သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကခ်င္ ႏွစ္ျခင္းခရစ္ယာန္အဖြဲ႔ခ်ဳပ္ အႀကီးအကဲ အရေးယူခံရဖယြ္ရွိ


ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ KBC ဥကၠဌ သိကၡာေတာ္ရဆရာေတာ္ ေဒါက္တာ ခလမ္ဆမ္ဆြမ္

ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ KBC ရဲ႕အႀကီးအကဲ သိကၡာေတာ္ရဆရာေတာ္ ေဒါက္တာ ခလမ္ဆမ္ ဆြမ္ကို စစ္ေကာင္စီက တရားစြဲဆိုဖို႔ ျပင္ဆင္ေနတယ္လို႔ KBC က ေျပာပါတယ္။ စစ္ေကာင္စီရဲ႕ ကခ်င္ျပည္နယ္ နယ္လုံဝန္ႀကီးက အစိုးရ႐ုံးမွာ KBC ေခါင္းေဆာင္ေတြကို ႔ေခၚေတြ႔ၿပီးေနာက္ ေဒါက္တာခလမ္ဆမ္ဆြမ္ကို ဖမ္းထားတယ္လို႔ အသိေပးခဲ့တာပါ။

[[ ZAWGYI ]]

ကခ်င္ ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ အႀကီးအကဲ အေရးယူခံရဖြယ္ရွိ

ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ KBC ရဲ႕အႀကီးအကဲ သိကၡာေတာ္ရဆရာ ေဒါက္တာ ခလမ္ဆမ္ ဆြမ္ကို စစ္ေကာင္စီက တရားစြဲဆိုဖို႔ ျပင္ဆင္ေနတယ္လို႔ KBC က VOA ကိုေျပာပါတယ္။ စစ္ေကာင္စီရဲ႕ ကခ်င္ျပည္နယ္ နယ္စပ္ေရးရာနဲ႔ လုံၿခဳံေရးဌာနဝန္ႀကီးက အစိုးရ႐ုံးမွာ KBC ေခါင္းေဆာင္ေတြကို ဒီဇင္ဘာ ၆ ရက္ အဂၤါေန႔ေခၚေတြ႕ၿပီးေနာက္ ေဒါက္တာခလမ္ဆမ္ဆြမ္ကို ဖမ္းဆီးထားတယ္ဆိုတာ အသိေပးခဲ့တာ ျဖစ္ပါတယ္။ ဒီသတင္း ရန္ကုန္ကေပးပို႔လာတာကို ကိုရဲမြန္က ေျပာျပမွာပါ။

ဒီဇင္ဘာ ၅ ရက္မနက္ ၉ နာရီခန႔္က ထိုင္းႏိုင္ငံကို ေဆးသြားကုဖို႔ မႏၲေလး အျပည္ျပည္ဆိုင္ရာေလဆိပ္‌ေရာက္ေနတဲ့ ေဒါက္တာခလမ္ဆမ္ဆြမ္ကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြက စစ္ေဆး ေမးျမန္းစရာရွိလို႔ဆိုၿပီး ဖမ္းဆီးေခၚယူသြားတာ ျဖစ္ပါတယ္။ ေျမာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ကို ေခၚေဆာင္သြားတာျဖစ္တယ္လို႔ KBC ကေျပာပါတယ္။ သူ႔ကို ဖမ္းဆီးၿပီး ၁ ရက္ေက်ာ္ အၾကာမွာေတာ့ ေဒါက္တာ ခလမ္ဆမ္ဆြမ္ကို တရားစြဲဆိုဖို႔ ျပင္ဆင္ေနၿပီလို႔ ကခ်င္ျပည္နယ္ဆိုင္ရာ (နယ္စပ္ေရးရာနဲ႔လုံၿခဳံေရးဌာန)နယ္/လုံက KBC တာဝန္ရွိသူေတြကို ေခၚေျပာခဲ့တာ ျဖစ္ပါတယ္။ ဒါေပမဲ့ ဘယ္လို႔ ပုဒ္မနဲ႔ စြဲမယ္ဆိုတာ မသိရဘူးလို႔ KBC တာဝန္ရွိသူတဦးက ဗြီအိုေအကိုေျပာပါတယ္။

