သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီဆုံးဖြတ်ချက် စစ်ကောင်စီ လိုက်နာခြင်းရှိမရှိ သုံးသပ်မယ့်ဆွေးနွေးပွဲ ရှေ့လအတွင်း ပြလုပ်မည်


အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာကျင်းပနေတဲ့ ကုလလုံခြုံရေးကောင်စီအစည်းအဝေးတခု (နိုဝင်ဘာ ၂၁၊ ၂၀၂၂)
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာကျင်းပနေတဲ့ ကုလလုံခြုံရေးကောင်စီအစည်းအဝေးတခု (နိုဝင်ဘာ ၂၁၊ ၂၀၂၂)

လုံခြုံရေးကောင်စီမှာ ပြီးခဲ့တဲ့ဒီဇင်ဘာလကချမှတ်ခဲ့တဲ့ ပထမဆုံးအကြိမ် မြန်မာ့အရေးဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီက လိုက်နာအကောင်အထည်ဖေါ်ခြင်းရှိမရှိ သုံးသပ်မယ့် ဆွေးနွေးပွဲကို လာမယ့် မတ်လ လယ်မတိုင်ခင် ပြုလုပ်ဖို့ ရှိနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

“မတ်လဖြစ်တာကြောင့် အဲဒီကာလမှာတော့ Mozambique နိုင်ငံကတော့ ဥက္ကဋ္ဌဖြစ်မယ်။ ဘယ်လိုပုံစံမျိုးနဲ့ program အစီအစဉ်တွေ ရေးဆွဲမလဲဆိုတာ မသိရသေးဘူး။ ဒါပေမယ့်လည်း မတ်လ ၁၅ ရက်နေ့မတိုင်ခင်မှာတော့ မြန်မာအရေး ဆွေးနွေးရမယ့်ကိစ္စ ပါကို ပါရမယ်ဆိုတာကတော့ရှိတယ်။”

တနင်္လာနေ့က ဝါရှင်တန်ဒီစီမှာ ပြုလုပ်တဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနရုံး ဖွင့်ပွဲအခမ်းအနားမှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသွားတာပါ။

လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်မှာတော့- မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်ဆိုင်းပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အခိုင်အမာ အကောင်အထည်ဖေါ်ဖို့ မြန်မာပြည်သူတွေရဲ့ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့နဲ့ ချိုးဖေါက်ကျုးလွန်သူတွေကို အရေးယူနိုင်ဖို့၊ လူသားချင်းစာနာထောက်ထားမှု လိုအပ်နေသူတွေဆီကို အကူအညီတွေ အဟန့်အတားမရှိ ပေးအပ်နိုင်ဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် မတရားဖမ်းဆီးထားသူတွေကို ချက်ချင်းလွှတ်ပေးဖို့ ပါဝင်ပါတယ်။

[Unicode]






XS
SM
MD
LG