အင္ဒိုနီး႐ွားႏိုင္ငံအေနနဲ႔ သူ႕အရင္ အာဆီယံအလွည့္က်ဥကၠဌေတြျဖစ္တဲ့ ကေမ႓ာဒီးယားနဲ႔ ဘ႐ူးႏိုင္း လက္ထက္ကတည္းက႐ွိေနတဲ့ ျမန္မာ့အက်ပ္အတည္းကို ဘယ္လိုကိုင္တြယ္ေျဖ႐ွင္းမလဲ။ ဒီႏွစ္အတြင္းေ႐ြးေကာက္ပြဲက်င္းပမယ္လို႔ စစ္ေကာင္စီခ်ျပထားတဲ့ လမ္းေၾကာင္းကို အင္ဒိုနီး႐ွားက ဘယ္လိုတုံ႔ျပန္ဖို႔႐ွိမလဲ။
ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းထားတာ ႏွစ္ႏွစ္ၾကာျမင့္လာေပမယ့္ ပဋိပကၡေတြ ေျဖ႐ွင္းႏိုင္ျခင္းမ႐ွိတဲ့ အေျခအေနဟာ အာဆီယံႏိုင္ငံ အစိုးရေတြရဲ႕ ျမန္မာအေပၚ သေဘာထား ဘယ္လိုအေျပာင္းအလဲျဖစ္ေစသလဲ။
ၿပီးခဲ့တဲ့သီတင္းပတ္ေတြအတြင္း အင္ဒိုနီး႐ွားနဲ႔ မေလး႐ွားႏိုင္ငံေတြကို သြားေရာက္ၿပီး ႏိုင္ငံျခားေရးဝန္ႀကီးဌာနေတြက အရာ႐ွိေတြနဲ႔ ေတြ႕ဆုံခဲ့တဲ့ ၿဗိတိန္အေျခစိုက္ ျမန္မာ့လူ႕အခြင့္အေရးကြန္ရက္ အမႈေဆာင္ၫြန္ၾကားေရးမႉးလည္းျဖစ္၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ မြတ္စလင္လူမ်ိဴးမ်ား အတိုင္ပင္ခံေကာ္မတီရဲ႕ ေျပာခြင့္ရ ဦးေက်ာ္ဝင္းကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။
===== Unicode =======
အင်ဒိုနီးရှားနိုင်ငံအနေနဲ့ သူ့အရင် အာဆီယံအလှည့်ကျဥက္ကဌတွေဖြစ်တဲ့ ကမ္ဘောဒီးယားနဲ့ ဘရူးနိုင်း လက်ထက်ကတည်းကရှိနေတဲ့ မြန်မာ့အကျပ်အတည်းကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ။ ဒီနှစ်အတွင်းရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ကောင်စီချပြထားတဲ့ လမ်းကြောင်းကို အင်ဒိုနီးရှားက ဘယ်လိုတုံ့ပြန်ဖို့ရှိမလဲ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတာ နှစ်နှစ်ကြာမြင့်လာပေမယ့် ပဋိပက္ခတွေ ဖြေရှင်းနိုင်ခြင်းမရှိတဲ့ အခြေအနေဟာ အာဆီယံနိုင်ငံ အစိုးရတွေရဲ့ မြန်မာအပေါ် သဘောထား ဘယ်လိုအပြောင်းအလဲဖြစ်စေသလဲ။
ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေကို သွားရောက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနတွေက အရာရှိတွေနဲ့ တွေ့ဆုံခဲ့တဲ့ ဗြိတိန်အခြေစိုက် မြန်မာ့လူ့အခွင့်အရေးကွန်ရက် အမှုဆောင်ညွန်ကြားရေးမှူးလည်းဖြစ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိူးများ အတိုင်ပင်ခံကော်မတီရဲ့ ပြောခွင့်ရ ဦးကျော်ဝင်းကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။