" သက္ဆိုင္ရာကေန က်ေနာ္တို႔ကို ေခၚယူ အေၾကာင္းၾကားတာေပါ့။ သူတို႔ ထိန္းသိမ္းထားတဲ့ အေၾကာင္းေပါ့။ သူတို႔ စစ္ေဆးေမးျမန္းစရာရွိတယ္ သူတို႔ေျပာတာေတာ့ အမွား လုပ္ထားတာရွိလို႔ သူတို႔စစ္ေဆး ေမးျမန္းစရာ ရွိတယ္လို႔ေျပာတာေပါ့။ သူတို႔ အေရးယူဖို႔ေတာ့ရွိတယ္ အဲလိုေတာ့ အရိပ္အႁမြက္ရပါတယ္။ သူတို႔ဘာအမႈနဲ႔ စြဲမယ္ဆိုတာေတာ့ မသိရဘူး။"

ကခ်င္ျပည္နယ္ဆိုင္ရာ နယ္လုံက ကခ်င္ျပည္နယ္အစိုးရ႐ုံးမွာ KBC တာဝန္ရွိသူေတြကို အဂၤါေန႔က ေခၚယူေတြ႕ဆုံတာမွာ KBC ေခါင္းေဆာင္ ၄ ေယာက္ သြားေရာက္ ေတြ႕ဆုံခဲ့တယ္လို႔ ေျပာပါတယ္။ သူတို႔အေနနဲ႔ ေဒါက္တာ ခလမ္ဆမ္ဆြမ္နဲ႔ ေတြ႕ဆုံခြင့္ မရခဲ့သလို သူ႔အေျခအေနကိုလည္း အေသးစိပ္ေတာ့ မသိခဲ့ရဘူးလို႔ေျပာပါတယ္။ ဘယ္မွာထားတယ္ ဆိုတာမွာလည္း စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း ေျပာဆိုခ်က္နဲ႔ ကြဲလြဲေနတယ္လို႔ သူက ဆက္ေျပာပါတယ္။ ဆရာေတာ္အေနနဲ႔ ဘာျပစ္မႈမွ က်ဴးလြန္တာ မရွိတာမို႔ အျမန္ဆုံး လႊတ္ေပးဖို႔ လိုတယ္လို႔လည္း သူကေျပာပါတယ္။

"အတိအက်ေတာ့ ဘာမွမသိရဘူး ခု မႏၲေလးမွာ ရွိတယ္ပဲေျပာတယ္။ က်ေနာ္တို႔ကို ေခၚေတြ႕တုန္းကေတာ့ မႏၲေလးမွာ ရွိတယ္လို႔ပဲေျပာတယ္။ က်ေနာ္တို႔ဘက္ကေတာ့ က်ေနာ္တို႔ ဆရာႀကီးမွာ အျပစ္မရွိလို႔ ျပန္လႊတ္ေပးေစခ်င္တယ္။"

ေဒါက္တာ ခလမ္ဆမ္ဆြမ္နဲ႔ ပတ္သက္လို႔ VOA က စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကို အဂၤါေန႔က ဆက္သြယ္ေမးခဲ့စဥ္က ကခ်င္ျပည္နယ္ထဲမွာပဲ ရွိေနပါတယ္လို႔ ေျဖၾကားခဲ့ပါတယ္။ KBC က ဆရာေတာ္ ေဒါက္တာ ခလမ္ဆမ္ဆြမ္ အျမန္ဆုံး လြတ္ေျမာက္လာဖို႔အတြက္ လမ္းစရွာဖို႔ ေကာ္မတီတခုကို အခု ဖြဲ႕စည္းထားပါတယ္။ ဒီဇင္ဘာ ၅ ရက္ေန႔က ေဒါက္တာ ခလမ္ဆမ္ဆြမ္နဲ႔အတူ မႏၲေလးေလဆိပ္မွာ ေစာင့္ဆိုင္းေနခ်ိန္ အဖမ္းခံရတဲ့ အမ်ိဳးသား ၂ ေယာက္ရဲ႕ အေျခအေနကိုလည္း ခုခ်ိန္ထိ ရွင္းရွင္းလင္းလင္း မသိရေသးဘူးလို႔ KBC ကေျပာပါတယ္။ အဲဒီ ၂ ေယာက္ကေတာ့ KBC လူငယ္တာဝန္ခံ‌ေဟာင္းျဖစ္သူ ဂြမ္ကေရာင္ခန္ေနာ္နဲ႔ ဆရာေတာ္ ခမ္းဝါတို႔ ျဖစ္ၾကပါတယ္။

