သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံတြင္း ဘိန္းစိုက္ပ်ိဳးမႈ ၃၃ ရာခိုင္ႏႈန္းတိုးလာ


ရွမ္းျပည္နယ္ထဲက ဘိန္းစိုက္ခင္းတစ္ခု

ျမန္မာႏိုင္ငံတြင္း ဘိန္းစိုက္ပ်ိဳးမႈဟာ ၿပီးခဲ့တဲ့ ၂၀၂၂ ခုႏွစ္အတြင္း ၃၃ ရာခိုင္ႏႈန္းအထိ ထိုးတက္သြားသလို ဒါဟာ ေဒသတြင္းကိုပါ ႐ိုက္ခတ္မႈႀကီးလာႏိုင္တယ္လို႔ UNODC ကုလ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးအဖြဲ႕က စိုးရိမ္ေနပါတယ္။ ဒါေၾကာင့္လည္း အာဆီယံ အေရွ႕ေတာင္အာရွႏိုင္ငံေတြအေနနဲ႔ ဒီကိစၥကို အေလးအနက္ထားကိုင္တြယ္ေျဖရွင္းဖို႔လိုလိမ့္မယ္လို႔လည္း UNODC က အႀကံျပဳထားပါတယ္။ ဒီအေၾကာင္း ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ကေန ကိုသားၫြန႔္ဦး သတင္းေပးပို႔ထားပါတယ္။

၂၀၂၂ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံမွာ ဘိန္းစိုက္ပ်ိဳးဧက ၃၃ ရာခိုင္ႏႈန္းတက္လာသလို၊ ဘိန္းအထြက္နဲ႔ ဘိန္းျဖဴထုတ္လုပ္မႈေတြဟာလည္း ၿပီးခဲ့တဲ့ႏွစ္ေတြထက္က ပိုၿပီးတိုးမ်ားလာတယ္လို႔ UNODC ကုလ မူးယစ္တိုက္ဖ်က္ေရးအဖြဲ႕က ဒီကေန႔ ထုတ္ျပန္ပါတယ္။ ဒါဟာ ျမန္မာႏိုင္ငံတြင္း စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရး စီးပြားေရးမၿငိမ္သက္မႈေတြနဲ႔ တိုက္႐ိုက္ပတ္သက္ေနတယ္လို႔ UNODC အရာရွိေတြကေျပာပါတယ္။ ျမန္မာႏိုင္ငံတြင္း ဘိန္းစိုက္ပ်ိဳးထုတ္လုပ္မႈတက္လာတာေၾကာင့္ ေဒသတြင္း မူးယစ္ေဆးဝါးကုန္သြယ္မႈတိုးလာမွာကို စိုးရိမ္ဖြယ္ရွိတယ္လို႔ UNODC အာရွေဒသဆိုင္ရာကိုယ္စားလွယ္ Jememy Douglas က ဘန္ေကာက္ၿမိဳ႕ ႏိုင္ငံျခားသတင္းေထာက္မ်ားအသင္းတိုက္မွာလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာေျပာပါတယ္။

"ေ႐ႊႀတိဂံေဒသမွာ မူးယစ္ေဆးဝါးကုန္သြယ္မႈလုပ္ငန္းေတြ ျပန္ျဖစ္လာပါတယ္။ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ မူးယစ္ေဆးဝါးကုန္သြယ္မႈေတြ က်ဆင္းလာရာကေန အခု ျပန္တက္လာတာ ေတြ႕ေနရပါတယ္။ ေနာက္ႏွစ္အတန္ၾကာေအာင္ ဒီအေျခအေနမ်ိဳးေတြ ဆက္ျဖစ္လာမွာကို က်ေနာ္တို႔ အေတာ္စိုးရိမ္ပါတယ္။ အခုျဖစ္ေနတဲ့ စီးပြားေရးအရဆိုရင္ ဒီလမ္းေၾကာင္းက အေတာ္ေလး ဆက္ျဖစ္ေနမယ့္ပုံပါ။ ဒါဟာ ျမန္မာႏိုင္ငံဝန္းက်င္က တျခားလူမႈအဖြဲ႕အစည္းေတြကိုပါ ဘယ္ေလာက္ ႀကီးႀကီးမားမား ႐ိုက္ခတ္လာမလဲဆိုတာကို က်ေနာ္တို႔ ေစာင္ၾကည့္သြားပါမယ္။"

ဘိန္းစိုက္ပ်ိဳးမႈက်ဆင္းေစဖို႔ ဘိန္းစိုက္ေတာင္သူေတြအတြက္ အစားထိုးသီးႏွံနဲ႔ အျခားေထာက္ပံ့ေရးအစီအစဥ္ေတြရွိခဲ့ေပမယ့္၊ စစ္တပ္အာဏာသိမ္းၿပီးတဲ့ေနာက္ ဘိန္းစိုက္ေတာင္သူေတြဟာ သူတို႔စားဝတ္ေနေရးအတြက္ ဘိန္းစိုက္ပ်ိဳးေရးဖက္ ျပန္လွည့္လာၾကတယ္လို႔ သူက ေျပာပါတယ္။ ၂၀၁၄ ခုႏွစ္ကေန ၂၀၂၀ အထိ ၿပီးခဲ့တဲ့၆ႏွစ္လုံးလုံး ဘိန္းစိုက္ပ်ိဳးမႈက်ဆင္းသြားရာကေန စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ဘိန္းစိုက္ပ်ိဳးမႈ ျပန္တက္လာတာပါ။ ဒါေၾကာင့္ အခုလို ဘိန္းစိုက္ပ်ိဳးမႈျမင့္တက္လာတာဟာ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံတြင္း ႏိုင္ငံေရးနဲ႔စီးပြားေရး အက်ပ္အတည္းေတြနဲ႔ တိုက္႐ိုက္ပတ္သက္မႈရွိတယ္လို႔ UNODC အရာရွိတဦးက ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးကတည္းက စီးပြားေရးက်ဆင္းလာသလို၊ ျမန္မာက်ပ္ေငြတန္ဖိုးကလည္း ထိုးက်လာတာပါ။ ကုန္ေစ်းႏႈန္းနဲ႔ ေလာင္စာဆီေစ်းကလည္း ထိုးတက္ေနပါတယ္။ စီးပြားေရးတည္ၿငိမ္မႈမရွိပဲ ဘိန္းစိုက္ေတာင္သူေတြအတြက္ အျခားနည္းလမ္းေတြလည္း ရွာမေပးႏိုင္ဘူးဆိုရင္ ဘိန္းစိုက္ပ်ိဳးထုတ္လုပ္မႈ ဆက္ၿပီးတိုးလာဖို႔ပဲရိတယ္လို႔ UNODC က သတိေပးပါတယ္။ 2021-22 ရာသီမွာ ဘိန္းစိုက္ပ်ိဳးဧကဟာ ေျမဟတ္တာ ေလးေသာင္းေက်ာ္၊ ဧကအားျဖင့္ ေျမဧကတသိန္းနီးပါးအထိ တိုးလာၿပီး ရာခိုင္ႏႈန္းအားျဖင့္ အရင္ႏွစ္ေတြထက္ ၃၃ ရာခိုင္ႏႈန္းျမင့္တက္လာတာလို႔ဆိုပါတယ္။ ဘိန္းအထြက္ႏႈန္းလည္း တိုးလာသလို အျခားတဖက္မွာ ဓါတုစိတ္ႂကြေဆးထုတ္လုပ္မႈလည္းတိုးလာေနတယ္လို႔ UNODC က ေျပာပါတယ္။ ဒါေၾကာင့္ ဒီအေျခအေနအကို အေရွ႕ေတာင္အာရွႏိုင္ငံေတြအၾကား ႏိုင္ငံေရးအဆင့္မွာကိုင္တြယ္ေျဖရွင္းဖို႔လိုမယ္လို႔လည္း Jememy Douglas ကေျပာပါတယ္။

"ေဒသတြင္း႐ိုက္ခတ္မႈကလည္း အင္မတန္ႀကီးပါတယ္။ ဒါေပမယ့္ အာဆီယံမွာ ဒါကို ေဆြးေႏြးတာမရွိေသးပါဘူး။ ဒီကိစၥကို ရဲတပ္ဖြဲ႕အဆင့္နဲ႔ပဲ အခ်င္းခ်င္းေဆြးေႏြးဖို႔မဟုတ္ပဲ၊ ႏိုင္ငံေရးအရပါ ပူးေပါင္းေဆာင္႐ြက္ကိုင္တြယ္ဖို႔လိုမယ္ဆိုတာကို အေရွ႕ေတာင္အာရွႏိုင္ငံေတြကို ေလးေလးနက္နက္အႀကံေပးလိုပါတယ္။ ရဲတပ္ဖြဲ႕ကပဲ ေျဖရွင္းလို႔မရပါဘူး။ ဒါဟာ သူတို႔ကိုပါ ႐ိုက္ခတ္မႈရွိေနတယ္ဆိုတဲ့အေျခအေနကို အသိအမွတ္ျပဳၿပီး၊ အဆင့္ျမင့္တာဝန္ရွိသူေတြအၾကား ႏိုင္ငံေရးအရ ေဆြးေႏြးဖို႔လိုပါတယ္။ အာဆီယံမွာ ဘုံသေဘာတူညီခ်က္ ၅ ခ်က္လိုမ်ိဳးအစီအစဥ္ရွိေပမယ့္၊ အခုလို ေဒသတြင္းကိုပဲ ႐ိုက္ခတ္လာမယ့္အေျခအေနမ်ိဳးကိုေတာ့ ေဆြးေႏြးတာမ်ိဳးမရွိေသးပါဘူး။"

ဒီေန႔ထုတ္ျပန္တဲ့ UNODC အစီရင္ခံစာအရ ျမန္မာ တႏိုင္ငံလုံးအတိုင္းအတာ ဘိန္းသီးႏွံစိုက္ပ်ိဳးမႈတိုးလာရာမွာ ရွမ္းျပည္နယ္အတြင္း ၃၉ ရာခိုင္ႏႈန္းနဲ႔ အမ်ားဆုံးျဖစ္ပါတယ္။ ခ်င္းနဲ႔ ကရင္နီမွာေတာ့ ၁၄ ရာခိုင္ႏႈန္းနဲ႔ ၁၁ ရာခိုင္ႏႈန္းအသီးသီးတိုးလာသလို၊ ကခ်င္မွာလည္း ၃ ရာခိုင္ႏႈန္းအထိ ဘိန္းစိုက္ပ်ိဳးမႈတိုးလာတာပါ။ ဒီအခ်က္လက္ေတြကို UNODC က ေျမျပင္ကြင္းဆင္းေလ့လာမႈေတြ မိတ္ဖက္အဖြဲ႕ေတြရဲ႕ခိုင္လုံတဲ့အခ်က္အလက္ေတြနဲ႔ ေကာင္းကင္ၿဂိဳလ္တုဓါတ္ပုံ အေထာက္အထားေတြနဲ႔ ျပဳစုထားတာလို႔ ဆိုပါတယ္။ ဒီ အစီရင္ခံစာနဲ႔ပတ္သက္လို႔ ျမန္မာစစ္ေကာင္စီတာဝန္ရွိသူေတြကို ေမးျမန္းဖို႔ႀကိဳးစားေပမယ့္၊ ဆက္သြယ္လို႔မရေသးပါဘူး။

ျမန္မာ့ ဘိန္းစိုက္ပ်ိဳးမႈ ၃၃ ရာခိုင္ႏႈန္းထိုးတက္
please wait

No media source currently available

0:00 0:04:01 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode]

မြန်မာနိုင်ငံတွင်း ဘိန်းစိုက်ပျိုးမှု ၃၃ ရာခိုင်နှုန်းတိုးလာ

မြန်မာနိုင်ငံတွင်း ဘိန်းစိုက်ပျိုးမှုဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ၃၃ ရာခိုင်နှုန်းအထိ ထိုးတက်သွားသလို ဒါဟာ ဒေသတွင်းကိုပါ ရိုက်ခတ်မှုကြီးလာနိုင်တယ်လို့ UNODC ကုလ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က စိုးရိမ်နေပါတယ်။ ဒါကြောင့်လည်း အာဆီယံ အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ ဒီကိစ္စကို အလေးအနက်ထားကိုင်တွယ်ဖြေရှင်းဖို့လိုလိမ့်မယ်လို့လည်း UNODC က အကြံပြုထားပါတယ်။ ဒီအကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ ကိုသားညွန့်ဦး သတင်းပေးပို့ထားပါတယ်။

၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးဧက ၃၃ ရာခိုင်နှုန်းတက်လာသလို၊ ဘိန်းအထွက်နဲ့ ဘိန်းဖြူထုတ်လုပ်မှုတွေဟာလည်း ပြီးခဲ့တဲ့နှစ်တွေထက်က ပိုပြီးတိုးများလာတယ်လို့ UNODC ကုလ မူးယစ်တိုက်ဖျက်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး စီးပွားရေးမငြိမ်သက်မှုတွေနဲ့ တိုက်ရိုက်ပတ်သက်နေတယ်လို့ UNODC အရာရှိတွေကပြောပါတယ်။ မြန်မာနိုင်ငံတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှုတက်လာတာကြောင့် ဒေသတွင်း မူးယစ်ဆေးဝါးကုန်သွယ်မှုတိုးလာမှာကို စိုးရိမ်ဖွယ်ရှိတယ်လို့ UNODC အာရှဒေသဆိုင်ရာကိုယ်စားလှယ် Jememy Douglas က ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များအသင်းတိုက်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

"ရွှေတြိဂံဒေသမှာ မူးယစ်ဆေးဝါးကုန်သွယ်မှုလုပ်ငန်းတွေ ပြန်ဖြစ်လာပါတယ်။ နှစ်ပေါင်းများစွာကြာအောင် မူးယစ်ဆေးဝါးကုန်သွယ်မှုတွေ ကျဆင်းလာရာကနေ အခု ပြန်တက်လာတာ တွေ့နေရပါတယ်။ နောက်နှစ်အတန်ကြာအောင် ဒီအခြေအနေမျိုးတွေ ဆက်ဖြစ်လာမှာကို ကျနော်တို့ အတော်စိုးရိမ်ပါတယ်။ အခုဖြစ်နေတဲ့ စီးပွားရေးအရဆိုရင် ဒီလမ်းကြောင်းက အတော်လေး ဆက်ဖြစ်နေမယ့်ပုံပါ။ ဒါဟာ မြန်မာနိုင်ငံဝန်းကျင်က တခြားလူမှုအဖွဲ့အစည်းတွေကိုပါ ဘယ်လောက် ကြီးကြီးမားမား ရိုက်ခတ်လာမလဲဆိုတာကို ကျနော်တို့ စောင်ကြည့်သွားပါမယ်။"

ဘိန်းစိုက်ပျိုးမှုကျဆင်းစေဖို့ ဘိန်းစိုက်တောင်သူတွေအတွက် အစားထိုးသီးနှံနဲ့ အခြားထောက်ပံ့ရေးအစီအစဉ်တွေရှိခဲ့ပေမယ့်၊ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဘိန်းစိုက်တောင်သူတွေဟာ သူတို့စားဝတ်နေရေးအတွက် ဘိန်းစိုက်ပျိုးရေးဖက် ပြန်လှည့်လာကြတယ်လို့ သူက ပြောပါတယ်။ ၂၀၁၄ ခုနှစ်ကနေ ၂၀၂၀ အထိ ပြီးခဲ့တဲ့၆နှစ်လုံးလုံး ဘိန်းစိုက်ပျိုးမှုကျဆင်းသွားရာကနေ စစ်တပ်က အာဏာသိမ်းပြီးနောက် ဘိန်းစိုက်ပျိုးမှု ပြန်တက်လာတာပါ။ ဒါကြောင့် အခုလို ဘိန်းစိုက်ပျိုးမှုမြင့်တက်လာတာဟာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်း နိုင်ငံရေးနဲ့စီးပွားရေး အကျပ်အတည်းတွေနဲ့ တိုက်ရိုက်ပတ်သက်မှုရှိတယ်လို့ UNODC အရာရှိတဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးကတည်းက စီးပွားရေးကျဆင်းလာသလို၊ မြန်မာကျပ်ငွေတန်ဖိုးကလည်း ထိုးကျလာတာပါ။ ကုန်စျေးနှုန်းနဲ့ လောင်စာဆီစျေးကလည်း ထိုးတက်နေပါတယ်။ စီးပွားရေးတည်ငြိမ်မှုမရှိပဲ ဘိန်းစိုက်တောင်သူတွေအတွက် အခြားနည်းလမ်းတွေလည်း ရှာမပေးနိုင်ဘူးဆိုရင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ဆက်ပြီးတိုးလာဖို့ပဲရိတယ်လို့ UNODC က သတိပေးပါတယ်။ 2021-22 ရာသီမှာ ဘိန်းစိုက်ပျိုးဧကဟာ မြေဟတ်တာ လေးသောင်းကျော်၊ ဧကအားဖြင့် မြေဧကတသိန်းနီးပါးအထိ တိုးလာပြီး ရာခိုင်နှုန်းအားဖြင့် အရင်နှစ်တွေထက် ၃၃ ရာခိုင်နှုန်းမြင့်တက်လာတာလို့ဆိုပါတယ်။ ဘိန်းအထွက်နှုန်းလည်း တိုးလာသလို အခြားတဖက်မှာ ဓါတုစိတ်ကြွဆေးထုတ်လုပ်မှုလည်းတိုးလာနေတယ်လို့ UNODC က ပြောပါတယ်။ ဒါကြောင့် ဒီအခြေအနေအကို အရှေ့တောင်အာရှနိုင်ငံတွေအကြား နိုင်ငံရေးအဆင့်မှာကိုင်တွယ်ဖြေရှင်းဖို့လိုမယ်လို့လည်း Jememy Douglas ကပြောပါတယ်။

"ဒေသတွင်းရိုက်ခတ်မှုကလည်း အင်မတန်ကြီးပါတယ်။ ဒါပေမယ့် အာဆီယံမှာ ဒါကို ဆွေးနွေးတာမရှိသေးပါဘူး။ ဒီကိစ္စကို ရဲတပ်ဖွဲ့အဆင့်နဲ့ပဲ အချင်းချင်းဆွေးနွေးဖို့မဟုတ်ပဲ၊ နိုင်ငံရေးအရပါ ပူးပေါင်းဆောင်ရွက်ကိုင်တွယ်ဖို့လိုမယ်ဆိုတာကို အရှေ့တောင်အာရှနိုင်ငံတွေကို လေးလေးနက်နက်အကြံပေးလိုပါတယ်။ ရဲတပ်ဖွဲ့ကပဲ ဖြေရှင်းလို့မရပါဘူး။ ဒါဟာ သူတို့ကိုပါ ရိုက်ခတ်မှုရှိနေတယ်ဆိုတဲ့အခြေအနေကို အသိအမှတ်ပြုပြီး၊ အဆင့်မြင့်တာဝန်ရှိသူတွေအကြား နိုင်ငံရေးအရ ဆွေးနွေးဖို့လိုပါတယ်။ အာဆီယံမှာ ဘုံသဘောတူညီချက် ၅ ချက်လိုမျိုးအစီအစဉ်ရှိပေမယ့်၊ အခုလို ဒေသတွင်းကိုပဲ ရိုက်ခတ်လာမယ့်အခြေအနေမျိုးကိုတော့ ဆွေးနွေးတာမျိုးမရှိသေးပါဘူး။"

ဒီနေ့ထုတ်ပြန်တဲ့ UNODC အစီရင်ခံစာအရ မြန်မာ တနိုင်ငံလုံးအတိုင်းအတာ ဘိန်းသီးနှံစိုက်ပျိုးမှုတိုးလာရာမှာ ရှမ်းပြည်နယ်အတွင်း ၃၉ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပါတယ်။ ချင်းနဲ့ ကရင်နီမှာတော့ ၁၄ ရာခိုင်နှုန်းနဲ့ ၁၁ ရာခိုင်နှုန်းအသီးသီးတိုးလာသလို၊ ကချင်မှာလည်း ၃ ရာခိုင်နှုန်းအထိ ဘိန်းစိုက်ပျိုးမှုတိုးလာတာပါ။ ဒီအချက်လက်တွေကို UNODC က မြေပြင်ကွင်းဆင်းလေ့လာမှုတွေ မိတ်ဖက်အဖွဲ့တွေရဲ့ခိုင်လုံတဲ့အချက်အလက်တွေနဲ့ ကောင်းကင်ဂြိုလ်တုဓါတ်ပုံ အထောက်အထားတွေနဲ့ ပြုစုထားတာလို့ ဆိုပါတယ်။ ဒီ အစီရင်ခံစာနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီတာဝန်ရှိသူတွေကို မေးမြန်းဖို့ကြိုးစားပေမယ့်၊ ဆက်သွယ်လို့မရသေးပါဘူး။

XS
SM
MD
LG