သံုးရလြယ္ကူေစသည့္ Link မ်ား

အာဆီယံ ဥကၠ႒သစ္ အင္ဒိုနီးရွားရဲ႕ ျမန္မာ့အေရး ေဆာင္႐ြက္ခ်က္ အလုပ္ျဖစ္မလား


အင္ဒိုနီးရွားသမၼတ ဂ်ိဳကို ဝီဒိုဒို

=== [[ ZAWGYI ]] ===

အာဆီယံ ဥကၠ႒သစ္ အင္ဒိုနီးရွားရဲ႕ ျမန္မာ့အေရး ေဆာင္႐ြက္ခ်က္ အလုပ္ျဖစ္မလား

အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း (အာဆီယံ) က ၾကားဝင္ ဖ်န္ေျဖဖို႔ ႀကိဳးစားေနေပမယ့္ စစ္အာဏာသိမ္းၿပီး ႏွစ္ႏွစ္အၾကာ ျမန္မာႏိုင္မွာ ရက္စက္ၾကမ္းၾကဳတ္မႈေတြ ဆက္လက္ ျဖစ္ေပၚေနတယ္လို႔ လူ႔အခြင့္အေရးအဖြဲ႕ေတြက ေျပာပါတယ္။ အာဆီယံ ဥကၠ႒သစ္ ျဖစ္လာတဲ့ အင္ဒိုနီးရွားရဲ႕ လုပ္ငန္းစဥ္မွာ ဒီ ပဋိပကၡဟာ ၿခိမ္းေျခာက္တဲ့ အေနအထားနဲ႔ လႊမ္းမိုးထားပါတယ္။ ဗြီအိုေအ သတင္းေထာက္ Yuni Salim ရဲ႕ သတင္းလႊာကို ကိုၿငိမ္းခ်မ္းေအးက တင္ျပေပးထားပါတယ္။


၂၀၂၃ မွာ အင္ဒိုနီးရွားဟာ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း အာဆီယံရဲ႕ အလွည့္က် ဥကၠ႒ေနရာကို ကေမာၻဒီးယားဆီကေန လႊဲေျပာင္းရယူခဲ့ပါတယ္။

အာဆီယံ အဖြဲ႕အေနနဲ႔ ေျဖရွင္းရမယ့္ ေဒသတြင္း ျပႆနာေတြထဲမွာ စစ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံအေရးက အျခားကိစၥေတြကို လႊမ္းမိုးထားေနပါတယ္။ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ျမန္မာျပည္မွာ စစ္တပ္က အတိုက္အခံေတြကို ႏွိမ္နင္းေနလို႔ လူေထာင္နဲ႔ခ်ီဟာ ညႇဥ္ပမ္း ႏွိပ္စက္ ဖမ္းဆီးခံရ၊ ဒါမွမဟုတ္ ေသဆုံးခဲ့ရတယ္လို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံရဲ႕ အက်ပ္အတည္းကို ေျဖရွင္းဖို႔ အင္ဒိုနီးရွား အေနနဲ႔ ကတိကဝတ္ျပဳေပမယ့္ အာဆီယံဟာ ျမန္မာ့ ပဋိပကၡ အတြက္ သူ႔စကားလုံး အတိုင္း ဆိုရရင္ “ဓားစာခံ” အျဖစ္ခံမွာ မဟုတ္ဘူးလို႔ အင္ဒိုနီးရွားသမၼတ ဂ်ိဳကိုဝီဒိုဒိုက ဆိုပါတယ္။ မဟာဗ်ဴဟာနဲ႔ ႏိုင္ငံတကာေလ့လာေရးဌာနက အေရွ႕ေတာင္အာရွေရးရာကြၽမ္းက်င္သူ အန္ဒေရကာ နာတာလက္ဂါဝါ (Andreyka Natalegawa) ကေတာ့ အခုလို သုံးသပ္ပါတယ္။

“ဥကၠ႒တာဝန္ကို အင္ဒိုနီးရွား စတင္ ထမ္းေဆာင္တာက အခ်ိန္တိုေလးပဲ ရွိပါေသးတယ္၊ ဒါေပမယ့္ ျမန္မာ့ အက်ပ္အတည္းကို ဘယ္လို ခ်ဥ္းကပ္မလဲ ဆိုတဲ့ လမ္းေၾကာင္း ခ်ျပတာေတြကို စ ေတြ႕ျမင္ေနရပါၿပီ။ အႀကီးတန္း အရာရွိေတြရဲ႕ ထုတ္ျပန္ခ်က္ အေတာ္မ်ားမ်ားကို ေတြ႕ခဲ့ရပါတယ္။”

