ျမန္မာနဲ႔ ႐ုရွားႏွစ္ႏိုင္ငံအၾကား န်ဳကလီးယားအေရး ပူးေပါင္းေဆာင္႐ြက္မႈေတြအေပၚ မအံ့ၾသပေမယ့္ စိုးရိမ္မကင္း ျဖစ္မိတဲအ့ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဗီြအိုေအကို ေျပာဆိုပါတယ္။ မၾကာေသးခင္က ျမန္မာႏိုင္ငံမွာ ႐ုရွားအကူအညီနဲ႔ ပထမဦးဆုံး န်ဴကလီးယားနည္းပညာ သတင္းအခ်က္အလက္စင္တာ ဖြင့္လွစ္ပြဲ က်င္းပခဲ့တာနဲ႔ ဆက္စပ္ၿပီး ဗီြအိုေအရဲ႕ အေမးကို အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာခြင့္ရ Ned Price က စာနဲ႔ တုံ႔ျပန္ေျပာဆိုတာပါ။
ျမန္မာျပည္သူေတြအေပၚ အၾကမ္းဖက္မႈ၊ ရက္စက္ ယုတ္မာမႈနဲ႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ က်ဴးလြန္ႏိုင္ေအာင္ ျမန္မာစစ္တပ္ကို ႐ုရွားက လက္နက္ေတြ ေထာက္ပံ့ေနတယ္ဆိုတဲ့ ယုံၾကည္ရေလာက္တဲ့ သတင္းေတြေၾကာင့္ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက စိုးရိမ္မိတဲ့အေၾကာင္း ေျပဆိုပါတယ္။ ျမန္မာနဲ႔ ႐ုရွားအၾကား စီးပြားေရးနဲ႔စစ္ေရး ဆက္ဆံေရး တိုးလာေနၿပီး ျမန္မာ စစ္ေကာင္စီကို ႐ုရွားက ေက်ာေထာက္ေနာက္ခံ ေပးထားတာဟာ ေဒသတြင္း တည္ၿငိမ္မႈကို ပ်က္ျပားေစတယ္လို႔လည္း ေျပာေရးဆိုခြင့္ရွိသူက ဆိုပါတယ္။
အင္ဒိုပစိဖိတ္ေဒသမွာ ၿငိမ္းခ်မ္းတဲ့ သာယာဝေျပာေရးကို ေဆာင္႐ြက္ေနၾကတဲ့ မိတ္ဘက္ႏိုင္ငံေတြရဲ႕ အားထုတ္မႈေတြကို ႐ုရွားရဲ႕ လုပ္ရပ္ေတြက ၿခိမ္းေျခာက္ရာေရာက္ၿပီး၊ အက်ပ္အတည္းကို တာရွည္ေစတယ္လို႔လည္း ေျပာပါတယ္။ ျမန္မာစစ္တပ္အေနနဲ႔ စစ္ေရးအရပါ အသုံးျပဳလို႔ ရႏိုင္တဲ့ ပစၥည္းမ်ိဳးေတြနဲ႔ လက္နက္ေတြ လႊဲေျပာင္းေနတာကို ျဖတ္ေတာက္ႏိုင္ေအာင္ ႏိုင္ငံတကာ မိတ္ဘက္ ႏိုင္ငံေတြနဲ႔ အေမရိကန္ျပည္ေထာင္စုက ပူးတြဲေဆာင္႐ြက္မယ္လို႔လည္း ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ေျပာပါတယ္။
ျမန္မာႏိုင္ငံမွာ ျဖစ္ေနတဲ့ ေၾကာက္မက္ဖြယ္ ေကာင္းေလာက္ေအာင္ အၾကမ္းဖက္ ရက္စက္မႈေတြနဲ႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ က်ဴးလြန္သူေတြ၊ အာဏာသိမ္းခဲ့သူေတြ နဲ႔ စစ္ေကာင္စီကို လက္နက္ပံ့ပိုး ေထာက္ခံခဲ့သူေတြ အေရးယူခံရေအာင္ အေမရိကန္ ျပည္ေထာင္စုက ႏိုင္ငံတကာအသိုက္အဝန္းနဲ႔ တိုးျမႇင့္ေဆာင္႐ြက္မယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Ned Price က ေျပာဆိုပါတယ္။
[Unicode]