သိကၡာေတာ္ရဆရာေတာ္ ေဒါက္တာ ခလမ္ဆမ္ဆြမ္ဟာ KBC ရဲ႕ အေထြေထြအတြင္းေရးမႉးခ်ဳပ္နဲ႔ ဥကၠ႒ တာဝန္ေတြကို ယူခဲ့သူျဖစ္ၿပီး ၿပီးခဲ့တဲ့ ေအာက္တိုဘာလက ကခ်င္ႏွစ္ျခင္း ခရစ္ယာန္အဖြဲ႕ခ်ဳပ္ "KBC ရဲ႕ အထူးအႀကံေပးပုဂၢိဳလ္" အျဖစ္ ခန႔္အပ္ ခံထားရတာျဖစ္ပါတယ္။ သိကၡာေတာ္ရဆရာေတာ္ ေဒါက္တာ ခလမ္ဆမ္ဆြမ္ဟာ လူနည္းစု တိုင္းရင္းသားေတြအေပၚ ျမန္မာစစ္တပ္က ဘာသာေရး လြတ္လပ္ခြင့္ ဖိႏွိပ္မႈနဲ႔ ပတ္သက္ၿပီး ၂၀၁၉ ခုႏွစ္က အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကို တင္ျပခဲ့သူလည္းျဖစ္ပါတယ္။ အဲဒါအတြက္လည္း ေျမာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္က အရာရွိတစ္ဦးက တရားစြဲဆိုတာ ခံခဲ့ရၿပီး ေနာက္ပိုင္းမွာ အမႈကို ျပန္လည္ ႐ုပ္သိမ္းေပးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

{{ UNICODE }}

ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အကြီးအကဲ အရေးယူခံရဖွယ်ရှိ

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရဲ့အကြီးအကဲ သိက္ခာတော်ရဆရာ ဒေါက်တာ ခလမ်ဆမ် ဆွမ်ကို စစ်ကောင်စီက တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ KBC က VOA ကိုပြောပါတယ်။ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် နယ်စပ်ရေးရာနဲ့ လုံခြုံရေးဌာနဝန်ကြီးက အစိုးရရုံးမှာ KBC ခေါင်းဆောင်တွေကို ဒီဇင်ဘာ ၆ ရက် အင်္ဂါနေ့ခေါ်တွေ့ပြီးနောက် ဒေါက်တာခလမ်ဆမ်ဆွမ်ကို ဖမ်းဆီးထားတယ်ဆိုတာ အသိပေးခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်း ရန်ကုန်ကပေးပို့လာတာကို ကိုရဲမွန်က ပြောပြမှာပါ။

ဒီဇင်ဘာ ၅ ရက်မနက် ၉ နာရီခန့်က ထိုင်းနိုင်ငံကို ဆေးသွားကုဖို့ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်‌ရောက်နေတဲ့ ဒေါက်တာခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေး မေးမြန်းစရာရှိလို့ဆိုပြီး ဖမ်းဆီးခေါ်ယူသွားတာ ဖြစ်ပါတယ်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ခေါ်ဆောင်သွားတာဖြစ်တယ်လို့ KBC ကပြောပါတယ်။ သူ့ကို ဖမ်းဆီးပြီး ၁ ရက်ကျော် အကြာမှာတော့ ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို တရားစွဲဆိုဖို့ ပြင်ဆင်နေပြီလို့ ကချင်ပြည်နယ်ဆိုင်ရာ (နယ်စပ်ရေးရာနဲ့လုံခြုံရေးဌာန)နယ်/လုံက KBC တာဝန်ရှိသူတွေကို ခေါ်ပြောခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လို့ ပုဒ်မနဲ့ စွဲမယ်ဆိုတာ မသိရဘူးလို့ KBC တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။

" သက်ဆိုင်ရာကနေ ကျနော်တို့ကို ခေါ်ယူ အကြောင်းကြားတာပေါ့။ သူတို့ ထိန်းသိမ်းထားတဲ့ အကြောင်းပေါ့။ သူတို့ စစ်ဆေးမေးမြန်းစရာရှိတယ် သူတို့ပြောတာတော့ အမှား လုပ်ထားတာရှိလို့ သူတို့စစ်ဆေး မေးမြန်းစရာ ရှိတယ်လို့ပြောတာပေါ့။ သူတို့ အရေးယူဖို့တော့ရှိတယ် အဲလိုတော့ အရိပ်အမြွက်ရပါတယ်။ သူတို့ဘာအမှုနဲ့ စွဲမယ်ဆိုတာတော့ မသိရဘူး။"

ကချင်ပြည်နယ်ဆိုင်ရာ နယ်လုံက ကချင်ပြည်နယ်အစိုးရရုံးမှာ KBC တာဝန်ရှိသူတွေကို အင်္ဂါနေ့က ခေါ်ယူတွေ့ဆုံတာမှာ KBC ခေါင်းဆောင် ၄ ယောက် သွားရောက် တွေ့ဆုံခဲ့တယ်လို့ ပြောပါတယ်။ သူတို့အနေနဲ့ ဒေါက်တာ ခလမ်ဆမ်ဆွမ်နဲ့ တွေ့ဆုံခွင့် မရခဲ့သလို သူ့အခြေအနေကိုလည်း အသေးစိပ်တော့ မသိခဲ့ရဘူးလို့ပြောပါတယ်။ ဘယ်မှာထားတယ် ဆိုတာမှာလည်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောဆိုချက်နဲ့ ကွဲလွဲနေတယ်လို့ သူက ဆက်ပြောပါတယ်။ ဆရာတော်အနေနဲ့ ဘာပြစ်မှုမှ ကျူးလွန်တာ မရှိတာမို့ အမြန်ဆုံး လွှတ်ပေးဖို့ လိုတယ်လို့လည်း သူကပြောပါတယ်။

"အတိအကျတော့ ဘာမှမသိရဘူး ခု မန္တလေးမှာ ရှိတယ်ပဲပြောတယ်။ ကျနော်တို့ကို ခေါ်တွေ့တုန်းကတော့ မန္တလေးမှာ ရှိတယ်လို့ပဲပြောတယ်။ ကျနော်တို့ဘက်ကတော့ ကျနော်တို့ ဆရာကြီးမှာ အပြစ်မရှိလို့ ပြန်လွှတ်ပေးစေချင်တယ်။"

ဒေါက်တာ ခလမ်ဆမ်ဆွမ်နဲ့ ပတ်သက်လို့ VOA က စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို အင်္ဂါနေ့က ဆက်သွယ်မေးခဲ့စဉ်က ကချင်ပြည်နယ်ထဲမှာပဲ ရှိနေပါတယ်လို့ ဖြေကြားခဲ့ပါတယ်။ KBC က ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွမ် အမြန်ဆုံး လွတ်မြောက်လာဖို့အတွက် လမ်းစရှာဖို့ ကော်မတီတခုကို အခု ဖွဲ့စည်းထားပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့က ဒေါက်တာ ခလမ်ဆမ်ဆွမ်နဲ့အတူ မန္တလေးလေဆိပ်မှာ စောင့်ဆိုင်းနေချိန် အဖမ်းခံရတဲ့ အမျိုးသား ၂ ယောက်ရဲ့ အခြေအနေကိုလည်း ခုချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ KBC ကပြောပါတယ်။ အဲဒီ ၂ ယောက်ကတော့ KBC လူငယ်တာဝန်ခံ‌ဟောင်းဖြစ်သူ ဂွမ်ကရောင်ခန်နော်နဲ့ ဆရာတော် ခမ်းဝါတို့ ဖြစ်ကြပါတယ်။

သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွမ်ဟာ KBC ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ ဥက္ကဋ္ဌ တာဝန်တွေကို ယူခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလက ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် "KBC ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်" အဖြစ် ခန့်အပ် ခံထားရတာဖြစ်ပါတယ်။ သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွမ်ဟာ လူနည်းစု တိုင်းရင်းသားတွေအပေါ် မြန်မာစစ်တပ်က ဘာသာရေး လွတ်လပ်ခွင့် ဖိနှိပ်မှုနဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တင်ပြခဲ့သူလည်းဖြစ်ပါတယ်။ အဲဒါအတွက်လည်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က အရာရှိတစ်ဦးက တရားစွဲဆိုတာ ခံခဲ့ရပြီး နောက်ပိုင်းမှာ အမှုကို ပြန်လည် ရုပ်သိမ်းပေးခဲ့ပါတယ်။

XS
SM
MD
LG