ၿပီးခဲ့တဲ့ ဇန္နဝါရီ တုန္းကလည္း ဒါးဗို႔စ္ (Davos) က ကမာၻ႔စီးပြားေရးဖိုရမ္မွာ အင္ဒိုနီးရွား ေရေၾကာင္းေရးရာနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာ ဝန္ႀကီး လူဟြတ္ဘင္ဆာ ပန္ေဂ်တန္ (Luhut Binsar Pandjaitan)က “အရည္အခ်င္းျပည့္မီသူေတြကို ဦးေဆာင္ခြင့္ေပးဖို႔ ျမန္မာစစ္တပ္ေခါင္းေဆာင္ေတြ အေနနဲ႔ ေဘးဖယ္ ေပးခ်ိန္ တန္ၿပီ” လို႔ ေတာင္းဆိုခဲ့ဖူးပါတယ္။

တခ်ိန္တည္းမွာပဲ စစ္တပ္ကေန အရပ္ဘက္အုပ္ခ်ဳပ္ေရးကို အသြင္ကူးေျပာင္းေရးဆိုင္ရာ အႀကံဉာဏ္ေတြေပးဖို႔ အင္ဒိုနီးရွား အေနနဲ႔ အဆင့္ျမင့္ ဗိုလ္ခ်ဳပ္တေယာက္ကို ျမန္မာႏိုင္ငံကို ေစလႊတ္မယ္လို႔ အင္ဒိုနီးရွားသမၼတ ဝီဒိုဒိုက ေျပာပါတယ္။

ဟဒ္ဆန္ အင္စတီက်ဳ (Hudson Institute) ရဲ႕ အာရွ-ပစိဖိတ္ လုံၿခဳံေရး ဆိုင္ရာ ဥကၠ႒ ပက္ထရစ္ အမ္ ခ႐ိုနင္ (Patrick M. Cronin) ကေတာ့ အင္ဒိုနီးရွားရဲ႕ ျမန္မာ့အေရး ႀကိဳးပမ္းမႈ အေပၚ အခုလို သုံးသပ္ပါတယ္။

“အင္ဒိုနီးရွားဟာ ျမန္မာႏိုင္ငံ အေျခအေနကို တိုးတက္ေစခ်င္လို႔ အေလးအနက္ထားၿပီး စဥ္းစားပါတယ္၊ ဒါေပမယ့္ သူ႔ကို အေႏွာင့္အယွက္အျဖစ္ ျမင္လာမွာကို မလိုလားသလို လိုခ်င္တဲ့ ရလဒ္နဲ႔ ဆန္႔က်င္တဲ့ အျပဳအမူေတြ လုပ္ေဆာင္ရင္း လိုခ်င္တဲ့ ရလဒ္ရဲ႕ ဆန္႔က်င္ဘက္ အေျခေအန ျဖစ္လာမွာကိုလည္း မလိုလားပါဘူး။ အလုံးစုံ ဒဏ္ခတ္ပိတ္ဆို႔ အေရးယူဖို႔လည္း သူတို႔ စဥ္းစားမွာ မဟုတ္ပါဘူး။ ေတြ႕ဆုံ ေဆြးေႏြးမႈအားလုံးကို ရပ္တန႔္လိုက္တာက အက်ိဳးျဖစ္ထြန္းမယ္လို႔ သူတို႔က မယူဆပါဘူး။”

၁၉၆၇ ခုႏွစ္ စတင္တည္ေထာင္ခ်ိန္ကစၿပီး အာဆီယံဟာ အဖြဲ႕ဝင္တိုင္းျပည္ေတြရဲ႕ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္တာမ်ိဳး မလုပ္ဘူးဆိုတဲ့ မူဝါဒကို ခ်မွတ္ထားပါတယ္။ ၂၀၂၁ ခုႏွစ္ ဧၿပီလတုန္းက ျမန္မာစစ္ေခါင္းေဆာင္နဲ႔ အာဆီယံေခါင္းေဆာင္ေတြၾကား သေဘာတူထားတဲ့ ရန္လိုမႈေတြကို ရပ္တန႔္ၿပီး အျငင္းပြားေနတဲ့ ႏွစ္ဖက္ၾကား ေတြ႕ဆုံ ေဆြးေႏြးေရး အခ်က္ ၅ ခ်က္ပါ သေဘာတူညီခ်က္ကိုလည္း ျမန္မာစစ္အစိုးရဘက္က အေကာင္အထည္ေဖာ္ဖို႔ ေႏွးေကြးေနပါတယ္။ ဒါက အာဆီယံ အေပၚ ဖိအားေတြ ျဖစ္ေစပါတယ္။

ဒီအေျခအေနနဲ႔ ပတ္သက္ၿပီး လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႕က ေဒၚမန္နီေမာင္ ေထာက္ျပတာက -

“ျမန္မာအေနနဲ႔ ဧၿပီလကုန္မွာ အခ်က္ ၅ ခ်က္ သေဘာတူညီမႈထဲက တစ္စုံတစ္ရာကိုမွ အေကာင္အထည္ေဖာ္ႏိုင္တာ မရွိဘူးဆိုရင္ သူတို႔အတြက္ အက်ိဳးဆက္ေတြ ျဖစ္လာမွာပါ။”

သမၼတ ဝီဒိုဒိုက ႐ိုက္တာ (Reuters) သတင္းဌာနကို ေျပာၾကားရာမွေတာ့ ျမန္မာစစ္အစိုးရဘက္က သေဘာတူညီခ်က္ကို မလိုက္နာပါက ျပတ္ျပတ္သားသား ေဆာင္႐ြက္သြားဖို႔ အသင့္ရွိတယ္လို ဆိုပါတယ္။ ဒါေပမယ့္ အင္ဒိုနီးရွားအေနနဲ႔ ဘယ္လို ပုံစံနဲ႔ အေရးယူေဆာင္႐ြက္မလဲဆိုတာကိုေတာ့ အေသးစိတ္ ထုတ္ေျပာတာမ်ိဳး မရွိေသးပါဘူး ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

=== {{ UNICODE }} ===

အာဆီယံ ဥက္ကဋ္ဌသစ် အင်ဒိုနီးရှားရဲ့ မြန်မာ့အရေး ဆောင်ရွက်ချက် အလုပ်ဖြစ်မလား

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) က ကြားဝင် ဖျန်ဖြေဖို့ ကြိုးစားနေပေမယ့် စစ်အာဏာသိမ်းပြီး နှစ်နှစ်အကြာ မြန်မာနိုင်မှာ ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လက် ဖြစ်ပေါ်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ အာဆီယံ ဥက္ကဋ္ဌသစ် ဖြစ်လာတဲ့ အင်ဒိုနီးရှားရဲ့ လုပ်ငန်းစဉ်မှာ ဒီ ပဋိပက္ခဟာ ခြိမ်းခြောက်တဲ့ အနေအထားနဲ့ လွှမ်းမိုးထားပါတယ်။ ဗွီအိုအေ သတင်းထောက် Yuni Salim ရဲ့ သတင်းလွှာကို ကိုငြိမ်းချမ်းအေးက တင်ပြပေးထားပါတယ်။


၂၀၂၃ မှာ အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌနေရာကို ကမ္ဘောဒီးယားဆီကနေ လွှဲပြောင်းရယူခဲ့ပါတယ်။

အာဆီယံ အဖွဲ့အနေနဲ့ ဖြေရှင်းရမယ့် ဒေသတွင်း ပြဿနာတွေထဲမှာ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံအရေးက အခြားကိစ္စတွေကို လွှမ်းမိုးထားနေပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာပြည်မှာ စစ်တပ်က အတိုက်အခံတွေကို နှိမ်နင်းနေလို့ လူထောင်နဲ့ချီဟာ ညှဉ်ပမ်း နှိပ်စက် ဖမ်းဆီးခံရ၊ ဒါမှမဟုတ် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ အင်ဒိုနီးရှား အနေနဲ့ ကတိကဝတ်ပြုပေမယ့် အာဆီယံဟာ မြန်မာ့ ပဋိပက္ခ အတွက် သူ့စကားလုံး အတိုင်း ဆိုရရင် “ဓားစာခံ” အဖြစ်ခံမှာ မဟုတ်ဘူးလို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ဆိုပါတယ်။ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာနက အရှေ့တောင်အာရှရေးရာကျွမ်းကျင်သူ အန်ဒရေကာ နာတာလက်ဂါဝါ (Andreyka Natalegawa) ကတော့ အခုလို သုံးသပ်ပါတယ်။

“ဥက္ကဋ္ဌတာဝန်ကို အင်ဒိုနီးရှား စတင် ထမ်းဆောင်တာက အချိန်တိုလေးပဲ ရှိပါသေးတယ်၊ ဒါပေမယ့် မြန်မာ့ အကျပ်အတည်းကို ဘယ်လို ချဉ်းကပ်မလဲ ဆိုတဲ့ လမ်းကြောင်း ချပြတာတွေကို စ တွေ့မြင်နေရပါပြီ။ အကြီးတန်း အရာရှိတွေရဲ့ ထုတ်ပြန်ချက် အတော်များများကို တွေ့ခဲ့ရပါတယ်။”

ပြီးခဲ့တဲ့ ဇန်နဝါရီ တုန်းကလည်း ဒါးဗို့စ် (Davos) က ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ အင်ဒိုနီးရှား ရေကြောင်းရေးရာနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ကြီး လူဟွတ်ဘင်ဆာ ပန်ဂျေတန် (Luhut Binsar Pandjaitan)က “အရည်အချင်းပြည့်မီသူတွေကို ဦးဆောင်ခွင့်ပေးဖို့ မြန်မာစစ်တပ်ခေါင်းဆောင်တွေ အနေနဲ့ ဘေးဖယ် ပေးချိန် တန်ပြီ” လို့ တောင်းဆိုခဲ့ဖူးပါတယ်။

တချိန်တည်းမှာပဲ စစ်တပ်ကနေ အရပ်ဘက်အုပ်ချုပ်ရေးကို အသွင်ကူးပြောင်းရေးဆိုင်ရာ အကြံဉာဏ်တွေပေးဖို့ အင်ဒိုနီးရှား အနေနဲ့ အဆင့်မြင့် ဗိုလ်ချုပ်တယောက်ကို မြန်မာနိုင်ငံကို စေလွှတ်မယ်လို့ အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုက ပြောပါတယ်။

ဟဒ်ဆန် အင်စတီကျု (Hudson Institute) ရဲ့ အာရှ-ပစိဖိတ် လုံခြုံရေး ဆိုင်ရာ ဥက္ကဋ္ဌ ပက်ထရစ် အမ် ခရိုနင် (Patrick M. Cronin) ကတော့ အင်ဒိုနီးရှားရဲ့ မြန်မာ့အရေး ကြိုးပမ်းမှု အပေါ် အခုလို သုံးသပ်ပါတယ်။

“အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံ အခြေအနေကို တိုးတက်စေချင်လို့ အလေးအနက်ထားပြီး စဉ်းစားပါတယ်၊ ဒါပေမယ့် သူ့ကို အနှောင့်အယှက်အဖြစ် မြင်လာမှာကို မလိုလားသလို လိုချင်တဲ့ ရလဒ်နဲ့ ဆန့်ကျင်တဲ့ အပြုအမူတွေ လုပ်ဆောင်ရင်း လိုချင်တဲ့ ရလဒ်ရဲ့ ဆန့်ကျင်ဘက် အခြေအေန ဖြစ်လာမှာကိုလည်း မလိုလားပါဘူး။ အလုံးစုံ ဒဏ်ခတ်ပိတ်ဆို့ အရေးယူဖို့လည်း သူတို့ စဉ်းစားမှာ မဟုတ်ပါဘူး။ တွေ့ဆုံ ဆွေးနွေးမှုအားလုံးကို ရပ်တန့်လိုက်တာက အကျိုးဖြစ်ထွန်းမယ်လို့ သူတို့က မယူဆပါဘူး။”

၁၉၆၇ ခုနှစ် စတင်တည်ထောင်ချိန်ကစပြီး အာဆီယံဟာ အဖွဲ့ဝင်တိုင်းပြည်တွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာမျိုး မလုပ်ဘူးဆိုတဲ့ မူဝါဒကို ချမှတ်ထားပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီလတုန်းက မြန်မာစစ်ခေါင်းဆောင်နဲ့ အာဆီယံခေါင်းဆောင်တွေကြား သဘောတူထားတဲ့ ရန်လိုမှုတွေကို ရပ်တန့်ပြီး အငြင်းပွားနေတဲ့ နှစ်ဖက်ကြား တွေ့ဆုံ ဆွေးနွေးရေး အချက် ၅ ချက်ပါ သဘောတူညီချက်ကိုလည်း မြန်မာစစ်အစိုးရဘက်က အကောင်အထည်ဖော်ဖို့ နှေးကွေးနေပါတယ်။ ဒါက အာဆီယံ အပေါ် ဖိအားတွေ ဖြစ်စေပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဒေါ်မန်နီမောင် ထောက်ပြတာက -

“မြန်မာအနေနဲ့ ဧပြီလကုန်မှာ အချက် ၅ ချက် သဘောတူညီမှုထဲက တစ်စုံတစ်ရာကိုမှ အကောင်အထည်ဖော်နိုင်တာ မရှိဘူးဆိုရင် သူတို့အတွက် အကျိုးဆက်တွေ ဖြစ်လာမှာပါ။”

သမ္မတ ဝီဒိုဒိုက ရိုက်တာ (Reuters) သတင်းဌာနကို ပြောကြားရာမှတော့ မြန်မာစစ်အစိုးရဘက်က သဘောတူညီချက်ကို မလိုက်နာပါက ပြတ်ပြတ်သားသား ဆောင်ရွက်သွားဖို့ အသင့်ရှိတယ်လို ဆိုပါတယ်။ ဒါပေမယ့် အင်ဒိုနီးရှားအနေနဲ့ ဘယ်လို ပုံစံနဲ့ အရေးယူဆောင်ရွက်မလဲဆိုတာကိုတော့ အသေးစိတ် ထုတ်ပြောတာမျိုး မရှိသေးပါဘူး ခင်ဗျာ။

XS
SM
MD
LG