သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ငလ်င္ဒဏ္သင့္ တူရကီနဲ႔ ဆီးရီးယား ကုလ အရာ႐ွိတခ်ဳိ ႔ သြားေရာက္


Turkey Syria Earthquake

တူရကီႏိုင္ငံေတာင္ပိုင္းနဲ႔ ဆီးရီးယားႏိုင္ငံ အေနာက္ေျမာက္ပိုင္းမွာ ရင္ဆိုင္ေနရတဲ့ ငလ်င္ဒဏ္ဟာ ဒီေဒသအတြင္း ႏွစ္ေပါင္း ၁၀၀ အတြင္း အဆိုးဆုံးျဖစ္မယ္လို႔ ကုလသမဂၢ ကူညီကယ္ဆယ္ေရးဆိုင္ရာ အႀကီးအကဲ Martin Griffiths က ေျပာၾကားလိုက္ပါတယ္။

တနလၤာေန႔က ဒီကို ဗဟိုျပဳလႈပ္ခတ္သြားတဲ့ ေျမငလ်င္ဟာ ဒီေဒသအတြက္ ႏွစ္ေပါင္း ၁၀၀ အတြင္းမွာ အဆုံးဆုံးျဖစ္ပါတယ္လို႔ တူရကီႏိုင္ငံ Kahramanmaraş ၿမိဳ႕မွာေရာက္ေနတဲ့ ကုလသမဂၢအႀကီးအကဲ Martin Griffiths က ဒီေန႔ ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။ အပ်က္အစီးေတြၾကား အသက္႐ွင္က်န္ေနႏိုင္သူေတြကို ကယ္ဆယ္ေရးေတြ ႐ွာေဖြေနတာကိုလည္း သူေလ့လာခဲ့ပါတယ္။

ဒီအေတာအတြင္း ကမၻာက်န္းမာေရးအဖြဲ႔ WHO အႀကီးအကဲ Tedros Adhanom Ghebreyesus ဟာလည္း ငလ်င္ဒဏ္ခံရတဲ့ ေဒသေတြထဲက တခုျဖစ္တဲ့ ဆီးရီးယားႏိုင္ငံ Aleppo ၿမိဳ႕ကို ဒီကေန႔ ေရာက္႐ွိပါတယ္။ ငလ်င္ေဘးသင့္ ဒုကၡသည္ေတြကို ႐ွိေနတဲ့ ေဆး႐ုံေတြနဲ႔ ယာယီခိုလုံေရး စခန္းေတြကို သြားေရာက္မွာ ျဖစ္ၿပီး ဆီးရီးယား က်န္းမာေရးဝန္ႀကီး နဲ႔ Aleppo ၿမိဳ႕ေတာ္ဝန္တို႔နဲ႔ ေတြ႔ဆုံမယ့္အေၾကာင္း ေဒသတြင္း သတင္းေတြက ေဖာ္ျပပါတယ္။

တူရကီမွာ ၇.၈ ျပင္းအား ဆီးရီးယားမွာ ၇.၅ ျပင္းအားနဲ႔ ေျမငလ်င္ေတြ လႈပ္ခဲ့တာ ၆ ရက္ေျမာက္ကာလာခ်ိန္မွာ အပ်က္အစီးပုံေတြထဲက အသက္႐ွင္ေနႏိုင္သူေတြ ကယ္ဆယ္ႏိုင္ဖို႔ အလားအလာ တေျဖးေျဖးနည္းလာေနပါတယ္။ ကယ္ဆယ္ေရးေတြကေတာ့ ဆက္လက္႐ွာေဖြေနၾကတာမွာ နာရီေပါင္း ၁၃၀ နီးပါး ပိတ္မိေနတဲ့ အမ်ိဳးသမီးတဦးကို Adiyaman မွာ ၿပိဳပ်က္ေနတဲ့ အေဆာက္အဦးပ်က္ေတြေအာက္ကေန ဒီေန႔ ကယ္ထုတ္ႏိုင္ခဲ့ပါတယ္။

