သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပည္သူဘက္ကရပ္တည္တဲ့ CDM သံဝန္ထမ္းမ်ား


ကုလဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္း

=== [[ ZAWGYI ]] ===

ျပည္သူဘက္ကရပ္တည္တဲ့ CDM သံဝန္ထမ္းမ်ား


ျမန္မာႏိုင္ငံမွာ ၂၀၂၁ စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း သံအမတ္ႀကီးအဆင့္အပါအဝင္ သံရံုးအရာရွိတခ်ဳိ႕နဲ႔ ႏိုင္ငံျခားေရးဝန္ထမ္း ရာဂဏန္း အၾကမ္းမဖက္အာဏာဖီဆန္တဲ့ CDM လႈပ္ရွားမႈထဲ ပါဝင္ခဲ့ၾကပါတယ္။ အဲဒီလိုလုပ္ခဲ့တာက ႏိုင္ငံတကာ သံတမန္ဆက္ဆံေရးမွာ စစ္ေကာင္စီကို ထိုးႏွက္မႈတရပ္ ျဖစ္ေစခဲ့တယ္လို႔ CDM လုပ္ထားတဲ့ သံအရာရွိေတြက အာဏာသိမ္း ၂ ႏွစ္ျပည့္ကာလမွာ ေျပာၾကားလိုက္ပါတယ္။ ျပည္သူေတြအေပၚ စစ္ေကာင္စီရဲ႕ အၾကမ္းဖက္ ႏွိမ္ႏွင္းမႈေတြကို ႏိုင္ငံတကာအသိုင္းအဝိုင္းသိေအာင္ လုပ္ေဆာင္ေနၾကတယ္လို႔လည္းေျပာပါတယ္။ CDM သံအရာရွိတခ်ဳိ႕နဲ႔ ဆက္သြယ္ေမးျမန္းထားတဲ့ ကိုဉာဏ္ဝင္းေအာင္က အာဏာသိမ္း (၂) ႏွစ္ျပည့္ အထူးအစီအစဥ္အျဖစ္ တင္ဆက္ထားပါတယ္။


ျမန္မာႏိုင္ငံမွာ ေရြးေကာက္ခံ အရပ္သားအစိုးရကို ျဖဳတ္ခ်ၿပီး ၂၀၂၁ ေဖေဖၚဝါရီလ စစ္တပ္က အာဏာသိမ္းခ်ိန္မွာ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက အရာရွိတခ်ဳိ႕နဲ႔အတူ ႏိုင္ငံတကာ ျမန္မာသံရုံးေတြမွာ တာဝန္ထမ္းေဆာင္ေနၾကတဲ့ သံအရာရွိတခ်ဳိ႕၊ ဝန္းထမ္းတခ်ဳိ႕ဟာလည္း အၾကမ္းမဖက္ အာဏာဖီဆန္တဲ့ CDM လႈပ္ရွားမႈထဲ ပါဝင္ခဲ့ၾကပါတယ္။ အဲဒီထဲမွာ ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကလည္း စစ္အာဏာသိမ္းတာကို လက္မခံႏိုင္တဲ့အတြက္ သူ CDM လုပ္ေၾကာင္း ၂၀၂၁ ေဖေဖၚဝါရီ(၂၆)ရက္ေန႔ ကုလသမဂၢအေထြေထြ ညီလာခံမိန္႔ခြန္းမွာ ထည့္သြင္းေျပာဆိုခဲ့တာပါ။ ဒီလုပ္ေဆာင္ခ်က္က စစ္အုပ္စုကို အငိုက္မိသြားေစခဲ့တယ္လို႔ သုံးသပ္ၾကပါတယ္။

ျပည္သူေတြရဲ႕လိုလားေတာင္းဆိုခ်က္ေတြကို သူ႔အေနနဲ႔ ထပ္တူ နားလည္ လက္ခံတာေၾကာင့္လည္း CDM လႈပ္ရွားမႈထဲ ပါဝင္လာရတာလို႔ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက VOA ကို ရွင္းျပပါတယ္။

" ဒီလို CDM လုပ္ေဆာင္ခဲ့တာကို က်ေနာ္ လုံးဝ ေနာင္တမရပါဘူး။ က်ေနာ္ ဂုဏ္လည္းယူပါတယ္။ ဘာလို႔လဲဆိုေတာ့ ျပည္သူေတြနဲ႔အတူ ရပ္တည္ရတဲ့အတြက္ေၾကာင့္။ က်ေနာ္က ျပည္သူထဲက ျပည္သူတေယာက္ျဖစ္တယ္ ျပည္သူ႔ဝန္ထမ္းတေယာက္ ျဖစ္တဲ့အတြက္ေၾကာင့္ ဒါကို ဂုဏ္ယူပါတယ္။ ျပည္သူ႔ ဝန္ထမ္းေတြ အေနနဲ႔ ျပည္သူေတြနဲ႔အတူ တသားတည္း ရပ္တည္ဖို႔လိုတယ္။ ျပည္သူေတြ ဘာျဖစ္ခ်င္လဲ၊ ျပည္သူေတြ ဘာဆႏၵရွိလဲ ဆိုတဲ့ဥစၥာကို သိသိႀကီးနဲ႔ မသိခ်င္ေယာင္ေဆာင္ေနတာ မၾကားခ်င္ေယာင္ေဆာင္ေနတဲ့ ဥစၥာေတြကိုေတာ့ ပြင့္ပြင့္လင္းလင္း ေျပာရရင္ က်ေနာ္ ျပင္းျပင္းထန္ထန္ ကန္႔ကြက္ပါတယ္။ "

နယူးေယာက္ ကုလသမဂၢက ဦးေက်ာ္မိုးထြန္းတင္မကပဲ အေမရိကန္မွာရွိတဲ့ ဝါရွင္တန္ဒီစီ ျမန္မာသံရုံး၊ LA ေကာင္စစ္ဝန္ရုံး၊ ဂ်ာမနီ၊ လန္ဒန္၊ တုိက်ဳိ၊ ကမေၻာဒီးယား အစရွိတဲ့ေဒသ ျမန္မာသံရုံးေတြက သံအရာရွိေတြနဲ႔ ဝန္ထမ္းတခ်ဳိ႕လည္း CDM လုပ္ခဲ့ၾကတာပါ။ ဒီလို ႏိုင္ငံတကာေရာက္ ျမန္မာသံတမန္ေတြရဲ႕ CDM လႈပ္ရွားမႈကေန အထူးသျဖင့္ေတာ့ ကုလသမဂၢလို ႏိုင္ငံတကာသံတမန္ေရး မ်က္ႏွာစာမွာ စစ္ေကာင္စီကုိယ္စားလွယ္ ေနရာမရႏိုင္တာက ထိေရာက္မႈတခု ျဖစ္တယ္လို႔ ဦးေက်ာ္မုိးထြန္းက ရႈျမင္ပါတယ္။

" ဒီ ၂၀၂၁ စစ္တပ္က အာဏာသိမ္းၿပီးတဲ့အခ်ိန္မွာ အထူးသျဖင့္ ႏိုင္ငံတကာ ဆက္ဆံေရးအပိုင္းကို ၾကည့္လိုက္တယ္ဆိုရင္ သူတို႔လုပ္ခ်င္တိုင္း လုပ္လို႔ မရဘူးဆိုတဲ့ဟာေတာ့ အရမ္းေပၚလြင္ပါတယ္။ ဥပမာ ဒီကုလသမဂၢ မ်က္ႏွာစာမွာဆိုရင္ ဒီစစ္တပ္အေနနဲ႔ လုံးဝကို .. မတရား စစ္တပ္အေနနဲ႔ ဘယ္လိုမွ ကုိယ္စားျပဳခြင့္ မရဘူးဆိုတဲ့ဥစၥာကေတာ့ အခုထိေပါ့ေနာ္ အရမ္းကိုေပၚလြင္ေနတယ္ဆိုတဲ့ဥစၥာ က်ေနာ္တို႔ေျပာစရာမလိုေအာင္ကို ထင္ထင္ရွားရွား ျဖစ္ေနတယ္ေပါ့ေနာ္။ အခု စစ္ေကာင္စီဆိုရင္ ၾကည့္လိုက္ရင္ အျခားအျခားေသာ Platform ေတြမွာ(မီဒီယာ စာမ်က္ႏွာေတြမွာ) သူတို႔အေနနဲ႔ Disinformation/ misinformation (လုပ္ႀကံဖန္တီးထားတဲ့ သတင္းအလဲြအမွားေတြ) ေပါ့ေနာ္၊ သူတို႔ ဝါဒျဖန္႔ခ်င္တဲ့ Propaganda ေတြကုိ လုပ္ေနတာေတြရွိတယ္။ ဒါေပမဲ့ ဒီႏိုင္ငံတကာ ဆက္ဆံေရးမွာေပါ့.. အထူးသျဖင့္ နယူးေယာက္ ကုလသမဂၢ မ်က္ႏွာစာမွာေတာ့ ဘာပဲေျပာေျပာ က်ေနာ္တို႔အေနနဲ႔ ျပည္တြင္းမွာ ျဖစ္ပ်က္ေနတဲ့ဥစၥာ၊ ေနာက္ၿပီး ျပည္သူေတြ ရင္ဆိုင္ေနရတဲ့ဥစၥာ အားလုံးအားလုံးေပါ့ေနာ္၊ ေန႔စဥ္ဓူဝ ျဖစ္ေနတဲ့ အခ်က္အလက္ေတြကို က်ေနာ္တို႔က ႏိုင္ငံတကာအသိုင္းအဝုိင္းကို ေတာက္ေလ်ာက္ အသိေပးႏိုင္တဲ့ အတြက္ေၾကာင့္မို႔ ဘယ္လိုပဲျဖစ္ျဖစ္ စစ္ေကာင္စီက လုပ္ခ်င္တဲ့ ဝါဒျဖန္႔တာေတြကို အတိုင္းအတာတခုထိေတာ့ တားဆီးႏိုင္ခဲ့တယ္ေပါ့။ ဒါေၾကာင့္ ႏိုင္ငံတကာကို သူတို႔ လိမ္လည္လွည့္ဖ်ားလို႔ မရဘူးဆိုတဲ့ဥစၥာေတာ့ ဒီအခ်က္တခုထဲကကိုပဲ ေတာ္ေတာ္ တာသြားတယ္လို႔ေတာ့ က်ေနာ္ ေျပာလို႔ရပါတယ္ခင္ဗ်။ "

ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွာ တာဝန္ထမ္းေဆာင္ေနတဲ့ အရာရွိနဲ႔ဝန္ထမ္း (၁,၀၀၀)ေက်ာ္ရွိတဲ့အနက္ ျမန္မာျပည္တြင္းနဲ႔ ႏိုင္ငံတကာမွာ ခုခ်ိန္ထိ CDM လုပ္ထားသူ သံတမန္(၁၀၀)ေက်ာ္ရွိတာေၾကာင့္ ၁၀% ေလာက္ CDM ဝင္ထားၾကတာပါ။ အဲဒီအထဲမွာ ႏိုင္ငံတကာက ျမန္မာသံရုံး အရာရွိနဲ႔သံဝန္ထမ္း စုစုေပါင္း(၂၂)ဦး CDM လုပ္ထားၾကပါတယ္။

ဝါရွင္တန္ဒီစီ ျမန္မာသံရုံးမွာ တတိယအတြင္းဝန္အျဖစ္ တာဝန္ယူခဲ့ဖူးၿပီး အေစာပုိင္းမွာ ရုံးတက္ရင္း CDM လုပ္ခဲ့တဲ့ ဦးေက်ာ္စြာထြန္းကလည္း သံတမန္ေတြရဲ႕ CDM လႈပ္ရွားမႈက ေႏြဦးေတာ္လွန္းေရးအတြက္ အေထာက္အပံ့ျဖစ္ေစခဲ့တယ္လို႔ ဆိုပါတယ္။

" က်ေနာ္တုိ႔ ၈၈ မွာတုန္းက သံတမန္ မပါတဲ့အတြက္ေၾကာင့္ သူတို႔ရဲ႕(စစ္အုပ္စုရဲ႕) လုပ္ေဆာင္မႈ အမ်ားႀကီး ထိေရာက္က်ယ္ျပန္႔သြားတယ္။ က်ေနာ္တုိ႔အခု လက္ရွိမွာ သံတမန္ေတြ ပါလာတဲ့အတြက္ေၾကာင့္၊ လက္ဦးမႈ ယူႏိုင္မႈ၊ ေနရာယူထားမႈ .. ေနာက္ သတင္းျဖန္႔က်က္ႏိုင္မႈ - သတင္းျဖန္႔က်က္ႏိုင္မႈဆိုတာ လက္ေတြ႔ျဖစ္ပ်က္ေနတဲ့ ေျမျပင္အေနအထားေတြရဲ႕သတင္း ျဖန္႔က်က္ႏိုင္မႈေတြက အမ်ားႀကီး တာသြားပါတယ္။ ျပည္တြင္းမွာ စစ္ေကာင္စီရဲ႕ မတရားမႈေတြကို ပြင့္လင္းျမင္သာစြာ က်ေနာ္တို႔ ေဖၚထုတ္ႏိုင္ခဲ့တယ္။ အဲဒီလုိ ေဖၚထုတ္ႏိုင္တာေၾကာင့္ စစ္ေကာင္စီက လက္ရွိအခ်ိန္ထိ သူတို႔လိုခ်င္သလို လုပ္ခ်င္သလို ပုံေဖၚလို႔မရဘူး ဆိုတဲ့ဟာကို ျဖစ္ေပၚလာေစတာေပါ့။ အဲဒီေတာ့ က်ေနာ္တုိ႔ သံတမန္ေတြ ပါလာတယ္ဆိုတဲ့ဟာက ၂၀၂၁ ေႏြဦးေတာ္လွန္ေရးရဲ႕ ေအာင္ျမင္မႈထဲမွာ တစ္ခု ပါဝင္တယ္လို႔ေျပာလို႔ရပါတယ္ခင္ဗ်။ "

ဦးေက်ာ္မိုးထြန္းကို ရာဇသတ္ႀကီးပုဒ္မ ၁၂၂ (၂)အရ ႏိုင္ငံေတာ္သစၥာ ေဖါက္ဖ်က္ပုန္ကန္သူအျဖစ္ ၂၀၂၁ မတ္လ(၂၁)ရက္မွာ စစ္ေကာင္စီက ေၾကညာ ဖမ္းဝရမ္း ထုတ္ထားသလို၊ ဦးေက်ာ္မိုးထြန္းေနရာမွာ ဝါရွင္တန္ဒီစီ ျမန္မာစစ္သံမႉး ဗုိလ္မႉးႀကီး ေအာင္သူရိန္ကုိ ကုလသမဂၢ ျမန္မာအျမဲတမ္းကိုယ္စားလွယ္အျဖစ္ အစားထိုးဖို႔ အႀကိမ္ႀကိမ္ႀကဳိးပမ္းခဲ့ေပမယ့္ ခုထိ မေအာင္ျမင္ႏိုင္ပဲ လက္ေလ်ာ့ထားပုံတယ္ ရတယ္ဆိုတဲ့ ေဝဖန္မႈေတြလည္း ရွိပါတယ္။

အရင္ စစ္အစုိးရလက္ထက္တုန္းက ကုလသမဂၢလုံၿခဳံေရးေကာင္စီမွာ စစ္အုပ္စုကို အကာအကြယ္ေပးေလ့ရွိတဲ့ တရုတ္နဲ႔ ရုရွားတို႔လို ႏိုင္ငံႀကီးေတြကေတာင္ ျမန္မာ့အေရးနဲ႔ ပတ္သက္တဲ့ လုံၿခဳံေရးေကာင္စီရဲ႕ ၂၀၂၂ ဒီဇင္ဘာ ဆုံးျဖတ္ခ်က္မွာ ဗီတုိအာဏာမသုံးေတာ့ပဲ လက္ေရွာင္သြားတာကို ၾကည့္ရင္ စစ္ေကာင္စီရဲ႕လုပ္ရပ္ေတြကို ႏိုင္ငံတကာက လက္မခံႏို္င္ဘူးဆိုတာ ေပၚလြင္ေနတယ္လို႔ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက သုံးသပ္ပါတယ္။

" ဟုိ ..သူတို႔ရဲ႕ ကိုယ္စားေတာ့ က်ေနာ္ေျပာလို႔ မရဘူးေပါ့ေနာ္။ ဒါေပမဲ့ က်ေနာ္ျမင္တဲ့ အျမင္ကိုေတာ့ ေျပာလို႔ရမွာေပါ့ေနာ္။ ဘယ္လိုပဲျဖစ္ျဖစ္ ျပန္ၾကည့္လုိက္ရင္ ၂၀၀၇ ခုႏွစ္က ဒီကုလသမဂၢ လုံၿခဳံေရးေကာင္စီမွာ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီးေတာ့ ဆုံးျဖတ္ခ်က္အဆိုမူၾကမ္းတခု တင္ခဲ့ဖူးတယ္။ ဒါေပမဲ့ တရုတ္နဲ႔ ရုရွားကေနၿပီးေတာ့ ဗီတုိသုံးၿပီး Double Veto ကိုသုံးၿပီးေတာ့ ပယ္ခ်ခဲ့တဲ့ဟာ တစ္ခု ရွိခဲ့တယ္ေပါ့ေနာ္။ ဒါေပမ့ဲ အခု ၂၀၂၂ မွာေတာ့ သူတို႔ေတြ ဒီလုိမ်ဳိး ဗီတိုသုံးခြင့္ ရွိေသာ္လည္းပဲ မသုံးခဲ့ဘူးေပါ့ေနာ္။ အဲဒါကေတာ့ ထင္ရွားပါတယ္ေပါ့ေနာ္၊ ေျမျပင္မွာ ဒီေလာက္ သတ္ျဖတ္ေနတဲ့ဥစၥာေတြ၊ ေျမျပင္မွာ လူေတြေပၚ ဒီေလာက္ မတရားက်င့္ေနတဲဟာေတြကို သူတို႔ သိတယ္ဆိုတဲ့ဟာက သူတို႔ရဲ႕ဒီလုပ္ေဆာင္ခ်က္က ျပေနပါတယ္။ ေနာက္တခုကလည္းေပါ့ေနာ္ အာဆီယံႏိုင္ငံေတြ အတြင္းမွာလည္း ေျမျပင္မွာျဖစ္ေနတဲ့ ျပည္သူေတြ ခံစားေနရတဲ့ ဥစၥာကို ေကာင္းေကာင္း နားလည္သေဘာေပါက္တဲ့ ႏိုင္ငံေတြကလည္း ဒါေတြက မျဖစ္သင့္ဘူးဆိုတဲ့ ဥစၥာေတြ ေတာက္ေလ်ာက္ေျပာေနတဲ့ဟာေတြ ရွိတာကလည္းေပါ့ေနာ္၊ က်ေနာ္တို႔ ျပည္သူေတြရဲ႕ အသံကိုၾကားသလို ၊ အဲလိုမ်ဳိး ေဒသတြင္း ႏိုင္ငံေတြရဲ႕ အသံကိုလည္း ၾကားတယ္ဆိုတဲ့ဥစၥာ ဒီမွာေပၚလြင္ေနပါတယ္။ ဒါေၾကာင့္ ဘယ္လိုပဲျဖစ္ျဖစ္ အျခားႏုိင္ငံေတြအေနနဲ႔ က်ေနာ္တို႔ ျပည္သူေတြ ခံစားေနရတဲ့ဥစၥာကို ကိုယ္ခ်င္းစာၿပီး ဒီတိုင္း လက္ပိုက္ၾကည့္ မေနၾကဘူးလို႔ေတာ့ ဒီဥပမာက ျပေတာ့ျပေနပါတယ္။ "

စစ္တပ္အာဏာသိမ္းၿပီး သိပ္မၾကာခင္မွာပဲ ျမန္မာစစ္ေခါင္းေဆာင္နဲ႔ အေပါင္းအပါေတြကို ပစ္မွတ္ထားတဲ့ ဒဏ္ခတ္ပိတ္ဆို႔မႈေတြကို အေမရိကန္နဲ႔ ဥေရာပသမဂၢတုိ႔က ခ်မွတ္ခဲ့ၿပီး၊ အဲဒီေနာက္ပိုင္း ရန္ကုန္ အေမရိကန္သံရုံးမွာ အေမရိကန္သံအမတ္ႀကီးကို ဆက္ၿပီး မေစလႊတ္ေတာ့ပဲ သံတမန္အဆင့္ကို ေလ်ာ့ခ်ထားပါတယ္။ တဖက္မွာ ဝါရွင္တန္ဒီစီက အေမရိကန္ဆိုင္ရာ ျမန္မာသံရုံးမွာလည္း အရင္ သံအမတ္ႀကီး ဦးေအာင္လင္း တာဝန္ၿပီးဆုံးသြားၿပီးေနာက္ ျမန္မာသံအမတ္ႀကီးအသစ္ကို ေစလႊတ္ျခင္းမရွိပဲ အဲဒီထက္ တဆင့္နိမ့္တဲ့ ရာထူးေနရာအတြက္ ဦးသက္ဝင္းဆိုသူကို ျမန္မာသံအမတ္အျဖစ္ ေနျပည္ေတာ္က ေစလႊတ္ခဲ့ပါတယ္။

အရင္ကဆိုရင္ ဝါရွင္တန္ဒီစီ ျမန္မာသံရုံးဟာ ႏိုင္ငံအတြက္ သံတမန္ေရးႀကဳိးပမ္းဖို႔ သက္ဝင္လႈပ္ရွားခဲ့ေပမဲ့ ၊ ခုေတာ့ ဆက္သြယ္ေရးရုံးအဆင့္ေလာက္သာ ရွိေတာ့တယ္လို႔ သံရုံးမွာ တတိယအတြင္းဝန္အျဖစ္ တာဝန္ထမ္းခဲ့တဲ့ ဦးေက်ာ္စြာထြန္းက ေျပာပါတယ္။

" က်ေနာ္တို႔ ျမန္မာသံရုံးအပါအဝင္ ဝါရွင္တန္မွာရွိတဲ့ သံ႐ုံးေတြဆိုတာက ကမၻာေပၚမွာ ၾသဇာတိကၠမႀကီးတဲ့ အေမရိကန္က သံတမန္အသို္င္းအဝိုင္းနဲ႔ တိုက္ရိုက္ ထိေတြ႔ရတယ္။ ႏိုင္ငံ့အက်ဳိးအတြက္ ထိေတြ႔ၿပီး စကားေျပာရတဲ့ေနရာေပါ့ေနာ္။ ေျပာမယ္ဆိုရင္ Active ျဖစ္ခဲ့တယ္ေပါ့။ လက္ရွိအေနအထားမွာ ဘာျဖစ္သြားလဲဆိုေတာ့ ဒီသံရုံးႀကီးက အေဆာက္အဦပဲရွိတယ္။ Correspondent ရုံးတခုအေနနဲ႔ပဲ ရွိေတာ့တယ္။ သံတမန္ ဆက္ဆံေရးဆိုတဲ့ဟာမွာ ဘာမွမရွိေတာ့ဘူး။ လက္ရွိမွာ အေမရိကန္ကိုယ္ႏႈိက္ကိုက သံတမန္အဆက္အသြယ္မွာ ျမန္မာသံရုံးနဲ႔ကို Favoritism ဘာတခုမွ မရွိဘူး။ အဲဒီေတာ့ အေမရိကန္လို ႏို္င္ငံကေတာင္ မရွိတာ ဝါရွင္တန္မွာရွိၾကတဲ့ အျခားေသာသံရုံးေတြကလည္း သူတို႔လုပ္တဲ့ အစီအစဥ္ေတြ ပြဲေတြမွာ ဖိတ္ၾကားျခင္း ဘာတခုမွ မရွိေတာ့ဘူး။ "

ဦးေက်ာ္စြာထြန္းရဲ႕ အခုလို ေဝဖန္ ေျပာဆိုမႈနဲ႔ပတ္သက္ၿပီး လက္ရွိအေျခအေနေတြ ပိုသိႏိုင္ဖို႔ ဝါရွင္တန္ဒီစီ ျမန္မာသံရုံး တာဝန္ရွိသူေတြကို ဆက္သြယ္ခဲ့ေပမဲ့ လက္ခံျေဖၾကားျခင္း မရွိပါဘူး။

ကုလဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကေတာ့ သူအခု ရရွိထားတဲ့ အခြင့္အလမ္းေတြကေန ျမန္မာျပည္သူေတြရဲ႕ လိုလားေတာင္းဆိုခ်က္ကို ႏိုင္ငံတကာက ဝုိင္းဝန္း အေကာင္ထည္ေဖၚ ေဆာင္ရြက္ေပးလာမယ့္အထိ ဆက္လက္ ႀကဳိးပမ္းသြားမွာ ျဖစ္တယ္လုိ႔ ကတိျပဳလိုက္ပါတယ္။

" အားလုံး သိတဲ့အတိုင္းေပ့ါေနာ္။ ၿပီးခဲ့တဲ့ ၂၀၂၁ ဧၿပီ ေမ ေလာက္ထဲက စၿပီးေတာ့ ၾကည့္လိုက္ရင္ ျပည္သူေတြက လမ္းေတြေပၚမွာ ပလာကဒ္ေတြ ကိုင္ၿပီးေတာ့ (Responsibility to Protect) R2P ကို ေတာင္းဆုိေနတဲ့ဥစၥာေတြ ရွိတယ္ေပါ့ေနာ္။ ေနာက္ၿပီးေတာ့ စစ္တပ္က Fighter Jet ေတြ သုံးၿပီးေတာ့ မတရား ဗုံးႀကဲေနတာေတြ၊ ရဟတ္ယာဥ္ေတြ သုံးၿပီးေတာ့ စက္ေသနတ္ေတြနဲ႔ ျပည္သူေတြကို ပစ္ခတ္တိုက္ခိုက္ေနတဲ့ဥစၥာေတြ ရွိခဲ့တယ္။ ဒါေၾကာင့္ က်ေနာ္တုိ႔ ဒီဖက္ ကုလ မ်က္ႏွာစာမွာ မိန္႔ခြန္းေတြထဲမွာ ေတာက္ေလ်ာက္ပဲ R2P ရဲ႕ principles ကို apply လုပ္ဖို႔ ၊ ေနာက္ၿပီးေတာ့ ေလေၾကာင္းသြားတဲ့ဥစၥာေတြကို ဟန္႔တားေပးႏိုင္ဖို႔အတြက္ No Fly Zone တုိ႔၊ ေနာက္ၿပီး ေလယာဥ္ဆီ Jet Fuel တင္သြင္းတဲ့ဥစၥာေတြကို တားဆီးပိတ္ပင္ ေပးဖို႔ က်ေနာ္တို႔ေတာက္ေလ်ာက္ ေတာင္းဆိုခဲ့တာ ရွိတယ္ေပါ့ေနာ္။ ဒါေတြက ကိုယ့္ရည္မွန္းခ်က္ မျဖစ္ရင္၊ ကိုယ္ ေမွ်ာ္လင့္ထားသလို ျဖစ္မလာရင္ေတာ့ သူသူကိုယ္ကုိယ္ေပါ့ေနာ္ စိတ္ပ်က္မိၾကမွာပဲ။ က်ေနာ္လည္း ျပည္သူထဲက ျပည္သူ တေယာက္ျဖစ္တဲ့အတြက္ ျပည္သူေတြနဲ႔အတူ disappointed ျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အားလုံးသိတဲ့အတိုင္း ၿပီးခဲ့တဲ့ ဒီဇင္ဘာတုန္းကေတာ့ ကုလသမဂၢလုံၿခဳံေရးေကာင္စီက ဆုံးျဖတ္ခ်က္အဆုိတခု ခ်မွတ္ႏိုင္ခဲ့တယ္။ အဲဒီဆုံးျဖတ္ခ်က္မွာေတာ့ က်ေနာ္တို႔ လိုလားတဲ့အခ်က္လက္ေတြ ေတာ့ အျပည့္အဝ ပါလာတာမ်ဳိးေတာ့ မရွိဘူး။ ဒါေပမဲ့လည္း အဲဒါက လုံၿခဳံေရးေကာင္စီရဲ႕ ဆုံးျဖတ္ခ်က္အဆိုျဖစ္တယ္။ Legally binding (လိုက္နာရမယ့္ဆုံးျဖတ္ခ်က္) ျဖစ္တယ္ ၊ က်ေနာ္တို႔ ျမန္မာႏိုင္ငံသမုိင္းမွာ တခါမွ မရွိေသးတဲ့ ဆုံးျဖတ္ခ်က္တခုေတာ့ က်ေနာ္တုိ႔ ခ်ႏိုင္ခဲ့တဲ့ဟာေတာ့ ရွိတာေပါ့ေနာ္။ တဖက္ကလည္း Multilateral (ႏိုင္ငံစုံ ပါဝင္ဆုံးျဖတ္ရမွာ) ျဖစ္တဲ့အတြက္ေၾကာင့္ တႏုိင္ငံထဲက လုပ္ခ်င္တဲ့ဥစၥာေတြကို တၿပဳိင္နက္ထဲမွာ တေနရာထဲမွာ တခ်ိန္ထဲမွာ လုပ္ဖို႔ဆိုတဲ့ဥစၥာကေတာ့ Multilateralism ရဲ႕ သေဘာသဘာဝအရ ခက္ခဲတယ္ဆိုတာ အားလုံးလည္း သိပါတယ္ေပါ့ေနာ္။ တခ်ိန္ထဲမွာပဲ ေျပာရရင္ေတာ့ ဒီလိုမ်ဳိးကိစၥ ေတြဟာ အခ်ိန္ယူ ေဆာင္ရြက္ရတဲ့ ဥစၥာေတြ ျဖစ္တဲ့အတြက္ေၾကာင့္ ဒီ လုံၿခဳံေရးေကာင္စီရဲ႕ ဆုံးျဖတ္ခ်က္အေပၚ အေျခခံၿပီးေတာ့ Crime Against Humanity တို႔ War Crime စစ္ရာဇဝတ္မႈတို႔ က်ဴးလြန္ေနတဲ့ ဒီ စစ္တပ္ေခါင္းေဆာင္ပိုင္းက လူေတြကို တခ်ိန္ေရာက္ရင္ေတာ့ အေႏွးနဲ႔အျမန္ ဆိုသလို အေရးယူသြားႏိုင္ လိမ့္မယ္လို႔ေတာ့ က်ေနာ္တုိ႔ ေမွ်ာ္လင့္ပါတယ္။ ယုံလည္း ယုံၾကည္ပါတယ္ ေပါ့ေနာ္။"

ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွာ ႏွစ္အေတာ္ၾကာ တာဝန္ထမ္းလာတဲ့ ဦးေက်ာ္မိုးထြန္းကို နယူးေယာက္ ကုလသမဂၢဆိုင္ရာ ျမန္မာအျမဲတမ္းကိုယ္စားလွယ္အျဖစ္ ၂၀၂၀ ခုႏွစ္ ေအာက္တိုဘာလထဲ NLD အစိုးရက တာဝန္ေပးခဲ့တာပါ။ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းနဲ႔ NUCC အမ်ဳိးသားညီညြတ္ေရးအတုိင္ပင္ခံေကာင္စီတို႔ကို၂၀၂၃ ခုႏွစ္အတြက္ ၿငိမ္းခ်မ္းေရးႏိုဘဲလ္ဆုေပးသင့္တယ္ဆိုၿပီး သီးျခားလြတ္လပ္တဲ့ သုေတသနအဖြဲ႔ျဖစ္တဲ့ PRIO က ဆန္ကာတင္ လူပုဂၢဳိလ္နဲ႔ အဖြဲ႔အစည္းအမည္ စာရင္း ၅ ခုထဲ ဒီရက္ပိုင္းမွာပဲ ထည့္သြင္းေဖၚျပခဲ့ပါတယ္။

ျပည္သူဘက္ကရပ္တည္တဲ့ CDM သံဝန္ထမ္းမ်ား
please wait

No media source currently available

0:00 0:12:29 0:00
တိုက္႐ိုက္ လင့္ခ္

=== {{ UNICODE }} ===

ပြည်သူဘက်ကရပ်တည်တဲ့ CDM သံဝန်ထမ်းများ


မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သံအမတ်ကြီးအဆင့်အပါအဝင် သံရုံးအရာရှိတချို့နဲ့ နိုင်ငံခြားရေးဝန်ထမ်း ရာဂဏန်း အကြမ်းမဖက်အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုထဲ ပါဝင်ခဲ့ကြပါတယ်။ အဲဒီလိုလုပ်ခဲ့တာက နိုင်ငံတကာ သံတမန်ဆက်ဆံရေးမှာ စစ်ကောင်စီကို ထိုးနှက်မှုတရပ် ဖြစ်စေခဲ့တယ်လို့ CDM လုပ်ထားတဲ့ သံအရာရှိတွေက အာဏာသိမ်း ၂ နှစ်ပြည့်ကာလမှာ ပြောကြားလိုက်ပါတယ်။ ပြည်သူတွေအပေါ် စစ်ကောင်စီရဲ့ အကြမ်းဖက် နှိမ်နှင်းမှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းသိအောင် လုပ်ဆောင်နေကြတယ်လို့လည်းပြောပါတယ်။ CDM သံအရာရှိတချို့နဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က အာဏာသိမ်း (၂) နှစ်ပြည့် အထူးအစီအစဉ်အဖြစ် တင်ဆက်ထားပါတယ်။


မြန်မာနိုင်ငံမှာ ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီး ၂၀၂၁ ဖေဖေါ်ဝါရီလ စစ်တပ်က အာဏာသိမ်းချိန်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိတချို့နဲ့အတူ နိုင်ငံတကာ မြန်မာသံရုံးတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ သံအရာရှိတချို့၊ ဝန်းထမ်းတချို့ဟာလည်း အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုထဲ ပါဝင်ခဲ့ကြပါတယ်။ အဲဒီထဲမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း စစ်အာဏာသိမ်းတာကို လက်မခံနိုင်တဲ့အတွက် သူ CDM လုပ်ကြောင်း ၂၀၂၁ ဖေဖေါ်ဝါရီ(၂၆)ရက်နေ့ ကုလသမဂ္ဂအထွေထွေ ညီလာခံမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။ ဒီလုပ်ဆောင်ချက်က စစ်အုပ်စုကို အငိုက်မိသွားစေခဲ့တယ်လို့ သုံးသပ်ကြပါတယ်။

ပြည်သူတွေရဲ့လိုလားတောင်းဆိုချက်တွေကို သူ့အနေနဲ့ ထပ်တူ နားလည် လက်ခံတာကြောင့်လည်း CDM လှုပ်ရှားမှုထဲ ပါဝင်လာရတာလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက VOA ကို ရှင်းပြပါတယ်။

" ဒီလို CDM လုပ်ဆောင်ခဲ့တာကို ကျနော် လုံးဝ နောင်တမရပါဘူး။ ကျနော် ဂုဏ်လည်းယူပါတယ်။ ဘာလို့လဲဆိုတော့ ပြည်သူတွေနဲ့အတူ ရပ်တည်ရတဲ့အတွက်ကြောင့်။ ကျနော်က ပြည်သူထဲက ပြည်သူတယောက်ဖြစ်တယ် ပြည်သူ့ဝန်ထမ်းတယောက် ဖြစ်တဲ့အတွက်ကြောင့် ဒါကို ဂုဏ်ယူပါတယ်။ ပြည်သူ့ ဝန်ထမ်းတွေ အနေနဲ့ ပြည်သူတွေနဲ့အတူ တသားတည်း ရပ်တည်ဖို့လိုတယ်။ ပြည်သူတွေ ဘာဖြစ်ချင်လဲ၊ ပြည်သူတွေ ဘာဆန္ဒရှိလဲ ဆိုတဲ့ဥစ္စာကို သိသိကြီးနဲ့ မသိချင်ယောင်ဆောင်နေတာ မကြားချင်ယောင်ဆောင်နေတဲ့ ဥစ္စာတွေကိုတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော် ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ "

နယူးယောက် ကုလသမဂ္ဂက ဦးကျော်မိုးထွန်းတင်မကပဲ အမေရိကန်မှာရှိတဲ့ ဝါရှင်တန်ဒီစီ မြန်မာသံရုံး၊ LA ကောင်စစ်ဝန်ရုံး၊ ဂျာမနီ၊ လန်ဒန်၊ တိုကျို၊ ကမ္ဘောဒီးယား အစရှိတဲ့ဒေသ မြန်မာသံရုံးတွေက သံအရာရှိတွေနဲ့ ဝန်ထမ်းတချို့လည်း CDM လုပ်ခဲ့ကြတာပါ။ ဒီလို နိုင်ငံတကာရောက် မြန်မာသံတမန်တွေရဲ့ CDM လှုပ်ရှားမှုကနေ အထူးသဖြင့်တော့ ကုလသမဂ္ဂလို နိုင်ငံတကာသံတမန်ရေး မျက်နှာစာမှာ စစ်ကောင်စီကိုယ်စားလှယ် နေရာမရနိုင်တာက ထိရောက်မှုတခု ဖြစ်တယ်လို့ ဦးကျော်မိုးထွန်းက ရှုမြင်ပါတယ်။

" ဒီ ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးတဲ့အချိန်မှာ အထူးသဖြင့် နိုင်ငံတကာ ဆက်ဆံရေးအပိုင်းကို ကြည့်လိုက်တယ်ဆိုရင် သူတို့လုပ်ချင်တိုင်း လုပ်လို့ မရဘူးဆိုတဲ့ဟာတော့ အရမ်းပေါ်လွင်ပါတယ်။ ဥပမာ ဒီကုလသမဂ္ဂ မျက်နှာစာမှာဆိုရင် ဒီစစ်တပ်အနေနဲ့ လုံးဝကို .. မတရား စစ်တပ်အနေနဲ့ ဘယ်လိုမှ ကိုယ်စားပြုခွင့် မရဘူးဆိုတဲ့ဥစ္စာကတော့ အခုထိပေါ့နော် အရမ်းကိုပေါ်လွင်နေတယ်ဆိုတဲ့ဥစ္စာ ကျနော်တို့ပြောစရာမလိုအောင်ကို ထင်ထင်ရှားရှား ဖြစ်နေတယ်ပေါ့နော်။ အခု စစ်ကောင်စီဆိုရင် ကြည့်လိုက်ရင် အခြားအခြားသော Platform တွေမှာ(မီဒီယာ စာမျက်နှာတွေမှာ) သူတို့အနေနဲ့ Disinformation/ misinformation (လုပ်ကြံဖန်တီးထားတဲ့ သတင်းအလွဲအမှားတွေ) ပေါ့နော်၊ သူတို့ ဝါဒဖြန့်ချင်တဲ့ Propaganda တွေကို လုပ်နေတာတွေရှိတယ်။ ဒါပေမဲ့ ဒီနိုင်ငံတကာ ဆက်ဆံရေးမှာပေါ့.. အထူးသဖြင့် နယူးယောက် ကုလသမဂ္ဂ မျက်နှာစာမှာတော့ ဘာပဲပြောပြော ကျနော်တို့အနေနဲ့ ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ဥစ္စာ၊ နောက်ပြီး ပြည်သူတွေ ရင်ဆိုင်နေရတဲ့ဥစ္စာ အားလုံးအားလုံးပေါ့နော်၊ နေ့စဉ်ဓူဝ ဖြစ်နေတဲ့ အချက်အလက်တွေကို ကျနော်တို့က နိုင်ငံတကာအသိုင်းအဝိုင်းကို တောက်လျောက် အသိပေးနိုင်တဲ့ အတွက်ကြောင့်မို့ ဘယ်လိုပဲဖြစ်ဖြစ် စစ်ကောင်စီက လုပ်ချင်တဲ့ ဝါဒဖြန့်တာတွေကို အတိုင်းအတာတခုထိတော့ တားဆီးနိုင်ခဲ့တယ်ပေါ့။ ဒါကြောင့် နိုင်ငံတကာကို သူတို့ လိမ်လည်လှည့်ဖျားလို့ မရဘူးဆိုတဲ့ဥစ္စာတော့ ဒီအချက်တခုထဲကကိုပဲ တော်တော် တာသွားတယ်လို့တော့ ကျနော် ပြောလို့ရပါတယ်ခင်ဗျ။ "

နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိနဲ့ဝန်ထမ်း (၁,၀၀၀)ကျော်ရှိတဲ့အနက် မြန်မာပြည်တွင်းနဲ့ နိုင်ငံတကာမှာ ခုချိန်ထိ CDM လုပ်ထားသူ သံတမန်(၁၀၀)ကျော်ရှိတာကြောင့် ၁၀% လောက် CDM ဝင်ထားကြတာပါ။ အဲဒီအထဲမှာ နိုင်ငံတကာက မြန်မာသံရုံး အရာရှိနဲ့သံဝန်ထမ်း စုစုပေါင်း(၂၂)ဦး CDM လုပ်ထားကြပါတယ်။

ဝါရှင်တန်ဒီစီ မြန်မာသံရုံးမှာ တတိယအတွင်းဝန်အဖြစ် တာဝန်ယူခဲ့ဖူးပြီး အစောပိုင်းမှာ ရုံးတက်ရင်း CDM လုပ်ခဲ့တဲ့ ဦးကျော်စွာထွန်းကလည်း သံတမန်တွေရဲ့ CDM လှုပ်ရှားမှုက နွေဦးတော်လှန်းရေးအတွက် အထောက်အပံ့ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

" ကျနော်တို့ ၈၈ မှာတုန်းက သံတမန် မပါတဲ့အတွက်ကြောင့် သူတို့ရဲ့(စစ်အုပ်စုရဲ့) လုပ်ဆောင်မှု အများကြီး ထိရောက်ကျယ်ပြန့်သွားတယ်။ ကျနော်တို့အခု လက်ရှိမှာ သံတမန်တွေ ပါလာတဲ့အတွက်ကြောင့်၊ လက်ဦးမှု ယူနိုင်မှု၊ နေရာယူထားမှု .. နောက် သတင်းဖြန့်ကျက်နိုင်မှု - သတင်းဖြန့်ကျက်နိုင်မှုဆိုတာ လက်တွေ့ဖြစ်ပျက်နေတဲ့ မြေပြင်အနေအထားတွေရဲ့သတင်း ဖြန့်ကျက်နိုင်မှုတွေက အများကြီး တာသွားပါတယ်။ ပြည်တွင်းမှာ စစ်ကောင်စီရဲ့ မတရားမှုတွေကို ပွင့်လင်းမြင်သာစွာ ကျနော်တို့ ဖေါ်ထုတ်နိုင်ခဲ့တယ်။ အဲဒီလို ဖေါ်ထုတ်နိုင်တာကြောင့် စစ်ကောင်စီက လက်ရှိအချိန်ထိ သူတို့လိုချင်သလို လုပ်ချင်သလို ပုံဖေါ်လို့မရဘူး ဆိုတဲ့ဟာကို ဖြစ်ပေါ်လာစေတာပေါ့။ အဲဒီတော့ ကျနော်တို့ သံတမန်တွေ ပါလာတယ်ဆိုတဲ့ဟာက ၂၀၂၁ နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုထဲမှာ တစ်ခု ပါဝင်တယ်လို့ပြောလို့ရပါတယ်ခင်ဗျ။ "

ဦးကျော်မိုးထွန်းကို ရာဇသတ်ကြီးပုဒ်မ ၁၂၂ (၂)အရ နိုင်ငံတော်သစ္စာ ဖေါက်ဖျက်ပုန်ကန်သူအဖြစ် ၂၀၂၁ မတ်လ(၂၁)ရက်မှာ စစ်ကောင်စီက ကြေညာ ဖမ်းဝရမ်း ထုတ်ထားသလို၊ ဦးကျော်မိုးထွန်းနေရာမှာ ဝါရှင်တန်ဒီစီ မြန်မာစစ်သံမှူး ဗိုလ်မှူးကြီး အောင်သူရိန်ကို ကုလသမဂ္ဂ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် အစားထိုးဖို့ အကြိမ်ကြိမ်ကြိုးပမ်းခဲ့ပေမယ့် ခုထိ မအောင်မြင်နိုင်ပဲ လက်လျော့ထားပုံတယ် ရတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိပါတယ်။

အရင် စစ်အစိုးရလက်ထက်တုန်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ စစ်အုပ်စုကို အကာအကွယ်ပေးလေ့ရှိတဲ့ တရုတ်နဲ့ ရုရှားတို့လို နိုင်ငံကြီးတွေကတောင် မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ လုံခြုံရေးကောင်စီရဲ့ ၂၀၂၂ ဒီဇင်ဘာ ဆုံးဖြတ်ချက်မှာ ဗီတိုအာဏာမသုံးတော့ပဲ လက်ရှောင်သွားတာကို ကြည့်ရင် စစ်ကောင်စီရဲ့လုပ်ရပ်တွေကို နိုင်ငံတကာက လက်မခံနိုင်ဘူးဆိုတာ ပေါ်လွင်နေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက သုံးသပ်ပါတယ်။

" ဟို ..သူတို့ရဲ့ ကိုယ်စားတော့ ကျနော်ပြောလို့ မရဘူးပေါ့နော်။ ဒါပေမဲ့ ကျနော်မြင်တဲ့ အမြင်ကိုတော့ ပြောလို့ရမှာပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် ပြန်ကြည့်လိုက်ရင် ၂၀၀၇ ခုနှစ်က ဒီကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ချက်အဆိုမူကြမ်းတခု တင်ခဲ့ဖူးတယ်။ ဒါပေမဲ့ တရုတ်နဲ့ ရုရှားကနေပြီးတော့ ဗီတိုသုံးပြီး Double Veto ကိုသုံးပြီးတော့ ပယ်ချခဲ့တဲ့ဟာ တစ်ခု ရှိခဲ့တယ်ပေါ့နော်။ ဒါပေမဲ့ အခု ၂၀၂၂ မှာတော့ သူတို့တွေ ဒီလိုမျိုး ဗီတိုသုံးခွင့် ရှိသော်လည်းပဲ မသုံးခဲ့ဘူးပေါ့နော်။ အဲဒါကတော့ ထင်ရှားပါတယ်ပေါ့နော်၊ မြေပြင်မှာ ဒီလောက် သတ်ဖြတ်နေတဲ့ဥစ္စာတွေ၊ မြေပြင်မှာ လူတွေပေါ် ဒီလောက် မတရားကျင့်နေတဲဟာတွေကို သူတို့ သိတယ်ဆိုတဲ့ဟာက သူတို့ရဲ့ဒီလုပ်ဆောင်ချက်က ပြနေပါတယ်။ နောက်တခုကလည်းပေါ့နော် အာဆီယံနိုင်ငံတွေ အတွင်းမှာလည်း မြေပြင်မှာဖြစ်နေတဲ့ ပြည်သူတွေ ခံစားနေရတဲ့ ဥစ္စာကို ကောင်းကောင်း နားလည်သဘောပေါက်တဲ့ နိုင်ငံတွေကလည်း ဒါတွေက မဖြစ်သင့်ဘူးဆိုတဲ့ ဥစ္စာတွေ တောက်လျောက်ပြောနေတဲ့ဟာတွေ ရှိတာကလည်းပေါ့နော်၊ ကျနော်တို့ ပြည်သူတွေရဲ့ အသံကိုကြားသလို ၊ အဲလိုမျိုး ဒေသတွင်း နိုင်ငံတွေရဲ့ အသံကိုလည်း ကြားတယ်ဆိုတဲ့ဥစ္စာ ဒီမှာပေါ်လွင်နေပါတယ်။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် အခြားနိုင်ငံတွေအနေနဲ့ ကျနော်တို့ ပြည်သူတွေ ခံစားနေရတဲ့ဥစ္စာကို ကိုယ်ချင်းစာပြီး ဒီတိုင်း လက်ပိုက်ကြည့် မနေကြဘူးလို့တော့ ဒီဥပမာက ပြတော့ပြနေပါတယ်။ "

စစ်တပ်အာဏာသိမ်းပြီး သိပ်မကြာခင်မှာပဲ မြန်မာစစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ချမှတ်ခဲ့ပြီး၊ အဲဒီနောက်ပိုင်း ရန်ကုန် အမေရိကန်သံရုံးမှာ အမေရိကန်သံအမတ်ကြီးကို ဆက်ပြီး မစေလွှတ်တော့ပဲ သံတမန်အဆင့်ကို လျော့ချထားပါတယ်။ တဖက်မှာ ဝါရှင်တန်ဒီစီက အမေရိကန်ဆိုင်ရာ မြန်မာသံရုံးမှာလည်း အရင် သံအမတ်ကြီး ဦးအောင်လင်း တာဝန်ပြီးဆုံးသွားပြီးနောက် မြန်မာသံအမတ်ကြီးအသစ်ကို စေလွှတ်ခြင်းမရှိပဲ အဲဒီထက် တဆင့်နိမ့်တဲ့ ရာထူးနေရာအတွက် ဦးသက်ဝင်းဆိုသူကို မြန်မာသံအမတ်အဖြစ် နေပြည်တော်က စေလွှတ်ခဲ့ပါတယ်။

အရင်ကဆိုရင် ဝါရှင်တန်ဒီစီ မြန်မာသံရုံးဟာ နိုင်ငံအတွက် သံတမန်ရေးကြိုးပမ်းဖို့ သက်ဝင်လှုပ်ရှားခဲ့ပေမဲ့ ၊ ခုတော့ ဆက်သွယ်ရေးရုံးအဆင့်လောက်သာ ရှိတော့တယ်လို့ သံရုံးမှာ တတိယအတွင်းဝန်အဖြစ် တာဝန်ထမ်းခဲ့တဲ့ ဦးကျော်စွာထွန်းက ပြောပါတယ်။

" ကျနော်တို့ မြန်မာသံရုံးအပါအဝင် ဝါရှင်တန်မှာရှိတဲ့ သံရုံးတွေဆိုတာက ကမ္ဘာပေါ်မှာ သြဇာတိက္ကမကြီးတဲ့ အမေရိကန်က သံတမန်အသိုင်းအဝိုင်းနဲ့ တိုက်ရိုက် ထိတွေ့ရတယ်။ နိုင်ငံ့အကျိုးအတွက် ထိတွေ့ပြီး စကားပြောရတဲ့နေရာပေါ့နော်။ ပြောမယ်ဆိုရင် Active ဖြစ်ခဲ့တယ်ပေါ့။ လက်ရှိအနေအထားမှာ ဘာဖြစ်သွားလဲဆိုတော့ ဒီသံရုံးကြီးက အဆောက်အဦပဲရှိတယ်။ Correspondent ရုံးတခုအနေနဲ့ပဲ ရှိတော့တယ်။ သံတမန် ဆက်ဆံရေးဆိုတဲ့ဟာမှာ ဘာမှမရှိတော့ဘူး။ လက်ရှိမှာ အမေရိကန်ကိုယ်နှိုက်ကိုက သံတမန်အဆက်အသွယ်မှာ မြန်မာသံရုံးနဲ့ကို Favoritism ဘာတခုမှ မရှိဘူး။ အဲဒီတော့ အမေရိကန်လို နိုင်ငံကတောင် မရှိတာ ဝါရှင်တန်မှာရှိကြတဲ့ အခြားသောသံရုံးတွေကလည်း သူတို့လုပ်တဲ့ အစီအစဉ်တွေ ပွဲတွေမှာ ဖိတ်ကြားခြင်း ဘာတခုမှ မရှိတော့ဘူး။ "

ဦးကျော်စွာထွန်းရဲ့ အခုလို ဝေဖန် ပြောဆိုမှုနဲ့ပတ်သက်ပြီး လက်ရှိအခြေအနေတွေ ပိုသိနိုင်ဖို့ ဝါရှင်တန်ဒီစီ မြန်မာသံရုံး တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ လက်ခံြဖေကြားခြင်း မရှိပါဘူး။

ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ သူအခု ရရှိထားတဲ့ အခွင့်အလမ်းတွေကနေ မြန်မာပြည်သူတွေရဲ့ လိုလားတောင်းဆိုချက်ကို နိုင်ငံတကာက ဝိုင်းဝန်း အကောင်ထည်ဖေါ် ဆောင်ရွက်ပေးလာမယ့်အထိ ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ ကတိပြုလိုက်ပါတယ်။

" အားလုံး သိတဲ့အတိုင်းပေ့ါနော်။ ပြီးခဲ့တဲ့ ၂၀၂၁ ဧပြီ မေ လောက်ထဲက စပြီးတော့ ကြည့်လိုက်ရင် ပြည်သူတွေက လမ်းတွေပေါ်မှာ ပလာကဒ်တွေ ကိုင်ပြီးတော့ (Responsibility to Protect) R2P ကို တောင်းဆိုနေတဲ့ဥစ္စာတွေ ရှိတယ်ပေါ့နော်။ နောက်ပြီးတော့ စစ်တပ်က Fighter Jet တွေ သုံးပြီးတော့ မတရား ဗုံးကြဲနေတာတွေ၊ ရဟတ်ယာဉ်တွေ သုံးပြီးတော့ စက်သေနတ်တွေနဲ့ ပြည်သူတွေကို ပစ်ခတ်တိုက်ခိုက်နေတဲ့ဥစ္စာတွေ ရှိခဲ့တယ်။ ဒါကြောင့် ကျနော်တို့ ဒီဖက် ကုလ မျက်နှာစာမှာ မိန့်ခွန်းတွေထဲမှာ တောက်လျောက်ပဲ R2P ရဲ့ principles ကို apply လုပ်ဖို့ ၊ နောက်ပြီးတော့ လေကြောင်းသွားတဲ့ဥစ္စာတွေကို ဟန့်တားပေးနိုင်ဖို့အတွက် No Fly Zone တို့၊ နောက်ပြီး လေယာဉ်ဆီ Jet Fuel တင်သွင်းတဲ့ဥစ္စာတွေကို တားဆီးပိတ်ပင် ပေးဖို့ ကျနော်တို့တောက်လျောက် တောင်းဆိုခဲ့တာ ရှိတယ်ပေါ့နော်။ ဒါတွေက ကိုယ့်ရည်မှန်းချက် မဖြစ်ရင်၊ ကိုယ် မျှော်လင့်ထားသလို ဖြစ်မလာရင်တော့ သူသူကိုယ်ကိုယ်ပေါ့နော် စိတ်ပျက်မိကြမှာပဲ။ ကျနော်လည်း ပြည်သူထဲက ပြည်သူ တယောက်ဖြစ်တဲ့အတွက် ပြည်သူတွေနဲ့အတူ disappointed ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးသိတဲ့အတိုင်း ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းကတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်အဆိုတခု ချမှတ်နိုင်ခဲ့တယ်။ အဲဒီဆုံးဖြတ်ချက်မှာတော့ ကျနော်တို့ လိုလားတဲ့အချက်လက်တွေ တော့ အပြည့်အဝ ပါလာတာမျိုးတော့ မရှိဘူး။ ဒါပေမဲ့လည်း အဲဒါက လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အဆိုဖြစ်တယ်။ Legally binding (လိုက်နာရမယ့်ဆုံးဖြတ်ချက်) ဖြစ်တယ် ၊ ကျနော်တို့ မြန်မာနိုင်ငံသမိုင်းမှာ တခါမှ မရှိသေးတဲ့ ဆုံးဖြတ်ချက်တခုတော့ ကျနော်တို့ ချနိုင်ခဲ့တဲ့ဟာတော့ ရှိတာပေါ့နော်။ တဖက်ကလည်း Multilateral (နိုင်ငံစုံ ပါဝင်ဆုံးဖြတ်ရမှာ) ဖြစ်တဲ့အတွက်ကြောင့် တနိုင်ငံထဲက လုပ်ချင်တဲ့ဥစ္စာတွေကို တပြိုင်နက်ထဲမှာ တနေရာထဲမှာ တချိန်ထဲမှာ လုပ်ဖို့ဆိုတဲ့ဥစ္စာကတော့ Multilateralism ရဲ့ သဘောသဘာဝအရ ခက်ခဲတယ်ဆိုတာ အားလုံးလည်း သိပါတယ်ပေါ့နော်။ တချိန်ထဲမှာပဲ ပြောရရင်တော့ ဒီလိုမျိုးကိစ္စ တွေဟာ အချိန်ယူ ဆောင်ရွက်ရတဲ့ ဥစ္စာတွေ ဖြစ်တဲ့အတွက်ကြောင့် ဒီ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အပေါ် အခြေခံပြီးတော့ Crime Against Humanity တို့ War Crime စစ်ရာဇဝတ်မှုတို့ ကျူးလွန်နေတဲ့ ဒီ စစ်တပ်ခေါင်းဆောင်ပိုင်းက လူတွေကို တချိန်ရောက်ရင်တော့ အနှေးနဲ့အမြန် ဆိုသလို အရေးယူသွားနိုင် လိမ့်မယ်လို့တော့ ကျနော်တို့ မျှော်လင့်ပါတယ်။ ယုံလည်း ယုံကြည်ပါတယ် ပေါ့နော်။"

နိုင်ငံခြားရေးဝန်ကြီးဌာနမှာ နှစ်အတော်ကြာ တာဝန်ထမ်းလာတဲ့ ဦးကျော်မိုးထွန်းကို နယူးယောက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ၂၀၂၀ ခုနှစ် အောက်တိုဘာလထဲ NLD အစိုးရက တာဝန်ပေးခဲ့တာပါ။ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ NUCC အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီတို့ကို၂၀၂၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘဲလ်ဆုပေးသင့်တယ်ဆိုပြီး သီးခြားလွတ်လပ်တဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ PRIO က ဆန်ကာတင် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းအမည် စာရင်း ၅ ခုထဲ ဒီရက်ပိုင်းမှာပဲ ထည့်သွင်းဖေါ်ပြခဲ့ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG