သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Cox’s Bazar မွာ႐ွိတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ လုံျခဳံေရးအတြက္ စိုးရိမ္ေနၾက


၂၀၂၂ ဒီဇင္ဘာ ၂၆ ရက္ေန႔က အင္ဒိုနီးရွားႏိုင္ငံ အာခေ်းကမ္းေျခကို ေရာက္လာတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ယာယီစခန္းမွာ နားခိုေနစဥ္

သိန္းနဲ႔ခ်ီတဲ့ ႐ိုဟင္ဂ်ာမူဆလင္ေတြ ခိုလႈံေနထိုင္ရာ ဘဂၤလားေဒ့႐ွ္ႏိုင္ငံ ေကာ့ဇ္ဘဇားခ႐ိုင္ထဲက ႐ိုဟင္ဂ်ာဒုကၡသည္စခန္းေတြထဲမွာ စခန္းတာဝန္ခံေတြအပါအဝင္ ႐ိုဟင္ဂ်ာဒုကၡသည္တခ်ိဳ႕ လုပ္ၾကံသတ္ျဖတ္ခံရမႈေတြ မၾကာခဏျဖစ္လာေနတဲ့အတြက္ ဒုကၡသည္ေတြရဲ႕စခန္းတြင္းေန႔စဥ္ဘဝလုံျခဳံေရးက အထူးစိုးရိမ္စရာ ျဖစ္လာေနၿပီး ႐ိုဟင္ဂ်ာဒုကၡသည္ေတြအတြက္ ဘဂၤလားေဒ့႐ွ္စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြ ဒီ့ထက္ပိုတိုးခ်ထားၿပီး ထိေရာက္တဲ့လုံျခဳံေရးတာဝန္ယူေပးသင့္တယ္လို႔ ႐ိုဟင္ဂ်ာအေရး လႈပ္႐ွားသူေတြနဲ႔ ဒုကၡသည္ေတြက ေျပာပါတယ္။တယ္။ အသတ္ခံခဲ့ရတဲ့ ႐ိုဟင္ဂ်ာေတြနဲ႔ က်န္ရစ္သူမိသားစုေတြ တရားမွ်တမႈရေရး ဘဂၤလားေဒ့႐ွ္ႏိုင္ငံရဲ႕ တည္ဆဲဥပေဒေတြနဲ႔အညီ က်ဴးလြန္သူေတြကို စုံစမ္းေဖာ္ထုတ္အေရးယူေဆာင္႐ြက္ေပးဖို႔ကိုလည္း တိုက္တြန္းေတာင္းဆိုၾကပါတယ္။ ေန႔စဥ္နီးပါး ဒုကၡသည္စခန္းေတြထဲ ေသဆုံးထိခိုက္မႈေတြ ျဖစ္ေနရတဲ့ လုံျခဳံမႈကင္းမဲ့ေနတဲ့ အေနအထားအေပၚ ႐ိုဟင္ဂ်ာတို႔ စိုးရိမ္ခ်က္ေတြကို စုစည္းၿပီး မဆုမြန္ တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံ ရခိုင္ေျမာက္ပိုင္းကေန လြန္ခဲ့တဲ့ ေျခာက္ႏွစ္ေက်ာ္ေလာက္ကတည္းက သိန္းခ်ီတဲ့ ႐ိုဟင္ဂ်ာေတြ ထြက္ေျပးတိမ္းေ႐ွာင္လာၾကတဲ့ ဘဂၤလားေဒ့႐ွ္ႏိုင္ငံ ေကာ့ဇ္ဘဇားခ႐ိုင္ထဲက ႐ိုဟင္ဂ်ာဒုကၡသည္စခန္းေတြထဲ ဒီႏွစ္ပိုင္းေတြထဲမွာ ႐ိုဟင္ဂ်ာဒုကၡသည္တခ်ဳိ ႔ကို လူအုပ္စုေတြနဲ႔ ေသနတ္နဲ႔ပစ္ ဓားနဲ႔ခုတ္သတ္တဲ့ ျဖစ္ရပ္ေတြမ်ားျပားလာေနတာပါ။ ႐ိုဟင္ဂ်ာစခန္းေတြထဲ ARSA အစြန္းေရာက္အဖြဲ႕ကေန ပစ္မွတ္ထားတိုက္ခိုက္ေနလို႔ ႐ိုဟင္ဂ်ာ ဒုကၡသည္စခန္းေတြထဲ အသတ္ခံရမႈေတြ ပိုမ်ားလာတယ္လို႔ ေကာ့ဇ္ဘဇားခ႐ိုင္ ရဲတပ္ဖြဲ႕အႀကီးအကဲ က AFP သတင္းဌာနကို ေျပာခဲ့ဖူးပါတယ္။ ႐ိုဟင္ဂ်ာစခန္းေတြထဲက စိုးရိမ္စရာျဖစ္လာေနတဲ့ လက္႐ွိလုံျခဳံေရး အေျခအေနအေပၚ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရ လူ႕အခြင့္အေရးအၾကံေပး ဦးေအာင္ေက်ာ္မိုးက ဗြီအိုေအျမန္မာပိုင္းကို အခုလိုသုံးသပ္ေျပာဆိုပါတယ္။

“အခုလက္႐ွိ ဒုကၡသည္စခန္းရဲ႕ လုံျခဳံေရးအေျခအေနက အရမ္းစိုးရိ္မ္စရာေကာင္းတယ္။ က်ေနာ္တို႔ ၂၀၁၇-၂၀၁၈ ခုႏွစ္တုန္းကနဲ႔ယွဥ္ရင္ အခုက ေန႔စဥ္နဲ႔အမွ်ကို အသတ္ခံေနရတဲ့ အေနအထား႐ွိတယ္။ အဲ့ဒီ့အတြက္ လူငယ္ေတြ ကြန္ျမဴနတီ အလုပ္လုပ္ေနတဲ့လူေတြ ၿငိမ္းခ်မ္းေရးေတြ တရားမွ်တမႈရ႐ွိေရး လုပ္ေနတဲ့သူေတြ ေဆာင္႐ြက္ေနတဲ့သူေတြ ေနာက္ၿပီးေတာ့ ေနရပ္ျပန္ေရးလုပ္ငန္းေတြကို ဦးေဆာင္လုပ္ေနတဲ့သူေတြကို အဓိက ပစ္မွတ္ထားၿပီး လုပ္တာအျပင္ တျခားေသာဒုစ႐ိုက္မႈေတြလည္း ပုံသ႑ာန္အမ်ိဳးမ်ိဳးနဲ႔ ႐ွိေနတယ္ေပါ့ေနာ္။ နဂိုတုန္းက ဘဂၤလားေဒ့႐ွ္အစိုးရက စစ္တပ္ကို ခ်ထားတဲ့အခါက်ေတာ့ လုံျခဳံေရးက စစ္တပ္ကိုခ်ထားတဲ့အခါက်ေတာ့ လုံျခဳံေရးကို ထိန္းထိန္းသိမ္းသိမ္း လုပ္ႏိုင္ခဲ့တယ္ေပါ့ေနာ္။ အခုက်ေတာ့ စစ္တပ္ကို ျပန္႐ုပ္သိမ္းၿပီးေတာ့ ရဲကိုခ်ထားတဲ့အခါက်ေတာ့ မႏိုင္မနင္းေတြ ျဖစ္တယ္ေပါ့ေနာ္။ ေနာက္ မီးေတြဘာေတြလည္း မ႐ွိတဲ့အခါက်ေတာ့ လူတစ္သန္းေလာက္႐ွိတဲ့ ဒုကၡသည္စခန္းေတြထဲမွာ ျဖစ္ခ်င္တိုင္းျဖစ္ေနတဲ့ပုံစံမ်ိဳးေတြ ျဖစ္ေနတယ္ေပါ့ေနာ္။ အဲ့ဒီ့အတြက္ ဒုကၡသည္စခန္းအသီးသီးက ဒုကၡသည္ေတြက စိုးရိမ္စိတ္ေတြ ေၾကာက္စိတ္ေတြနဲ႔ ႐ွင္သန္ေနရတဲ့သေဘာ႐ွိတယ္။ ဆိုေတာ့ အဓိကအက်ဆုံးကေတာ့ ဘဂၤလားေဒ့႐ွ္အစိုးရမွာ တာဝန္႐ွိတယ္ အိမ္႐ွင္အေနနဲ႔ ဒုကၡသည္ေတြကို လက္ခံထားတဲ့အခါက်တာ့ ဒုကၡသည္စခန္းေတြထဲက တရားဥပေဒစိုးမိုးေရး လုံျခဳံေရးေတြကို ဘဂၤလားေဒ့႐ွ္အစိုးရရဲ႕ အခန္းက႑က အေရးပါတယ္ တၿပိဳင္နက္တည္းမွာပဲ UNHCR နဲ႔ NGO INGO ေတြရဲ႕ အခန္းက႑ကလည္း အေရးႀကီးသလို ဒီလုံျခဳံေရးေတြကို သာမာန္႐ိုးက် မဟုတ္ဘဲ၊ ပိုမိုအားေကာင္းတဲ့ နည္းစနစ္ေတြ ဘယ္လိုထိန္းသိမ္းရမလဲဆိုတာကို စဥ္းစားဖို႔လိုတယ္ေပါ့ေနာ္။ လူထုဗဟိုျပဳ လုုံျခဳံေရးစနစ္ကို လုပ္ေပးဖို႔လိုတယ္။”

ဒီလို ႐ိုဟင္ဂ်ာေတြ ဒုကၡသည္စခန္းေတြထဲ အၾကမ္းဖက္ အသတ္ျဖတ္ခံရမႈေတြ ခပ္စိတ္စိတ္မ်ားလာေနတဲ့ အေျခအေနအေပၚ ႐ိုဟင္ဂ်ာဒုကၡသည္ေတြၾကား အသက္အႏၲရာယ္ စိုးရိမ္မႈေတြနဲ႔ စိုးရိမ္ပူပင္မႈေတြပိုတိုးလာေနတယ္လို႔ အမည္မေဖာ္လိုတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြက ဗြီအိုေအျမန္မာပိုင္းကို ေျပာျပပါတယ္။ ေကာ့ဇ္ဘဇားစခန္းက ႐ိုဟင္ဂ်ာဒုကၡသည္ ဦးေစာလြင္က ႐ိုဟင္ဂ်ာဒုကၡသည္ေတြ လုပ္ၾကံသတ္ျဖတ္ခံေနရတဲ့ လက္႐ွိလုံျခဳံေရး အေျခအေနနဲ႔ ရင္ဆိုင္ေနရတဲ့ အခက္အခဲေတြအေၾကာင္း အခုလိုေျပာျပပါတယ္။

”ဒုကၡသည္စခန္းထဲက အေျခအေနက တေန႔ထက္ တေန႔ ပိုပိုၿပီးေတာ့ကို ဆိုးဝါးလာေနတဲ့အေျခအေနျဖစ္ေနပါတယ္။ အရင္တုန္းက တစ္ေယာက္ ႏွစ္ေယာက္ေလာက္ပဲ တေန႔ကိုျဖစ္ေနၿပီးေတာ့ လြန္ခဲ့တဲ့ ဒီဇင္ဘာလ ေလာက္ကစၿပီး တရက္ကို ႏွစ္ေယာက္ သုံးေယာက္ ေလးေယာက္ အထိကို မ်ားလာေနပါတယ္။ ဒါေၾကာင့္ က်ေနာ္တို႔ ဒုကၡသည္ေတြဘက္က ဘယ္လိုလုံျခဳံမႈ႐ွိေအာင္ လုပ္ရမလဲ ဘယ္လိုေနၾကရမလဲဆိုတာကို က်ေနာ္တို႔ အင္မတန္မွကို စိုးရိမ္ေနၾကရပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္တို႔အတြက္ အသက္အာမခံခ်က္ဆိုတာ က်ေနာ္တို႔အတြက္ ဘာမွကို မျမင္ရဘူး။ ဆိုေတာ့ ဒီမွာေနၾကတဲ့ ပညာတတ္လူငယ္ေတြ ေမာ္လဝီေတြ ေခါင္းေဆာင္ေတြ အကုန္ကုန္သြားႏိုင္တယ္လို႔ က်ေနာ္ျမင္ပါတယ္။ စခန္းတိုင္းမွာ ARSA အဖြဲ႔ဝင္ေတြ႐ွိတယ္ ဒါေပမဲ့ လိုက္႐ွာရင္လည္း မျမင္ရဘူး။ လိုက္႐ွာတယ္ဆိုရင္ ဟိုဘက္ ဒီဘက္ကို ေ႐ွာင္ေနၾကတယ္။ မဟုတ္ဘူးဆို သူတို႔ အဖမ္းခံရမွာပဲ။ ဒီလိုမလုပ္ဘူးဆိုရင္ က်ေနာ္တို႔ တေန႔ကို ၄ ေယာက္ ၅ ေယာက္ ေသေနမွာပဲ အခုဆို သူတို႔႐ွိတယ္ က်ေနာ္တို႔ကိုလည္း ႐ိုက္သတ္လိုက္ႏိုင္တာပဲ အၿမဲတမ္းကို က်ေနာ္တို႔ကို ႏွိပ္စက္ေနတယ္ဆိုရင္ ဒါေတြကို ႏိုင္ငံတကာနဲ႔ ကုလသမဂၢေတြက က်ေနာ္တို႔ကို အခုလို သတ္ျဖတ္ေနတာအေပၚ ဘယ္လိုလုပ္ေပးမလဲဆိုတာကိုလည္း အၾကံေပးၾကပါဦး”

ျမန္မာျပည္ ျပန္ႏိုင္ေရးကလည္း မေရရာ ေ႐ွ႕အနာဂတ္ဘဝေတြအတြက္ကလည္း မေရမရာ ျဖစ္လာေနတဲ့အျပင္ လူငယ္ေတြ အထူးသျဖင့္ အမ်ိဳးသမီးေလးေတြအထိ ဒီလိုအသက္အႏၲရာယ္ ၿခိမ္းေျခာက္ခံရတဲ့အထိ လုံျခဳံေရးစိုးရိမ္မႈေတြ တိုးလာေနတဲ့အတြက္ ဒုကၡသည္စခန္းထဲကေန လြတ္ေျမာက္ေအာင္ လြတ္ရာလမ္းေၾကာင္းေတြ႐ွာၿပီး ပင္လယ္ခရီးလမ္းေတြကေန ထြက္ေျပးကုန္ၾကတာလည္းမ်ားလာတာလို႔ ဦးေစာလြင္ကဆက္ေျပာျပပါတယ္။

”ေနာက္တခုက ဘာလဲဆိုရင္ ျမန္မာျပည္ျပန္ဖို႔ လုပ္လာတယ္ဆိုရင္ ARSA ေတြက မင္းတို႔ေတြက ဘာေကာင္ေတြလဲ ဘာအဆင့္ေတြလဲဆိုၿပီး က်ေနာ္တို႔ကို ႏွိပ္စက္တယ္။ ေနာက္တခုက မူးယစ္ေဆးဝါးေတြ ယူလာတယ္။ ယူလာၿပီး စခန္းထဲမွာ ကယ္ရီေတြနဲ႔ ခ်ထားေပးတယ္။ ဖမ္းခံရတယ္ဆိုလည္း ကယ္ရီသမားေတြပဲ အဖမ္းခံရတယ္။ ARSAေတြ မူးယစ္ဂိုဏ္းသမားေတြက အဖမ္းမခံရဘူး။ ေနာက္တခုက အမ်ိဳးသမီး ေခ်ာေခ်ာလွလွေလးေတြဆိုလည္း သူတို႔အကုန္ပိုင္တယ္။ သူတို႔အကုန္ပိုင္တယ္ဆိုၿပီး မေပးဘူးဆိုလည္း အသက္ ၁၃ ႏွစ္ ၁၄ႏွစ္ အမ်ိဳးသမီးေလးေတြဆိုရင္လည္း သူတို႔မ်က္စိက်တယ္ဆိုရင္လည္း ယူသြားခ်င္ၾကတယ္။ ဒါေၾကာင့္မို႔လို႔ မေလး႐ွားတို႔ အင္ဒိုနီး႐ွားတို႔ကိုသြားေနၾကတာ ေမးစရာေတာင္ မလိုေတာ့ပါဘူး။ အဲ့လိုေတြ သြားေနၾကတာ အဲ့တာေၾကာင့္ပဲ အမ်ိဳးသမီးေတြ အ႐ြယ္ေရာက္လာၿပီဆိုရင္ အဲ့အမ်ိဳးသမီးေတြကို မေပးဘူးဆိုရင္ သူတို႔ရဲ႕ မိဘေတြ ေမာင္ႏွမေတြကို ႐ိုက္ႏွက္တယ္ ႏွိပ္စက္တယ္။ ႐ိုက္သတ္တယ္။ ဒီလိုေတြျဖစ္ေနေတာ့ က်ေနာ္တို႔က မေလး႐ွားျဖစ္ျဖစ္ ဘယ္ကိုပဲျဖစ္ျဖစ္ ရတဲ့ေနရာကို ရေအာင္သြားၾကတာ။ လမ္းမွာ ေသႏိုင္တယ္ဆိုတာကိုလည္း လူတိုင္းသိၾကတယ္။ သိေပမဲ့ ဘယ္လိုလုပ္ၾကမလဲ အခုက်ေနာ္တို႔ ဒုကၡသည္စခန္းကိုေရာက္လာၾကတာလည္း အသက္ေဘးကယ္ဖို႔ ေျပးလာၾကတာ။ ဒီမွာလည္း ကိုယ့္အသက္ကို ကယ္ဖို႔ မျဖစ္ႏိုင္ဘူးဆိုေတာ့ ရတဲ့ေနရာေတြကို လြတ္ေအာင္ ေျပးေနၾကတာပါ ဒါပါပဲ။”

စခန္းေတြထဲမွာ ထင္႐ွားတဲ့ ဘာသာေရးေခါင္းေဆာင္ေတြ၊ ႐ိုဟင္ဂ်ာအေရးလႈပ္႐ွားသူေတြနဲ႔ ကမ့္တာဝန္ခံေတြအပါအဝင္ ႐ိုဟင္ဂ်ာတခ်ိဳ႕ကို လူအုပ္စုလိုက္ အင္အားသုံး ႐ိုက္ႏွက္သတ္ျဖတ္တာ႐ွိသလို- ဓားနဲ႔ ဝိုင္းခုတ္သတ္တာမ်ိဳး ေသနတ္နဲ႔ အနီးကတ္ပစ္သတ္သြားတာမ်ိဳးလို လုပ္ၾကံသတ္ျဖတ္မႈေတြအေပၚ ဘဂၤလားေဒ့႐ွ္ႏိုင္ငံရဲ႕ ရာဇဝတ္ျပစ္မႈ မူခင္းဆိုင္ရာ တည္ဆဲဥပေဒေတြနဲ႔ စုံစမ္းစစ္ေဆးေဖာ္ထုတ္ၿပီး က်ဳးလြန္သူေတြကို ထိေရာက္တဲ့ အေရးယူအျပစ္ေပးမႈေတြ လုပ္ဖို႔လည္း အေရးတႀကီးလိုအပ္တယ္လို႔ လူ႕အခြင့္အေရးအၾကံေပး ဦးေအာင္ေက်ာ္မိုးကလည္း အၾကံျပဳပါတယ္။

“အဓိကကေတာ့ ဘဂၤလားေဒ့႐ွ္မွာျဖစ္တဲ့ အမႈေတြက ဘဂၤလားေဒ့႐ွ္မွာ႐ွိတဲ့ တည္ဆဲဥပေဒေတြနဲ႔အညီ သမာသမတ္က်က် ဒီအမႈေတြကို ကိုင္တြယ္ဖို႔လိုတယ္။ တရားဥပေဒ႐ွွဳ႕ေထာင္ကေန လုပ္ငန္းစဥ္ေတြကို မိသားစုက သိေနဖို႔လည္း လိုအပ္တယ္ေပါ့ေနာ္။ အခုက်ေတာ့ အသတ္ခံလိုက္ရတယ္ မိသားစုဝင္ေတြကို ၾကားစခန္းထဲမွာ ထည့္လိုက္တယ္။ မိသားစုဝင္ေတြဘက္က တရားမွ်တမႈကို ဘယ္ေတာ့ ရ႐ွိမယ္ဆိုတာလည္းမသိဘူး။ ဆိုေတာ့ သူတို႔ကို တတိယႏိုင္ငံတခုကို ေ႐ႊ႕ေျပာင္းေပး႐ုံနဲ႔ ေသဆုံးသြားသူေတြအတြက္ တရားမွ်တမႈရ႐ွိတာမဟုတ္ဘူး အဲ့လိုျဖစ္ေနတယ္ေပါ့ေနာ္ တရားမွ်တမႈရသင့္ရထိုက္တာကို မိသားစုဝင္ေတြကို အားေပးဖို႔ အခ်ိန္နဲ႔တေျပးညီ စုံစမ္းမႈေတြ ဘယ္လို႐ွိတယ္ဆိုတာ သိဖို႔လိုတယ္ တၿပိဳင္နက္တည္းမွာက ဒီလိုအၿခိမ္းေျခာက္ခံရ အသတ္ျဖတ္ခံရတဲ့သူမိသားစုဝင္ေတြကို လုံျခဳံတဲ့ေနရာကို ပို႔ေပးထား႐ုံနဲ႔လည္း ဒီျပႆနာက ေျပလည္မဟုတ္ဘူး အရင္းျမစ္က ဘာလဲဆိုေတာ့ ဒီလိုလူဆိုး လူမိုက္ေတြ ရာဇဝတ္ဂိုဏ္းေတြကို ကမ့္ေတြထဲမွာ ႐ွင္သန္လို႔မရေအာင္ လုံျခဳံေရးအစီအမံေတြ ေကာင္းေကာင္းမြန္မြန္ လုပ္ဖို႔လိုတယ္ေပါ့ေနာ္။ ေကာင္းေကာင္းမြန္မြန္ မလုပ္ေပးတဲ့ကာလပတ္လုံး ႐ွိေနမွာပဲ မေန႔က အသတ္ခံရတယ္ ဒီေန႔ အ႐ိုက္ခံရတယ္ နိစၥဓူဝ လိုျဖစ္လာတယ္ ကမ့္ထဲမွာ ေန႔စဥ္ သာမာန္ကိစၥတခုလိုကိုျဖစ္လာေနတာကို ဘဂၤလားေဒ့႐ွ္အစိုးရအေနနဲ႔ အထူးအစီအမံေတြနဲ႔ကို ကိုင္တြယ္ဖို႔လိုတယ္။”

လြန္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လကုန္ပိုင္း ျမန္မာႏိုင္ငံေျမာက္ပိုင္း ရခိုင္မွာ ျဖစ္ခဲ့တဲ့ ARSA အဖြဲ႕ရဲ႕ အၾကမ္းဖက္တိုက္ခိုက္မႈေတြ ေနာက္ပိုင္း၊ လူမ်ိဳးေရး၊ ဘာသာေရး အသြင္ေဆာင္ ပဋိပကၡေတြရဲ႕ ေနာက္ပိုင္း၊ စစ္တပ္နဲ႔ နယ္ျခားေစာင့္တပ္ေတြရဲ႕ နယ္ေျမ႐ွင္းလင္းမႈေတြအတြင္း အသက္ေဘးက စိုးရိမ္ရလို႔ ႐ိုဟင္ဂ်ာမြတ္စလင္ ၇ သိန္းေက်ာ္ဟာ အိမ္နီးခ်င္း ဘဂၤလားေဒ့႐ွ္ဘက္ကို တိမ္းေ႐ွာင္ထြက္ေျပးသြားၾကတာပါ။ ႐ိုဟင္ဂ်ာေတြ ဘဂၤလားဘက္ ေရာက္ခါစတုန္းကေတာ့ ဘဂၤလားေဒ့႐ွ္အစိုးရနဲ႔ ေဒသခံ လူမႈအသိုင္းအဝိုင္းက ဆီးႀကိဳခဲ့ၾကေပမယ့္၊ ေဒသခံသတင္းမီဒီယာေတြနဲ႔ ႏိုင္ငံေရးသမားေတြဟာ ႐ိုဟင္ဂ်ာေတြကို မူးယစ္ေဆးဝါးေရာင္းသူေတြ၊ အၾကမ္းဖက္သူေတြ ရာဇဝတ္သားေတြအျဖစ္ ပုံေဖၚေျပာဆိုလာသလို ဘဂၤလားေဒ့႐ွ္ ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္ကလည္း ႐ိုဟင္ဂ်ာဒုကၡသည္ေတြဟာ ဘဂၤလားေဒ့႐ွ္ႏိုင္ငံအတြက္ ဝန္ထုပ္ဝန္ပိုးျဖစ္လာေနတယ္ဆိုၿပီး ေျပာဆိုခဲ့ပါတယ္။

အခုလက္႐ွိအခ်ိန္မွာလဲ ျမန္မာႏိုင္ငံနဲ႔ ဘဂၤလားေဒ့႐ွ္ ႏွစ္ႏိုင္ငံနယ္စပ္အနီး AA ရခိုင္လက္နက္ကိုင္တပ္နဲ႔ စစ္ေကာင္စီတပ္တို႔ၾကား စစ္ေရးတင္းမာေနဆဲအေျခအေနေတြေၾကာင့္ ႐ိုဟင္ဂ်ာတို႔ ေနရပ္ျပန္ေရးအစီအစဥ္ေတြ အဆင္ေျပ ေအာင္ျမင္ႏိုင္ဖြယ္ မ႐ွိပါဘူး။ ဒါ့အျပင္ ႐ိုဟင္ဂ်ာဒုကၡသည္စခန္းတြင္းမွာကို ႐ိုဟင္ဂ်ာေတြအေပၚ လုပ္ၾကံသတ္ျဖတ္မႈေတြ တစထက္တစ ပိုတိုးလာတဲ့ အေျခအေနအရ ႐ိုဟင္ဂ်ာေတြရဲ႕ လုံျခဳံေရးကလည္း စိုးရိမ္စရာအလြန္ေကာင္းတဲ့ အေနအထား ျဖစ္ေနတယ္ ဒီလို႐ိုဟင္ဂ်ာေတြရဲ႕ ျမန္မာႏိုင္ငံမွာေရာ ဘဂၤလားေဒ့႐ွ္မွာပါ ေရ႐ွည္ရပ္တည္ေနထိုင္ႏိုင္ေရးနဲ႔ အနာဂတ္ေမွ်ာ္လင့္ခ်က္ မေရမရာ ျဖစ္လာေနတဲ့အေပၚ စနစ္တက်ကိုင္တြယ္ေျဖ႐ွင္းႏိုင္ေရး ကုလသမဂၢ ႏိုင္ငံတကာအသိုင္းအဝိုင္းအပါအဝင္ ဘဂၤလားေဒ့႐ွ္အစိုးရနဲ႔ ျမန္မာႏိုင္ငံဘက္က တာဝန္႐ွိသူေတြၾကား အထူးအေလးထား စဥ္းစားေဆာင္႐ြက္ေပးဖို႔ ႐ိုဟင္ဂ်ာဒုကၡသည္ေတြဘက္က ေတာင္းဆိုေနၾကေၾကာင္းပါ။

==== Unicode ====

သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာမူဆလင်တွေ ခိုလှုံနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်ထဲက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲမှာ စခန်းတာဝန်ခံတွေအပါအဝင် ရိုဟင်ဂျာဒုက္ခသည်တချို့ လုပ်ကြံသတ်ဖြတ်ခံရမှုတွေ မကြာခဏဖြစ်လာနေတဲ့အတွက် ဒုက္ခသည်တွေရဲ့စခန်းတွင်းနေ့စဉ်ဘဝလုံခြုံရေးက အထူးစိုးရိမ်စရာ ဖြစ်လာနေပြီး ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဒီ့ထက်ပိုတိုးချထားပြီး ထိရောက်တဲ့လုံခြုံရေးတာဝန်ယူပေးသင့်တယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေနဲ့ ဒုက္ခသည်တွေက ပြောပါတယ်။တယ်။ အသတ်ခံခဲ့ရတဲ့ ရိုဟင်ဂျာတွေနဲ့ ကျန်ရစ်သူမိသားစုတွေ တရားမျှတမှုရရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ တည်ဆဲဥပဒေတွေနဲ့အညီ ကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်အရေးယူဆောင်ရွက်ပေးဖို့ကိုလည်း တိုက်တွန်းတောင်းဆိုကြပါတယ်။ နေ့စဉ်နီးပါး ဒုက္ခသည်စခန်းတွေထဲ သေဆုံးထိခိုက်မှုတွေ ဖြစ်နေရတဲ့ လုံခြုံမှုကင်းမဲ့နေတဲ့ အနေအထားအပေါ် ရိုဟင်ဂျာတို့ စိုးရိမ်ချက်တွေကို စုစည်းပြီး မဆုမွန် တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းကနေ လွန်ခဲ့တဲ့ ခြောက်နှစ်ကျော်လောက်ကတည်းက သိန်းချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်ထဲက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ ဒီနှစ်ပိုင်းတွေထဲမှာ ရိုဟင်ဂျာဒုက္ခသည်တချို့ကို လူအုပ်စုတွေနဲ့ သေနတ်နဲ့ပစ် ဓားနဲ့ခုတ်သတ်တဲ့ ဖြစ်ရပ်တွေများပြားလာနေတာပါ။ ရိုဟင်ဂျာစခန်းတွေထဲ ARSA အစွန်းရောက်အဖွဲ့ကနေ ပစ်မှတ်ထားတိုက်ခိုက်နေလို့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲ အသတ်ခံရမှုတွေ ပိုများလာတယ်လို့ ကော့ဇ်ဘဇားခရိုင် ရဲတပ်ဖွဲ့အကြီးအကဲ က AFP သတင်းဌာနကို ပြောခဲ့ဖူးပါတယ်။ ရိုဟင်ဂျာစခန်းတွေထဲက စိုးရိမ်စရာဖြစ်လာနေတဲ့ လက်ရှိလုံခြုံရေး အခြေအနေအပေါ် NUG အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးအကြံပေး ဦးအောင်ကျော်မိုးက ဗွီအိုအေမြန်မာပိုင်းကို အခုလိုသုံးသပ်ပြောဆိုပါတယ်။

“အခုလက်ရှိ ဒုက္ခသည်စခန်းရဲ့ လုံခြုံရေးအခြေအနေက အရမ်းစိုးရ်ိမ်စရာကောင်းတယ်။ ကျနော်တို့ ၂၀၁၇-၂၀၁၈ ခုနှစ်တုန်းကနဲ့ယှဉ်ရင် အခုက နေ့စဉ်နဲ့အမျှကို အသတ်ခံနေရတဲ့ အနေအထားရှိတယ်။ အဲ့ဒီ့အတွက် လူငယ်တွေ ကွန်မြူနတီ အလုပ်လုပ်နေတဲ့လူတွေ ငြိမ်းချမ်းရေးတွေ တရားမျှတမှုရရှိရေး လုပ်နေတဲ့သူတွေ ဆောင်ရွက်နေတဲ့သူတွေ နောက်ပြီးတော့ နေရပ်ပြန်ရေးလုပ်ငန်းတွေကို ဦးဆောင်လုပ်နေတဲ့သူတွေကို အဓိက ပစ်မှတ်ထားပြီး လုပ်တာအပြင် တခြားသောဒုစရိုက်မှုတွေလည်း ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ရှိနေတယ်ပေါ့နော်။ နဂိုတုန်းက ဘင်္ဂလားဒေ့ရှ်အစိုးရက စစ်တပ်ကို ချထားတဲ့အခါကျတော့ လုံခြုံရေးက စစ်တပ်ကိုချထားတဲ့အခါကျတော့ လုံခြုံရေးကို ထိန်းထိန်းသိမ်းသိမ်း လုပ်နိုင်ခဲ့တယ်ပေါ့နော်။ အခုကျတော့ စစ်တပ်ကို ပြန်ရုပ်သိမ်းပြီးတော့ ရဲကိုချထားတဲ့အခါကျတော့ မနိုင်မနင်းတွေ ဖြစ်တယ်ပေါ့နော်။ နောက် မီးတွေဘာတွေလည်း မရှိတဲ့အခါကျတော့ လူတစ်သန်းလောက်ရှိတဲ့ ဒုက္ခသည်စခန်းတွေထဲမှာ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ပုံစံမျိုးတွေ ဖြစ်နေတယ်ပေါ့နော်။ အဲ့ဒီ့အတွက် ဒုက္ခသည်စခန်းအသီးသီးက ဒုက္ခသည်တွေက စိုးရိမ်စိတ်တွေ ကြောက်စိတ်တွေနဲ့ ရှင်သန်နေရတဲ့သဘောရှိတယ်။ ဆိုတော့ အဓိကအကျဆုံးကတော့ ဘင်္ဂလားဒေ့ရှ်အစိုးရမှာ တာဝန်ရှိတယ် အိမ်ရှင်အနေနဲ့ ဒုက္ခသည်တွေကို လက်ခံထားတဲ့အခါကျတာ့ ဒုက္ခသည်စခန်းတွေထဲက တရားဥပဒေစိုးမိုးရေး လုံခြုံရေးတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ အခန်းကဏ္ဍက အရေးပါတယ် တပြိုင်နက်တည်းမှာပဲ UNHCR နဲ့ NGO INGO တွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးသလို ဒီလုံခြုံရေးတွေကို သာမာန်ရိုးကျ မဟုတ်ဘဲ၊ ပိုမိုအားကောင်းတဲ့ နည်းစနစ်တွေ ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို စဉ်းစားဖို့လိုတယ်ပေါ့နော်။ လူထုဗဟိုပြု လုံခြုံရေးစနစ်ကို လုပ်ပေးဖို့လိုတယ်။”

ဒီလို ရိုဟင်ဂျာတွေ ဒုက္ခသည်စခန်းတွေထဲ အကြမ်းဖက် အသတ်ဖြတ်ခံရမှုတွေ ခပ်စိတ်စိတ်များလာနေတဲ့ အခြေအနေအပေါ် ရိုဟင်ဂျာဒုက္ခသည်တွေကြား အသက်အန္တရာယ် စိုးရိမ်မှုတွေနဲ့ စိုးရိမ်ပူပင်မှုတွေပိုတိုးလာနေတယ်လို့ အမည်မဖော်လိုတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက ဗွီအိုအေမြန်မာပိုင်းကို ပြောပြပါတယ်။ ကော့ဇ်ဘဇားစခန်းက ရိုဟင်ဂျာဒုက္ခသည် ဦးစောလွင်က ရိုဟင်ဂျာဒုက္ခသည်တွေ လုပ်ကြံသတ်ဖြတ်ခံနေရတဲ့ လက်ရှိလုံခြုံရေး အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေအကြောင်း အခုလိုပြောပြပါတယ်။

”ဒုက္ခသည်စခန်းထဲက အခြေအနေက တနေ့ထက် တနေ့ ပိုပိုပြီးတော့ကို ဆိုးဝါးလာနေတဲ့အခြေအနေဖြစ်နေပါတယ်။ အရင်တုန်းက တစ်ယောက် နှစ်ယောက်လောက်ပဲ တနေ့ကိုဖြစ်နေပြီးတော့ လွန်ခဲ့တဲ့ ဒီဇင်ဘာလ လောက်ကစပြီး တရက်ကို နှစ်ယောက် သုံးယောက် လေးယောက် အထိကို များလာနေပါတယ်။ ဒါကြောင့် ကျနော်တို့ ဒုက္ခသည်တွေဘက်က ဘယ်လိုလုံခြုံမှုရှိအောင် လုပ်ရမလဲ ဘယ်လိုနေကြရမလဲဆိုတာကို ကျနော်တို့ အင်မတန်မှကို စိုးရိမ်နေကြရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့အတွက် အသက်အာမခံချက်ဆိုတာ ကျနော်တို့အတွက် ဘာမှကို မမြင်ရဘူး။ ဆိုတော့ ဒီမှာနေကြတဲ့ ပညာတတ်လူငယ်တွေ မော်လဝီတွေ ခေါင်းဆောင်တွေ အကုန်ကုန်သွားနိုင်တယ်လို့ ကျနော်မြင်ပါတယ်။ စခန်းတိုင်းမှာ ARSA အဖွဲ့ဝင်တွေရှိတယ် ဒါပေမဲ့ လိုက်ရှာရင်လည်း မမြင်ရဘူး။ လိုက်ရှာတယ်ဆိုရင် ဟိုဘက် ဒီဘက်ကို ရှောင်နေကြတယ်။ မဟုတ်ဘူးဆို သူတို့ အဖမ်းခံရမှာပဲ။ ဒီလိုမလုပ်ဘူးဆိုရင် ကျနော်တို့ တနေ့ကို ၄ ယောက် ၅ ယောက် သေနေမှာပဲ အခုဆို သူတို့ရှိတယ် ကျနော်တို့ကိုလည်း ရိုက်သတ်လိုက်နိုင်တာပဲ အမြဲတမ်းကို ကျနော်တို့ကို နှိပ်စက်နေတယ်ဆိုရင် ဒါတွေကို နိုင်ငံတကာနဲ့ ကုလသမဂ္ဂတွေက ကျနော်တို့ကို အခုလို သတ်ဖြတ်နေတာအပေါ် ဘယ်လိုလုပ်ပေးမလဲဆိုတာကိုလည်း အကြံပေးကြပါဦး”

မြန်မာပြည် ပြန်နိုင်ရေးကလည်း မရေရာ ရှေ့အနာဂတ်ဘဝတွေအတွက်ကလည်း မရေမရာ ဖြစ်လာနေတဲ့အပြင် လူငယ်တွေ အထူးသဖြင့် အမျိုးသမီးလေးတွေအထိ ဒီလိုအသက်အန္တရာယ် ခြိမ်းခြောက်ခံရတဲ့အထိ လုံခြုံရေးစိုးရိမ်မှုတွေ တိုးလာနေတဲ့အတွက် ဒုက္ခသည်စခန်းထဲကနေ လွတ်မြောက်အောင် လွတ်ရာလမ်းကြောင်းတွေရှာပြီး ပင်လယ်ခရီးလမ်းတွေကနေ ထွက်ပြေးကုန်ကြတာလည်းများလာတာလို့ ဦးစောလွင်ကဆက်ပြောပြပါတယ်။

”နောက်တခုက ဘာလဲဆိုရင် မြန်မာပြည်ပြန်ဖို့ လုပ်လာတယ်ဆိုရင် ARSA တွေက မင်းတို့တွေက ဘာကောင်တွေလဲ ဘာအဆင့်တွေလဲဆိုပြီး ကျနော်တို့ကို နှိပ်စက်တယ်။ နောက်တခုက မူးယစ်ဆေးဝါးတွေ ယူလာတယ်။ ယူလာပြီး စခန်းထဲမှာ ကယ်ရီတွေနဲ့ ချထားပေးတယ်။ ဖမ်းခံရတယ်ဆိုလည်း ကယ်ရီသမားတွေပဲ အဖမ်းခံရတယ်။ ARSAတွေ မူးယစ်ဂိုဏ်းသမားတွေက အဖမ်းမခံရဘူး။ နောက်တခုက အမျိုးသမီး ချောချောလှလှလေးတွေဆိုလည်း သူတို့အကုန်ပိုင်တယ်။ သူတို့အကုန်ပိုင်တယ်ဆိုပြီး မပေးဘူးဆိုလည်း အသက် ၁၃ နှစ် ၁၄နှစ် အမျိုးသမီးလေးတွေဆိုရင်လည်း သူတို့မျက်စိကျတယ်ဆိုရင်လည်း ယူသွားချင်ကြတယ်။ ဒါကြောင့်မို့လို့ မလေးရှားတို့ အင်ဒိုနီးရှားတို့ကိုသွားနေကြတာ မေးစရာတောင် မလိုတော့ပါဘူး။ အဲ့လိုတွေ သွားနေကြတာ အဲ့တာကြောင့်ပဲ အမျိုးသမီးတွေ အရွယ်ရောက်လာပြီဆိုရင် အဲ့အမျိုးသမီးတွေကို မပေးဘူးဆိုရင် သူတို့ရဲ့ မိဘတွေ မောင်နှမတွေကို ရိုက်နှက်တယ် နှိပ်စက်တယ်။ ရိုက်သတ်တယ်။ ဒီလိုတွေဖြစ်နေတော့ ကျနော်တို့က မလေးရှားဖြစ်ဖြစ် ဘယ်ကိုပဲဖြစ်ဖြစ် ရတဲ့နေရာကို ရအောင်သွားကြတာ။ လမ်းမှာ သေနိုင်တယ်ဆိုတာကိုလည်း လူတိုင်းသိကြတယ်။ သိပေမဲ့ ဘယ်လိုလုပ်ကြမလဲ အခုကျနော်တို့ ဒုက္ခသည်စခန်းကိုရောက်လာကြတာလည်း အသက်ဘေးကယ်ဖို့ ပြေးလာကြတာ။ ဒီမှာလည်း ကိုယ့်အသက်ကို ကယ်ဖို့ မဖြစ်နိုင်ဘူးဆိုတော့ ရတဲ့နေရာတွေကို လွတ်အောင် ပြေးနေကြတာပါ ဒါပါပဲ။”

စခန်းတွေထဲမှာ ထင်ရှားတဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေနဲ့ ကမ့်တာဝန်ခံတွေအပါအဝင် ရိုဟင်ဂျာတချို့ကို လူအုပ်စုလိုက် အင်အားသုံး ရိုက်နှက်သတ်ဖြတ်တာရှိသလို- ဓားနဲ့ ဝိုင်းခုတ်သတ်တာမျိုး သေနတ်နဲ့ အနီးကတ်ပစ်သတ်သွားတာမျိုးလို လုပ်ကြံသတ်ဖြတ်မှုတွေအပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရာဇဝတ်ပြစ်မှု မူခင်းဆိုင်ရာ တည်ဆဲဥပဒေတွေနဲ့ စုံစမ်းစစ်ဆေးဖော်ထုတ်ပြီး ကျုးလွန်သူတွေကို ထိရောက်တဲ့ အရေးယူအပြစ်ပေးမှုတွေ လုပ်ဖို့လည်း အရေးတကြီးလိုအပ်တယ်လို့ လူ့အခွင့်အရေးအကြံပေး ဦးအောင်ကျော်မိုးကလည်း အကြံပြုပါတယ်။

“အဓိကကတော့ ဘင်္ဂလားဒေ့ရှ်မှာဖြစ်တဲ့ အမှုတွေက ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ တည်ဆဲဥပဒေတွေနဲ့အညီ သမာသမတ်ကျကျ ဒီအမှုတွေကို ကိုင်တွယ်ဖို့လိုတယ်။ တရားဥပဒေရှု့ထောင်ကနေ လုပ်ငန်းစဉ်တွေကို မိသားစုက သိနေဖို့လည်း လိုအပ်တယ်ပေါ့နော်။ အခုကျတော့ အသတ်ခံလိုက်ရတယ် မိသားစုဝင်တွေကို ကြားစခန်းထဲမှာ ထည့်လိုက်တယ်။ မိသားစုဝင်တွေဘက်က တရားမျှတမှုကို ဘယ်တော့ ရရှိမယ်ဆိုတာလည်းမသိဘူး။ ဆိုတော့ သူတို့ကို တတိယနိုင်ငံတခုကို ရွှေ့ပြောင်းပေးရုံနဲ့ သေဆုံးသွားသူတွေအတွက် တရားမျှတမှုရရှိတာမဟုတ်ဘူး အဲ့လိုဖြစ်နေတယ်ပေါ့နော် တရားမျှတမှုရသင့်ရထိုက်တာကို မိသားစုဝင်တွေကို အားပေးဖို့ အချိန်နဲ့တပြေးညီ စုံစမ်းမှုတွေ ဘယ်လိုရှိတယ်ဆိုတာ သိဖို့လိုတယ် တပြိုင်နက်တည်းမှာက ဒီလိုအခြိမ်းခြောက်ခံရ အသတ်ဖြတ်ခံရတဲ့သူမိသားစုဝင်တွေကို လုံခြုံတဲ့နေရာကို ပို့ပေးထားရုံနဲ့လည်း ဒီပြဿနာက ပြေလည်မဟုတ်ဘူး အရင်းမြစ်က ဘာလဲဆိုတော့ ဒီလိုလူဆိုး လူမိုက်တွေ ရာဇဝတ်ဂိုဏ်းတွေကို ကမ့်တွေထဲမှာ ရှင်သန်လို့မရအောင် လုံခြုံရေးအစီအမံတွေ ကောင်းကောင်းမွန်မွန် လုပ်ဖို့လိုတယ်ပေါ့နော်။ ကောင်းကောင်းမွန်မွန် မလုပ်ပေးတဲ့ကာလပတ်လုံး ရှိနေမှာပဲ မနေ့က အသတ်ခံရတယ် ဒီနေ့ အရိုက်ခံရတယ် နိစ္စဓူဝ လိုဖြစ်လာတယ် ကမ့်ထဲမှာ နေ့စဉ် သာမာန်ကိစ္စတခုလိုကိုဖြစ်လာနေတာကို ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ အထူးအစီအမံတွေနဲ့ကို ကိုင်တွယ်ဖို့လိုတယ်။”

လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လကုန်ပိုင်း မြန်မာနိုင်ငံမြောက်ပိုင်း ရခိုင်မှာ ဖြစ်ခဲ့တဲ့ ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ နောက်ပိုင်း၊ လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင် ပဋိပက္ခတွေရဲ့ နောက်ပိုင်း၊ စစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း အသက်ဘေးက စိုးရိမ်ရလို့ ရိုဟင်ဂျာမွတ်စလင် ၇ သိန်းကျော်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို တိမ်းရှောင်ထွက်ပြေးသွားကြတာပါ။ ရိုဟင်ဂျာတွေ ဘင်္ဂလားဘက် ရောက်ခါစတုန်းကတော့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဒေသခံ လူမှုအသိုင်းအဝိုင်းက ဆီးကြိုခဲ့ကြပေမယ့်၊ ဒေသခံသတင်းမီဒီယာတွေနဲ့ နိုင်ငံရေးသမားတွေဟာ ရိုဟင်ဂျာတွေကို မူးယစ်ဆေးဝါးရောင်းသူတွေ၊ အကြမ်းဖက်သူတွေ ရာဇဝတ်သားတွေအဖြစ် ပုံဖေါ်ပြောဆိုလာသလို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ကိုယ်တိုင်ကလည်း ရိုဟင်ဂျာဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာနေတယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။

အခုလက်ရှိအချိန်မှာလဲ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်အနီး AA ရခိုင်လက်နက်ကိုင်တပ်နဲ့ စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာနေဆဲအခြေအနေတွေကြောင့် ရိုဟင်ဂျာတို့ နေရပ်ပြန်ရေးအစီအစဉ်တွေ အဆင်ပြေ အောင်မြင်နိုင်ဖွယ် မရှိပါဘူး။ ဒါ့အပြင် ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်းမှာကို ရိုဟင်ဂျာတွေအပေါ် လုပ်ကြံသတ်ဖြတ်မှုတွေ တစထက်တစ ပိုတိုးလာတဲ့ အခြေအနေအရ ရိုဟင်ဂျာတွေရဲ့ လုံခြုံရေးကလည်း စိုးရိမ်စရာအလွန်ကောင်းတဲ့ အနေအထား ဖြစ်နေတယ် ဒီလိုရိုဟင်ဂျာတွေရဲ့ မြန်မာနိုင်ငံမှာရော ဘင်္ဂလားဒေ့ရှ်မှာပါ ရေရှည်ရပ်တည်နေထိုင်နိုင်ရေးနဲ့ အနာဂတ်မျှော်လင့်ချက် မရေမရာ ဖြစ်လာနေတဲ့အပေါ် စနစ်တကျကိုင်တွယ်ဖြေရှင်းနိုင်ရေး ကုလသမဂ္ဂ နိုင်ငံတကာအသိုင်းအဝိုင်းအပါအဝင် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ မြန်မာနိုင်ငံဘက်က တာဝန်ရှိသူတွေကြား အထူးအလေးထား စဉ်းစားဆောင်ရွက်ပေးဖို့ ရိုဟင်ဂျာဒုက္ခသည်တွေဘက်က တောင်းဆိုနေကြကြောင်းပါ။

XS
SM
MD
LG