တနလၤာေန႔က လႈပ္ခါခဲ့တဲ့ ငလ်င္ေၾကာင့္ တူရကီနဲ႔ ဆီးရီးယား ၂ ႏိုင္ငံေပါင္းမွာ ေသဆုံးသူ ၂ ေသာင္း ၄ ေက်ာ္သြားပါၿပီ။ Adiyaman ေဒသကို ေသာၾကာေန႔က သြားေရာက္ခဲ့တဲ့ တူရကီသမၼတ Recep Tayyip Erdogan က ကယ္ဆယ္ေရးလုပ္ငန္းေတြ ေႏွာင့္ေႏွးေနတာကို အသိအမွတ္ျပဳ ေျပာၾကားခဲ့ပါတယ္။ ငလ်င္ဒဏ္ ခံထားရတဲ့ ေဒသ ၁၀ ခုမွာ ၇ ရက္ၾကာ ဝမ္းနည္းျခင္းအထိမ္းအမွတ္ သတ္မွတ္သလို ၃ လၾကာအေရးအေပၚ အေျခအေနကိုလည္း သမၼတ Erdogan ေၾကညာခဲ့ပါတယ္။

ဆီးရီးယားမွာလည္း ကယ္ဆယ္ေရးေႏွာင့္ေႏွးေနတဲ့အေပၚ ေမးခြန္းထုတ္မႈေတြ ခံေနရပါတယ္။ ေသာၾကာေန႔ကေတာ့ သမၼတ Bashar al Assad နဲ႔ သူ႔ရဲ႕ဇနီးတို႔ Aleppo ၿမိဳ႕ကေဆး႐ုံမွာ တက္ေရာက္ကုသေနသူေတြကို သြားေရာက္အားေပးခဲ့ပါတယ္။ ႏိုင္ငံအေနာက္ေျမာက္ပိုင္း အတိုက္အခံ လက္နက္ကိုင္အဖြဲ႔ေတြ ထိန္းခ်ဳပ္ထားတဲ့ေနရာေတြအပါအဝင္ တႏိုင္ငံလုံးကို လူသားခ်င္းစာနာတဲ့ အကူအညီေတြ ေပးပို႔တာကို ခြင့္ျပဳတယ္လို႔ ဆီးရီးယားအစိုးရပိုင္ သတင္းမီဒီယာက ေသာၾကာေန႔က ေၾကညာခဲ့ပါတယ္။

အသက္ကယ္ဆယ္ေရးပစၥည္း ၇၂ တန္ကို တူရကီနဲ႔ ဆီးရီးယားႏိုင္ငံတို႔ဆီ ေပးပို႔ထားတယ္လို႔ ကမၻာ့က်န္းမာေရးအဖြဲ႔က ေသာၾကာေန႔က ေျပာပါတယ္။ အဲဒီပစၥည္းေတြနဲ႔ လူေပါင္း ၁ သိန္းေလာက္ကို ကုသေပးႏိုင္မွာ ျဖစ္ပါတယ္။

===== Unicode ====

တူရကီနိုင်ငံတောင်ပိုင်းနဲ့ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ ရင်ဆိုင်နေရတဲ့ ငလျင်ဒဏ်ဟာ ဒီဒေသအတွင်း နှစ်ပေါင်း ၁၀၀ အတွင်း အဆိုးဆုံးဖြစ်မယ်လို့ ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေးဆိုင်ရာ အကြီးအကဲ Martin Griffiths က ပြောကြားလိုက်ပါတယ်။

တနင်္လာနေ့က ဒီကို ဗဟိုပြုလှုပ်ခတ်သွားတဲ့ မြေငလျင်ဟာ ဒီဒေသအတွက် နှစ်ပေါင်း ၁၀၀ အတွင်းမှာ အဆုံးဆုံးဖြစ်ပါတယ်လို့ တူရကီနိုင်ငံ Kahramanmaraş မြို့မှာရောက်နေတဲ့ ကုလသမဂ္ဂအကြီးအကဲ Martin Griffiths က ဒီနေ့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အပျက်အစီးတွေကြား အသက်ရှင်ကျန်နေနိုင်သူတွေကို ကယ်ဆယ်ရေးတွေ ရှာဖွေနေတာကိုလည်း သူလေ့လာခဲ့ပါတယ်။