မြန်မာ-ရုရှား နျူကလီးယားပူးပေါင်းဆောင်ရွက်မှုအပေါ် မအံသြပေမယ့် စိုးရိမ်မကင်းဖြစ်မိ (ကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ)
မြန်မာနဲ့ ရုရှားနှစ်နိုင်ငံအကြား နျုကလီးယားအရေး ပူးပေါင်းဆောင်ရွက်မှုတွေအပေါ် မအံ့သြပမေယ့် စိုးရိမ်မကင်း ဖြစ်မိတဲအ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဗွီအိုအေကို ပြောဆိုပါတယ်။ မကြာသေးခင်က မြန်မာနိုင်ငံမှာ ရုရှားအကူအညီနဲ့ ပထမဦးဆုံး နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ ဖွင့်လှစ်ပွဲ ကျင်းပခဲ့တာနဲ့ ဆက်စပ်ပြီး ဗွီအိုအေရဲ့ အမေးကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Ned Price က စာနဲ့ တုံ့ပြန်ပြောဆိုတာပါ။
မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှု၊ ရက်စက် ယုတ်မာမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နိုင်အောင် မြန်မာစစ်တပ်ကို ရုရှားက လက်နက်တွေ ထောက်ပံ့နေတယ်ဆိုတဲ့ ယုံကြည်ရလောက်တဲ့ သတင်းတွေကြောင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက စိုးရိမ်မိတဲ့အကြောင်း ပြေဆိုပါတယ်။ မြန်မာနဲ့ ရုရှားအကြား စီးပွားရေးနဲ့စစ်ရေး ဆက်ဆံရေး တိုးလာနေပြီး မြန်မာ စစ်ကောင်စီကို ရုရှားက ကျောထောက်နောက်ခံ ပေးထားတာဟာ ဒေသတွင်း တည်ငြိမ်မှုကို ပျက်ပြားစေတယ်လို့လည်း ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
အင်ဒိုပစိဖိတ်ဒေသမှာ ငြိမ်းချမ်းတဲ့ သာယာဝပြောရေးကို ဆောင်ရွက်နေကြတဲ့ မိတ်ဘက်နိုင်ငံတွေရဲ့ အားထုတ်မှုတွေကို ရုရှားရဲ့ လုပ်ရပ်တွေက ခြိမ်းခြောက်ရာရောက်ပြီး၊ အကျပ်အတည်းကို တာရှည်စေတယ်လို့လည်း ပြောပါတယ်။ မြန်မာစစ်တပ်အနေနဲ့ စစ်ရေးအရပါ အသုံးပြုလို့ ရနိုင်တဲ့ ပစ္စည်းမျိုးတွေနဲ့ လက်နက်တွေ လွှဲပြောင်းနေတာကို ဖြတ်တောက်နိုင်အောင် နိုင်ငံတကာ မိတ်ဘက် နိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုက ပူးတွဲဆောင်ရွက်မယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ကြောက်မက်ဖွယ် ကောင်းလောက်အောင် အကြမ်းဖက် ရက်စက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်သူတွေ၊ အာဏာသိမ်းခဲ့သူတွေ နဲ့ စစ်ကောင်စီကို လက်နက်ပံ့ပိုး ထောက်ခံခဲ့သူတွေ အရေးယူခံရအောင် အမေရိကန် ပြည်ထောင်စုက နိုင်ငံတကာအသိုက်အဝန်းနဲ့ တိုးမြှင့်ဆောင်ရွက်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က ပြောဆိုပါတယ်။