်နဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိနေဆဲဖြစ်ပါတယ်။ မြန်မာစစ်တပ်အတွက် စစ်လက်နက် ပစ္စည်းတွေလိုအပ်နေသလို ဒီနိုင်ငံတွေ အတွက်လည်း သူတို့ရဲ့ တနိုင်ငံချင်းစီ အကျိုးစီးပွားအတွက် မြန်မာစစ်တပ်နဲ့ ဆက်ဆံနေဦးမယ်လို့ နိုင်ငံရေးလေ့လာသူတွေ၊ ဆောင်းပါးရှင်တွေက သုံးသပ်နေကြပါတယ်။

XS
SM
MD
LG