သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေပြန်ပို့ရေး OIC ကို ဘင်္ဂလာ အကူအညီတောင်း


ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များ။
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များ။

[[Zawgyi/Unicode]]

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လာရောက်ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် အကူအညီပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက OIC အစ္စလာမ်မစ် ကောင်စီကို ပန်ကြားလိုက်ပါတယ်။

အယ်လ်ဂျီးရီးယားမှာကျင်းပတဲ့ PUIC အစ္စလာမ်မစ်ကောင်စီအဖွဲ့ဝင်နိုင်ငံတွေက လွှတ်တော်အမတ်တွေရဲ့ သောကြာနေ့အစည်းအဝေးကို တက်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ လွှတ်တော်ရေးရာနဲ့ တရားရေးဝန်ကြီးဌာန လွှတ်တော်အမြဲတမ်းကော်မတီအကြီးအကဲ Md Shahiduzzaman Sarker က ကြေညာချက် ထုတ်ပြန်ပြောကြားလိုက်တာ ဖြစ်ပါတယ်။ PUIC ရဲ့ ၄၈ ကြိမ် မြောက် အစည်းဝေးကို ဘင်္ဂလားဒေ့ရှ် လွှတ်တော်အမတ် ၃ ဦးတက်ရောက်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ သူတို့ ခိုလှုံရာနေရာတွေက ဒေသခံတွေရဲ့လိုအပ်ချက်တွေ ဖြည့်ဆည်းရေးဆိုင်ရာ ရန်ပုံငွေချပေးဖို့ ၂၀၂၃ ခုနှစ်အတွက် ပူးတွဲတုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့လက်တွဲပြီး အလှူရှင်မိတ်ဆွေတွေကို ချပြတော့မယ်လို့ UNHCR ရဲ့ ဘင်္ဂလားဒေ့ရှ်ဌာနေ ကိုယ်စားလှယ် Johannes van der Klaauw ကပြောပါတယ်။ လိုအပ်တဲ့ငွေပမာဏ အမေရိကန်ဒေါ်လာ ၈၇၆ သန်း တောင်းခံထားတာဖြစ်ပြီး ဒီအထဲမှာ ၆၇ သန်းက Bhasab Char ကျွန်းကဒုက္ခသည်စခန်း လည်ပတ်နိုင်ဖို့အတွက်ဖြစ်ကြောင်းလည်း ပြောပါတယ်။

ရိုဟင်ဂျာဆိုတဲ့အမည်ကိုလက်မခံတဲ့ မြန်မာစစ်ကောင်စီကတော့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ပတ်သက်ပြီး စိစစ်လက်ခံမှာဖြစ်ကြောင်း ပြောကြားထားတာပါ။ ဒါပေမယ့် ၂၀၂၁ ကတည်းက စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ မတည်မငြိမ်ဖြစ်နေတဲ့အတွက် မကြာခင်လတွေအတွင်းမှာတော့ ရိုဟင်ဂျာတွေဟာ ပင်လယ်ပြင်ကို လှေငယ်တွေနဲ့ဖြတ်ကျော်ပြီး မလေးရှားဘက်ကိုသွားနိုင်ဖို့ ကြိုးစားမှုတွေ တိုးလာနေပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]






XS
SM
MD
LG