=== [[ ZAWGYI ]] ===
ျမန္မာ့အေရး အေရွ႕ေတာင္အာရွ သုေတသီေတြရဲ႕ အျမင္တခ်ိဳ႕
ျမန္မာအပါအဝင္ အေရွ႕တာင္အာရွေဒသတြင္း တရုတ္ရဲ့ စီးပြါးေရးနဲ႔ ႏုိင္ငံေရးၾသဇာႀကီးေနေပမဲ့ ေဒသတြင္းႏိုင္ငံေတြကေတာ့ အေမရိကန္ကို မိတ္ဖက္အျဖစ္ ပိုလိုလားမူရွိတယ္လို႔ အေရွ႕ေတာင္အာရွဆိုင္ရာ ေလ့လာေရးအဖြဲ႔ - ISEAS Yusof Ishak အင္စတီက်ဳရဲ႕ ၾကာသပေတးေန႔ ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖၚျပထားပါတယ္။ ဒါ့အျပင္ ေဒသတြင္း အေမရိကန္နဲ႔တရုတ္တို႔ အားၿပိဳင္ေနခ်ိန္မွာ ၾကားမိတ္ဘက္အျဖစ္ ဥေရာပသမဂၢနဲ႔ ဂ်ပန္အျပင္ အိႏၵိယကိုပါ ပို အားကိုးလာၾကသလို အာဆီယံအေပၚမွာေတာ့ ယံုၾကည္မႈေတြ က်ဆင္းလာတာ ေတြ႕ရတယ္လို႔ ေဖၚျပထားပါတယ္။ ဒီအေနအထားမ်ိဳးမွာ ျမန္မာ့အေရး အာဆီယံႀကိဳးပမ္းမႈအေပၚမွာေရာ ဘယ္လိုျမင္ၾကပါသလဲ။ ISEAS သုေတသန ပညာရွင္ေတြကို ကိုဝင္းမင္းက ေမးျမန္းတင္ျပထားပါတယ္။
ျမန္မာအပါအဝင္ အာဆီယံ(၁၀)ႏိုင္ငံက အစိုးရ ပညာရွင္ စီးပြားေရးသမား အရပ္ဖက္အဖြဲ႔အစည္းေတြက လူေပါင္း(၁၃၀၀)ေက်ာ္ကို ေမးျမန္း စစ္တမ္းေကာက္ယူထားတဲ့ ဒီစစ္တမ္း ထုတ္ျပန္ပဲြမွာ ISEAS Yusof Ishak အဖြဲ႔ အမႈေဆာင္အရာရွိခ်ဳပ္ Choi Shing Kwok က-
“အခုလို အစီရင္ခံစာ ၄ ခုထုတ္အၿပီးမွာ အခုစစ္တမ္းေတြက အေရွ.ေတာင္အာရွေဒသတြင္းမွာ အလွ်င္အျမန္ေျပာင္းလဲလာေနတဲ့ ပထဝီႏိုင္ငံေရးနဲ႔ ရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈေတြကို အတြင္းက်က်ပိုသိႏိုင္ေအာင္လုပ္ေပးႏိုင္တဲ့ သက္ေသေတြနဲ႔အတူ၊ ပိုၿပီး အေရးပါလာပါတယ္။ ဒီ အစီရင္ခံစာက ကၽြန္ေတာ္တို႔ထုတ္တာေတြထဲ လူအမ်ားဆံုးဖတ္ၿပီး အမ်ားဆံုးကိုကားတဲ့ အခ်က္ေတြဆက္ျဖစ္ေနမွာပါ။ ပညာရွင္ေတြ၊ သတင္းမီဒီယာေတြ၊ အစိုးရေတြ၊ စီးပြားေရးလုပ္ငန္းေတြ၊ အရပ္ဘက္အဖြဲ႔ေတြနဲ႔ ႏုိင္ငံတကာအဖြဲ႔အစည္းေတြအေနနဲ႔ အေရွ.ေတာာင္အာရွ ေဒသထဲသက္ေရာက္မႈႀကီးတဲ့ လက္ရွိ အျမင္ေတြ၊ က်ယ္ျပန္႔တဲ့ ျပႆနာေတြကို နားလည္ဖို႔လည္း အသံုးဝင္မဲ့ မွီျငမ္းမႈပါ။”
ဒီစစ္တမ္းေတြကို ၂၀၁၉ ခုႏွစ္ကတည္းက စထုတ္လာခဲ့တာပါ။ အခု ၂၀၂၃ ခုႏွစ္ အစီရင္ခံစာရဲ႕ထူးျခားမႈကို သီးသန္႔ေမးရာမွာေတာ့ ISEAS အဖြဲ႔ရဲ႕ အာဆီယံဆိုင္ရာ ညႇိႏႈိင္းေရးမွဴး အႀကီးတန္းသုေတသီ Sharon Seah ေျပာတာက -
“ဒီႏွစ္ ေတြ႔ရွိခ်က္ထဲမွာေတာ့ အေမရိကန္ကို ေထာက္ခံတဲ့အဆင့္က ပိုျမင့္လာတာ ျပေနပါတယ္။ တရုတ္အတြက္ကေတာ့ တရုတ္ရဲ့ ကိုဗစ္ လံုးဝအျမစ္ျပတ္ေရး COVID ZERO မူဝါဒေၾကာင့္ တသီးတသန္႔ခြဲေနသလိုျဖစ္တာေၾကာင့္ ေထာက္ခံမႈ အေထာက္အကူ မျဖစ္ခဲ့ပါဘူး။ တရုတ္အေနနဲ႔ အာဆီယံေခါင္းေဆာင္ေတြနဲ႔ လူခ်င္းေတြ႔ဖို႔ အခြင့္အလမ္း အမ်ားႀကီး ဆံုးရံႈးသြားရခ်ိန္မွာ၊ အေမရိကန္ကေတာ့ အာဆီယံ ေဒသ တခုလံုးနဲ႔ ပိုေတြ႔ဆံုေဆြးေႏြးေရးေတြ ပိုႀကိဳးစားလုပ္ေဆာင္လာႏိုင္ခဲ့ပါတယ္။ ”
ဒီေနရာမွာ တိုင္ဝမ္အေရး တ႐ုတ္နဲ႔အေမရိကန္တို႔ တင္းမာမႈ ပိုမ်ားလာၿပီး စစ္ေရးအရပါ တင္းမာလာခ်ိန္မွာ ၾကားမိတ္ဖက္အျဖစ္ ဥေရာပနဲ႔ ဂ်ပန္ကို အားကိုလာၾကတာအျပင္ ၊ အရင္တုန္းက အားကိုးေနက် ၾသစေၾတးလ်အျပင္ အိႏၵိယ ဝင္လာတာကလည္း ဒီႏွစ္အတြက္ ထူးျခား တယ္လို႔ Sharon ကရွင္းျပပါတယ္။
ဒါေပမဲ့ ဒီ စစ္တမ္းကို ျမန္မာႏိုင္ငံကေန ေျဖဆိုသူေတြကေတာ့ ၾကားမိတ္ဖက္ထဲက ဥေရာပထက္ ဂ်ပန္အေပၚ ပိုအားကိုးခ်င္တာ ေတြ႕ရေၾကာင္း Sharon က ေထာက္ျပပါတယ္။ ဘာ့ေၾကာင့္ အခုလို ျဖစ္ႏိုင္သလဲဆိုတာကိုေတာ့ အေမရိကန္-အာဆီယံ စီးပြားေရးေကာင္စီ ၫႊန္ၾကားေရးမွဴး ကိုလွဘုန္းျမင့္ က -
“ ေျမျပင္မွာ တကယ္လက္ေတြ႕ ေပါက္ေရာက္မႈမွာ အေမရိကန္အတြက္က်ေတာ့ အကန္႔အသတ္ေတြ ရွိတယ္။ တ႐ုတ္ရဲ႕လုပ္ပုံက်ေတာ့ ျမန္မာျပည္မွတင္ မဟုတ္ပါဘူး။ အေရွ႕ေတာင္အာရွတခြင္ ႏိုင္ငံေတြအကုန္လုံးမွာ ျပည္သူေတြအေပၚကို ထည့္သြင္းစဥ္းစားေလ့ မရွိပါဘူး။ သူတို႔ အက်ဳိးအျမတ္တခုထဲၾကည့္တဲ့ လုပ္ငန္းစဥ္ေတြဆိုရင္ သီရိလကၤာႏိုင္ငံမ်ဳိးမွာ အေႂကြးေထာင္ေခ်ာက္ၾကဳံေနရတဲ့ ျဖစ္စဥ္ကိုေတြ႕ရတယ္။ ဒါမ်ဳိးေတြကို ေတြ႕လာရတာနဲ႔အမွ် ျပည္သူေတြေရာ အစိုးရေတြဖက္ကပါ တ႐ုတ္နဲ႔ ထဲထဲဝင္ဝင္ ဆက္ဆံဖို႔အတြက္ တြန္႔ဆုတ္လာတာ ေတြ႕ရတယ္။ မဆက္ဆံလို႔ကလည္း မရဘူး။ ေငြပမာဏက မ်ားတာကိုး။ အထူးသျဖင့္ လမ္းပန္းတံတား ဆက္သြယ္ေရးမွာ တ႐ုတ္ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈက အရမ္းမ်ားေတာ့ ဒါကို ျပန္မွ်ေပးဖို႔အတြက္.. အေမရိကန္ကေတာ့ အထူးသျဖင့္ ဒီမိုကေရစီအေရးနဲ႔ ႏိုင္ငံတကာ ဇာတ္ခုံမွာ ဦးေဆာင္ေနတဲ့အတြက္ လုပ္ႏိုင္တဲ့အတိုင္းအတာ နဲနဲရွိတယ္။ ဂ်ပန္က လုပ္ႏိုင္တယ္၊ လုပ္လည္းလုပ္ခဲ့တယ္ JICA လိုမ်ဳိး အဖြဲ႔စည္းေတြကတဆင့္ေပါ့။ ေနာက္ၿပီး ျပည္တြင္းႏိုင္ငံေရး ဇာတ္ခုံမွာ ေနာက္ဆုံး စစ္ေကာင္စီရဲ႕ အႀကီးပိုင္းေတြအထိကို တိုက္႐ိုက္ ေပါက္ေရာက္မႈရွိတာ၊ လက္နက္ကိုင္အဖြဲ႔အစည္းေတြနဲ႔ တိုက္႐ိုက္ေပါက္ေရာက္မႈ ရွိတာေတြ ေတြ႕ရတယ္။ ဒီ ႏိုင္ငံျခားေရးမူဝါဒ ဖက္ကပဲ ၾကည့္ၾကည့္၊ စီးပြားေရးဖက္ကပဲ ၾကည့္ၾကည့္ ဂ်ပန္ရဲ႕အခန္းက႑က ပိုၿပီးေတာ့ အေရးပါႏိုင္တယ္။ တ႐ုတ္နဲ႔ယွဥ္ရင္ ျပည္သူဖက္က ဂ်ပန္ကို ပိုၿပီးလက္ခံႏိုင္တယ္။ ”
ဒီႏွစ္ ISEAS စစ္တမ္းရဲ႕အေရးပါတဲ့ ေတြ႕ရွိခ်က္တခုက အာဆီယံဟာ ေႏွးေကြးၿပီး မထိေရာက္တဲ့အဖြဲ႔ ျဖစ္လာတယ္လို႔ ေျဖဆိုသူ ၈၂% ေက်ာ္က ဆိုပါတယ္။ ဒါေပမဲ့ ျမန္မာ့အေရး အာဆီယံ ဘုံသေဘာတူညီခ်က္(၅)ရပ္ ခုခ်ိန္ထိ အေကာင္အထည္ ေပၚမလာေသးတဲ့ အေပၚမွာေတာ့ လက္ရွိႏိုင္ငံတကာ ၾကဳိးပမ္းမႈနဲ႔ မလုံေလာက္ေသးတာေၾကာင့္ ၊ အာဆီယံဖက္ကလည္း NUG အမ်ဳိးသားညီၫြတ္ေရးအစိုးရနဲ႔ ေတြ႕ဆုံတာအပါအဝင္ လမ္းေၾကာင္းအသစ္နဲ႔ လုပ္ဖို႔လိုေၾကာင္း ဒီစစ္တမ္းအသစ္မွာ ေဖၚျပထားပုံကို Sharon Seah ေျပာတာက-
“ ဒီေဒသထဲ အမ်ား လိုလားေနတာကေတာ့ ပါဝင္ပတ္သက္ေနတဲ့ အဖြဲ႔ေတြအားလံုးနဲ႔ လြတ္လြတ္လပ္လပ္ ေတြ႔ဆံုမႈေတြလုပ္ဖို႔ပါ။ ဒီအထဲ NUG လည္း ပါပါတယ္။ ႏိုင္ငံတကာက တညီတၫြတ္ထဲ တံု႔ျပန္မႈျပေအာင္ ႀကိဳးစားေနတာထက္ ပိုအလုပ္ျဖစ္ႏိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ျမန္မာ့အေရးကို ကုလအေထြေထြညီလာခံနဲ႔ ကုလ လံုၿခံဳေရးေကာင္စီေတြမွာ ေဆြးေႏြးခဲ့့တာေတြရွိခဲ့ေပမဲ့ တကယ္တမ္း အျပဳသေဘာ အတိအက် ျဖစ္မလာခဲ့ပါဘူး။ ၿပီးခဲ့တဲ့ ဒီဇင္ဘာလကပဲ၊ ကုလလံုၿခံဳေရးေကာင္စီ ဆံုးျဖတ္ခ်က္နဲ႔ အၾကမ္းဖက္မႈ ေလ်ာ့ခ်ႏိုင္ဖို႔ ႀကိဳးပမ္းခဲ့တယ္၊ အခုထိေတာ့ ဒီထုတ္ျပန္ခ်က္မ်ိဳးက အာဆီယံႀကိဳးပမ္းမႈကို ေထာက္ခံေပးတာနဲ႔ ဦးေဆာင္မႈယူေပးဖို႔ လမ္းျပတာေတာ့ရွိတယ္။ အဲ့ဒီေတာ့ ႏိုိုင္ငံအမ်ား ခံစားလာရတာက ႏိုင္ငံတကာ အသိုင္းအဝိုင္းနဲ႔တင္ မရေတာ့ဘူး။ ျပည္တြင္းက အဖြဲ႔ေတြအားလံုးနဲ႔ ဆက္သြယ္ေရးလမ္းေၾကာင္း ဖြင့္ၿပီးေတာ့ပါ ႀကိဳးစားသင့္ၿပီလို႔ ျဖစ္လာတယ္ေလ။ ဒီအထဲ NUG တင္ မကပါဘူး၊ ႏိုင္ငံထဲ တျခားအဖြဲ႔ေတြ အမ်ားႀကီး ပါပါတယ္၊ တိုင္းရင္းသားလက္နက္ကိုင္ EAOs ေတြနဲ႔ PDF ၊ ေနာက္ CRPH လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီတို႔လည္း အပါအဝင္ပါ။ ”
တကယ္ေတာ့ ျမန္မာ့အေရး အင္ဒိုနီးရွားႏိုင္ငံက ဥကၠဌသစ္အျဖစ္ ၾကဳိးပမ္းလာခ်ိန္မွာ ထိုင္းႏိုင္ငံအေနနဲ႔လည္း ပိုလုပ္ေပးဖို႔ မေလးရွားဖက္က ေတာင္းဆိုလာတာကလည္း ထူးျခားတယ္လို႔ အာဆီယံကၽြမ္းက်င္သူေတြက ဆိုပါတယ္။
=== {{ UNICODE }} ===
မြန်မာ့အရေး အရှေ့တောင်အာရှ သုတေသီတွေရဲ့ အမြင်တချို့
မြန်မာအပါအဝင် အရှေ့တာင်အာရှဒေသတွင်း တရုတ်ရဲ့ စီးပွါးရေးနဲ့ နိုင်ငံရေးသြဇာကြီးနေပေမဲ့ ဒေသတွင်းနိုင်ငံတွေကတော့ အမေရိကန်ကို မိတ်ဖက်အဖြစ် ပိုလိုလားမူရှိတယ်လို့ အရှေ့တောင်အာရှဆိုင်ရာ လေ့လာရေးအဖွဲ့ - ISEAS Yusof Ishak အင်စတီကျုရဲ့ ကြာသပတေးနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် ဒေသတွင်း အမေရိကန်နဲ့တရုတ်တို့ အားပြိုင်နေချိန်မှာ ကြားမိတ်ဘက်အဖြစ် ဥရောပသမဂ္ဂနဲ့ ဂျပန်အပြင် အိန္ဒိယကိုပါ ပို အားကိုးလာကြသလို အာဆီယံအပေါ်မှာတော့ ယုံကြည်မှုတွေ ကျဆင်းလာတာ တွေ့ရတယ်လို့ ဖေါ်ပြထားပါတယ်။ ဒီအနေအထားမျိုးမှာ မြန်မာ့အရေး အာဆီယံကြိုးပမ်းမှုအပေါ်မှာရော ဘယ်လိုမြင်ကြပါသလဲ။ ISEAS သုတေသန ပညာရှင်တွေကို ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။
မြန်မာအပါအဝင် အာဆီယံ(၁၀)နိုင်ငံက အစိုးရ ပညာရှင် စီးပွားရေးသမား အရပ်ဖက်အဖွဲ့အစည်းတွေက လူပေါင်း(၁၃၀၀)ကျော်ကို မေးမြန်း စစ်တမ်းကောက်ယူထားတဲ့ ဒီစစ်တမ်း ထုတ်ပြန်ပွဲမှာ ISEAS Yusof Ishak အဖွဲ့ အမှုဆောင်အရာရှိချုပ် Choi Shing Kwok က-
“အခုလို အစီရင်ခံစာ ၄ ခုထုတ်အပြီးမှာ အခုစစ်တမ်းတွေက အရှေ.တောင်အာရှဒေသတွင်းမှာ အလျှင်အမြန်ပြောင်းလဲလာနေတဲ့ ပထဝီနိုင်ငံရေးနဲ့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အတွင်းကျကျပိုသိနိုင်အောင်လုပ်ပေးနိုင်တဲ့ သက်သေတွေနဲ့အတူ၊ ပိုပြီး အရေးပါလာပါတယ်။ ဒီ အစီရင်ခံစာက ကျွန်တော်တို့ထုတ်တာတွေထဲ လူအများဆုံးဖတ်ပြီး အများဆုံးကိုကားတဲ့ အချက်တွေဆက်ဖြစ်နေမှာပါ။ ပညာရှင်တွေ၊ သတင်းမီဒီယာတွေ၊ အစိုးရတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အရှေ.တောာင်အာရှ ဒေသထဲသက်ရောက်မှုကြီးတဲ့ လက်ရှိ အမြင်တွေ၊ ကျယ်ပြန့်တဲ့ ပြဿနာတွေကို နားလည်ဖို့လည်း အသုံးဝင်မဲ့ မှီငြမ်းမှုပါ။”
ဒီစစ်တမ်းတွေကို ၂၀၁၉ ခုနှစ်ကတည်းက စထုတ်လာခဲ့တာပါ။ အခု ၂၀၂၃ ခုနှစ် အစီရင်ခံစာရဲ့ထူးခြားမှုကို သီးသန့်မေးရာမှာတော့ ISEAS အဖွဲ့ရဲ့ အာဆီယံဆိုင်ရာ ညှိနှိုင်းရေးမှူး အကြီးတန်းသုတေသီ Sharon Seah ပြောတာက -
“ဒီနှစ် တွေ့ရှိချက်ထဲမှာတော့ အမေရိကန်ကို ထောက်ခံတဲ့အဆင့်က ပိုမြင့်လာတာ ပြနေပါတယ်။ တရုတ်အတွက်ကတော့ တရုတ်ရဲ့ ကိုဗစ် လုံးဝအမြစ်ပြတ်ရေး COVID ZERO မူဝါဒကြောင့် တသီးတသန့်ခွဲနေသလိုဖြစ်တာကြောင့် ထောက်ခံမှု အထောက်အကူ မဖြစ်ခဲ့ပါဘူး။ တရုတ်အနေနဲ့ အာဆီယံခေါင်းဆောင်တွေနဲ့ လူချင်းတွေ့ဖို့ အခွင့်အလမ်း အများကြီး ဆုံးရှုံးသွားရချိန်မှာ၊ အမေရိကန်ကတော့ အာဆီယံ ဒေသ တခုလုံးနဲ့ ပိုတွေ့ဆုံဆွေးနွေးရေးတွေ ပိုကြိုးစားလုပ်ဆောင်လာနိုင်ခဲ့ပါတယ်။ ”
ဒီနေရာမှာ တိုင်ဝမ်အရေး တရုတ်နဲ့အမေရိကန်တို့ တင်းမာမှု ပိုများလာပြီး စစ်ရေးအရပါ တင်းမာလာချိန်မှာ ကြားမိတ်ဖက်အဖြစ် ဥရောပနဲ့ ဂျပန်ကို အားကိုလာကြတာအပြင် ၊ အရင်တုန်းက အားကိုးနေကျ သြစတြေးလျအပြင် အိန္ဒိယ ဝင်လာတာကလည်း ဒီနှစ်အတွက် ထူးခြား တယ်လို့ Sharon ကရှင်းပြပါတယ်။
ဒါပေမဲ့ ဒီ စစ်တမ်းကို မြန်မာနိုင်ငံကနေ ဖြေဆိုသူတွေကတော့ ကြားမိတ်ဖက်ထဲက ဥရောပထက် ဂျပန်အပေါ် ပိုအားကိုးချင်တာ တွေ့ရကြောင်း Sharon က ထောက်ပြပါတယ်။ ဘာ့ကြောင့် အခုလို ဖြစ်နိုင်သလဲဆိုတာကိုတော့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ညွှန်ကြားရေးမှူး ကိုလှဘုန်းမြင့် က -
“ မြေပြင်မှာ တကယ်လက်တွေ့ ပေါက်ရောက်မှုမှာ အမေရိကန်အတွက်ကျတော့ အကန့်အသတ်တွေ ရှိတယ်။ တရုတ်ရဲ့လုပ်ပုံကျတော့ မြန်မာပြည်မှတင် မဟုတ်ပါဘူး။ အရှေ့တောင်အာရှတခွင် နိုင်ငံတွေအကုန်လုံးမှာ ပြည်သူတွေအပေါ်ကို ထည့်သွင်းစဉ်းစားလေ့ မရှိပါဘူး။ သူတို့ အကျိုးအမြတ်တခုထဲကြည့်တဲ့ လုပ်ငန်းစဉ်တွေဆိုရင် သီရိလင်္ကာနိုင်ငံမျိုးမှာ အကြွေးထောင်ချောက်ကြုံနေရတဲ့ ဖြစ်စဉ်ကိုတွေ့ရတယ်။ ဒါမျိုးတွေကို တွေ့လာရတာနဲ့အမျှ ပြည်သူတွေရော အစိုးရတွေဖက်ကပါ တရုတ်နဲ့ ထဲထဲဝင်ဝင် ဆက်ဆံဖို့အတွက် တွန့်ဆုတ်လာတာ တွေ့ရတယ်။ မဆက်ဆံလို့ကလည်း မရဘူး။ ငွေပမာဏက များတာကိုး။ အထူးသဖြင့် လမ်းပန်းတံတား ဆက်သွယ်ရေးမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုက အရမ်းများတော့ ဒါကို ပြန်မျှပေးဖို့အတွက်.. အမေရိကန်ကတော့ အထူးသဖြင့် ဒီမိုကရေစီအရေးနဲ့ နိုင်ငံတကာ ဇာတ်ခုံမှာ ဦးဆောင်နေတဲ့အတွက် လုပ်နိုင်တဲ့အတိုင်းအတာ နဲနဲရှိတယ်။ ဂျပန်က လုပ်နိုင်တယ်၊ လုပ်လည်းလုပ်ခဲ့တယ် JICA လိုမျိုး အဖွဲ့စည်းတွေကတဆင့်ပေါ့။ နောက်ပြီး ပြည်တွင်းနိုင်ငံရေး ဇာတ်ခုံမှာ နောက်ဆုံး စစ်ကောင်စီရဲ့ အကြီးပိုင်းတွေအထိကို တိုက်ရိုက် ပေါက်ရောက်မှုရှိတာ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ပေါက်ရောက်မှု ရှိတာတွေ တွေ့ရတယ်။ ဒီ နိုင်ငံခြားရေးမူဝါဒ ဖက်ကပဲ ကြည့်ကြည့်၊ စီးပွားရေးဖက်ကပဲ ကြည့်ကြည့် ဂျပန်ရဲ့အခန်းကဏ္ဍက ပိုပြီးတော့ အရေးပါနိုင်တယ်။ တရုတ်နဲ့ယှဉ်ရင် ပြည်သူဖက်က ဂျပန်ကို ပိုပြီးလက်ခံနိုင်တယ်။ ”
ဒီနှစ် ISEAS စစ်တမ်းရဲ့အရေးပါတဲ့ တွေ့ရှိချက်တခုက အာဆီယံဟာ နှေးကွေးပြီး မထိရောက်တဲ့အဖွဲ့ ဖြစ်လာတယ်လို့ ဖြေဆိုသူ ၈၂% ကျော်က ဆိုပါတယ်။ ဒါပေမဲ့ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက်(၅)ရပ် ခုချိန်ထိ အကောင်အထည် ပေါ်မလာသေးတဲ့ အပေါ်မှာတော့ လက်ရှိနိုင်ငံတကာ ကြိုးပမ်းမှုနဲ့ မလုံလောက်သေးတာကြောင့် ၊ အာဆီယံဖက်ကလည်း NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တွေ့ဆုံတာအပါအဝင် လမ်းကြောင်းအသစ်နဲ့ လုပ်ဖို့လိုကြောင်း ဒီစစ်တမ်းအသစ်မှာ ဖေါ်ပြထားပုံကို Sharon Seah ပြောတာက-
“ ဒီဒေသထဲ အများ လိုလားနေတာကတော့ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့တွေအားလုံးနဲ့ လွတ်လွတ်လပ်လပ် တွေ့ဆုံမှုတွေလုပ်ဖို့ပါ။ ဒီအထဲ NUG လည်း ပါပါတယ်။ နိုင်ငံတကာက တညီတညွတ်ထဲ တုံ့ပြန်မှုပြအောင် ကြိုးစားနေတာထက် ပိုအလုပ်ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာ့အရေးကို ကုလအထွေထွေညီလာခံနဲ့ ကုလ လုံခြုံရေးကောင်စီတွေမှာ ဆွေးနွေးခဲ့တာတွေရှိခဲ့ပေမဲ့ တကယ်တမ်း အပြုသဘော အတိအကျ ဖြစ်မလာခဲ့ပါဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာလကပဲ၊ ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နဲ့ အကြမ်းဖက်မှု လျော့ချနိုင်ဖို့ ကြိုးပမ်းခဲ့တယ်၊ အခုထိတော့ ဒီထုတ်ပြန်ချက်မျိုးက အာဆီယံကြိုးပမ်းမှုကို ထောက်ခံပေးတာနဲ့ ဦးဆောင်မှုယူပေးဖို့ လမ်းပြတာတော့ရှိတယ်။ အဲ့ဒီတော့ နိုင်ငံအများ ခံစားလာရတာက နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့တင် မရတော့ဘူး။ ပြည်တွင်းက အဖွဲ့တွေအားလုံးနဲ့ ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ပြီးတော့ပါ ကြိုးစားသင့်ပြီလို့ ဖြစ်လာတယ်လေ။ ဒီအထဲ NUG တင် မကပါဘူး၊ နိုင်ငံထဲ တခြားအဖွဲ့တွေ အများကြီး ပါပါတယ်၊ တိုင်းရင်းသားလက်နက်ကိုင် EAOs တွေနဲ့ PDF ၊ နောက် CRPH လွှတ်တော်ကိုယ်စားပြုကော်မတီတို့လည်း အပါအဝင်ပါ။ ”
တကယ်တော့ မြန်မာ့အရေး အင်ဒိုနီးရှားနိုင်ငံက ဥက္ကဌသစ်အဖြစ် ကြိုးပမ်းလာချိန်မှာ ထိုင်းနိုင်ငံအနေနဲ့လည်း ပိုလုပ်ပေးဖို့ မလေးရှားဖက်က တောင်းဆိုလာတာကလည်း ထူးခြားတယ်လို့ အာဆီယံကျွမ်းကျင်သူတွေက ဆိုပါတယ်။