ဒီအတောအတွင်း ကမ္ဘာကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus ဟာလည်း ငလျင်ဒဏ်ခံရတဲ့ ဒေသတွေထဲက တခုဖြစ်တဲ့ ဆီးရီးယားနိုင်ငံ Aleppo မြို့ကို ဒီကနေ့ ရောက်ရှိပါတယ်။ ငလျင်ဘေးသင့် ဒုက္ခသည်တွေကို ရှိနေတဲ့ ဆေးရုံတွေနဲ့ ယာယီခိုလုံရေး စခန်းတွေကို သွားရောက်မှာ ဖြစ်ပြီး ဆီးရီးယား ကျန်းမာရေးဝန်ကြီး နဲ့ Aleppo မြို့တော်ဝန်တို့နဲ့ တွေ့ဆုံမယ့်အကြောင်း ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။

တူရကီမှာ ၇.၈ ပြင်းအား ဆီးရီးယားမှာ ၇.၅ ပြင်းအားနဲ့ မြေငလျင်တွေ လှုပ်ခဲ့တာ ၆ ရက်မြောက်ကာလာချိန်မှာ အပျက်အစီးပုံတွေထဲက အသက်ရှင်နေနိုင်သူတွေ ကယ်ဆယ်နိုင်ဖို့ အလားအလာ တဖြေးဖြေးနည်းလာနေပါတယ်။ ကယ်ဆယ်ရေးတွေကတော့ ဆက်လက်ရှာဖွေနေကြတာမှာ နာရီပေါင်း ၁၃၀ နီးပါး ပိတ်မိနေတဲ့ အမျိုးသမီးတဦးကို Adiyaman မှာ ပြိုပျက်နေတဲ့ အဆောက်အဦးပျက်တွေအောက်ကနေ ဒီနေ့ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

တနင်္လာနေ့က လှုပ်ခါခဲ့တဲ့ ငလျင်ကြောင့် တူရကီနဲ့ ဆီးရီးယား ၂ နိုင်ငံပေါင်းမှာ သေဆုံးသူ ၂ သောင်း ၄ ကျော်သွားပါပြီ။ Adiyaman ဒေသကို သောကြာနေ့က သွားရောက်ခဲ့တဲ့ တူရကီသမ္မတ Recep Tayyip Erdogan က ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးနေတာကို အသိအမှတ်ပြု ပြောကြားခဲ့ပါတယ်။ ငလျင်ဒဏ် ခံထားရတဲ့ ဒေသ ၁၀ ခုမှာ ၇ ရက်ကြာ ဝမ်းနည်းခြင်းအထိမ်းအမှတ် သတ်မှတ်သလို ၃ လကြာအရေးအပေါ် အခြေအနေကိုလည်း သမ္မတ Erdogan ကြေညာခဲ့ပါတယ်။

ဆီးရီးယားမှာလည်း ကယ်ဆယ်ရေးနှောင့်နှေးနေတဲ့အပေါ် မေးခွန်းထုတ်မှုတွေ ခံနေရပါတယ်။ သောကြာနေ့ကတော့ သမ္မတ Bashar al Assad နဲ့ သူ့ရဲ့ဇနီးတို့ Aleppo မြို့ကဆေးရုံမှာ တက်ရောက်ကုသနေသူတွေကို သွားရောက်အားပေးခဲ့ပါတယ်။ နိုင်ငံအနောက်မြောက်ပိုင်း အတိုက်အခံ လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာတွေအပါအဝင် တနိုင်ငံလုံးကို လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးပို့တာကို ခွင့်ပြုတယ်လို့ ဆီးရီးယားအစိုးရပိုင် သတင်းမီဒီယာက သောကြာနေ့က ကြေညာခဲ့ပါတယ်။

အသက်ကယ်ဆယ်ရေးပစ္စည်း ၇၂ တန်ကို တူရကီနဲ့ ဆီးရီးယားနိုင်ငံတို့ဆီ ပေးပို့ထားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သောကြာနေ့က ပြောပါတယ်။ အဲဒီပစ္စည်းတွေနဲ့ လူပေါင်း ၁ သိန်းလောက်ကို ကုသပေးနိုင်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG