သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္ႏိုင္ငံျခားေရးဌာနအတိုင္ပင္ခံ Derek Chollet ဘဂၤလားေဒ့ရွ္သြားမည္


ႏိုင္ငံျခားေရး၀န္ႀကီးဌာန အတိုင္ပင္ခံ Derek Chollet (ယခင္မွတ္တမ္း႐ုပ္ပံု)

အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန အတိုင္ပင္ခံ Derek Chollet ဟာ အေမရိကန္ကိုယ္စားလွယ္အဖြဲ႕ကို ဦးေဆာင္ၿပီး ဘဂၤလားေဒ့ရွ္နဲ႔ ပါကစၥတန္ႏိုင္ငံေတြကို ေဖေဖာ္ဝါရီလ ၁၄ နဲ႔ ၁၈ အၾကား သြားေရာက္မွာ ျဖစ္ပါတယ္။ အႀကီးတန္း အစိုးရတာဝန္ရွိသူေတြ၊ အရပ္ဘက္ အဖြဲ႕အစည္းေတြနဲ႔ စီးပြါးေရးလုပ္ငန္းရွင္ေတြနဲ႔ ေတြ႕ဆုံၿပီး ႏွစ္ႏိုင္ငံလက္တြဲေဆာင္႐ြက္ေရးနဲ႔ ရည္မွန္းခ်က္တူ ေဆာင္႐ြက္ေရးတို႔ အေရးႀကီးပုံကို ဒီခရီးစဥ္မွာ ေဆြးေႏြးသြားဖို႔ရွိတယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူက မေန႔က သတင္းထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

ဘဂၤလားေဒ့ရွ္မွာေတာ့ ႐ိုဟင္ဂ်ာ ဒုကၡသည္မ်ား အက်ပ္အတည္း၊ ႏိုင္ငံတကာ အေရးကိစၥေတြမွာ ပူးေပါင္းေဆာင္႐ြက္မႈ ခိုင္မာေရး နဲ႔ လုံၿခဳံေရးဆိုင္ရာကိစၥမ်ား တြဲဘက္ေဆာင္႐ြက္ေရး အေၾကာင္းေတြ ေဆြးေႏြးသြားၾကမယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူက ဆိုပါတယ္။

ပါကစၥတန္မွာေတာ့ ကိုယ္စားလွယ္အဖြဲ႕ ဟာ စီးပြါးေရးနဲ႔ ရာသီဥတု အက်ပ္အတည္း သက္ေရာက္မႈကိစၥေတြမွာ ပူးေပါင္းေဆာင္႐ြက္ေရး၊ ျပည္သူခ်င္း ဆက္ဆံမႈတိုးခ်ဲ႕ေရး ကိစၥေတြကို တာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးသြားမွာ ျဖစ္ပါတယ္။ ပါကစၥတန္နဲ႔ ရွိထားၿပီးျဖစ္တဲ့ လုံၿခဳံေရးဆိုင္ရာကိစၥမ်ား ပူးေပါင္းေဆာင္႐ြက္ေရးကိုလည္း ပိုၿပီး ခိုင္မာလာေအာင္ ေဆြးေႏြးၾကမွာ ျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္ က ဆိုပါတယ္။ Peshawar ဗလီကို အၾကမ္းဖက္သမားေတြက တိုက္ခိုက္မႈအတြက္ ဝမ္းနည္းေၾကကြဲေၾကာင္း သတင္းစကားကို ပါးမွာ ျဖစ္သလိုနဲ႔ ေရေဘးကေန ျပန္လည္နလန္ထဖို႔ ႀကိဳးစားေနတဲ့ ျပည္သူေတြနဲ႔ အေမရိကန္က တသားတည္းရွိေၾကာင္းကိုလည္း ကိုယ္စားလွယ္အဖြဲ႕က ေျပာၾကားမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ကန်နိုင်ငံခြားရေးဌာနအတိုင်ပင်ခံ Derek Chollet ဘင်္ဂလားဒေ့ရှ်သွားမည်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet ဟာ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်နိုင်ငံတွေကို ဖေဖော်ဝါရီလ ၁၄ နဲ့ ၁၈ အကြား သွားရောက်မှာ ဖြစ်ပါတယ်။ အကြီးတန်း အစိုးရတာဝန်ရှိသူတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံလက်တွဲဆောင်ရွက်ရေးနဲ့ ရည်မှန်းချက်တူ ဆောင်ရွက်ရေးတို့ အရေးကြီးပုံကို ဒီခရီးစဉ်မှာ ဆွေးနွေးသွားဖို့ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မနေ့က သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာတော့ ရိုဟင်ဂျာ ဒုက္ခသည်များ အကျပ်အတည်း၊ နိုင်ငံတကာ အရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေး နဲ့ လုံခြုံရေးဆိုင်ရာကိစ္စများ တွဲဘက်ဆောင်ရွက်ရေး အကြောင်းတွေ ဆွေးနွေးသွားကြမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ပါကစ္စတန်မှာတော့ ကိုယ်စားလှယ်အဖွဲ့ ဟာ စီးပွါးရေးနဲ့ ရာသီဥတု အကျပ်အတည်း သက်ရောက်မှုကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်သူချင်း ဆက်ဆံမှုတိုးချဲ့ရေး ကိစ္စတွေကို တာဝန်ရှိသူတွေနဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ပါကစ္စတန်နဲ့ ရှိထားပြီးဖြစ်တဲ့ လုံခြုံရေးဆိုင်ရာကိစ္စများ ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ပိုပြီး ခိုင်မာလာအောင် ဆွေးနွေးကြမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက် က ဆိုပါတယ်။ Peshawar ဗလီကို အကြမ်းဖက်သမားတွေက တိုက်ခိုက်မှုအတွက် ဝမ်းနည်းကြေကွဲကြောင်း သတင်းစကားကို ပါးမှာ ဖြစ်သလိုနဲ့ ရေဘေးကနေ ပြန်လည်နလန်ထဖို့ ကြိုးစားနေတဲ့ ပြည်သူတွေနဲ့ အမေရိကန်က တသားတည်းရှိကြောင်းကိုလည်း ကိုယ်စားလှယ်အဖွဲ့က ပြောကြားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG