ပါကစၥတန္ႏိုင္ငံ အေနာက္ေျမာက္ပိုင္း ပက္ရႊာဝါ (Peshawar) ၿမိဳ႕က ရဲတပ္ဖြဲ႔၀င္းထဲမွာရွိတဲ့ ဗလီတစ္ခုမွာ ဒီကေန႔ ဇန္နဝါရီ ၃၀ ရက္ေန႔မွာ အေသခံဗုံးခြဲ တိုက္ခိုက္ခဲ့တဲ့အတြက္ အနည္းဆုံး လူ ၃၄ ဦး ေသဆုံးၿပီး ၁၅၀ ဒဏ္ရာရသြားပါတယ္။ ေသဆုံး ဒဏ္ရာရသူ အမ်ားစုဟာ ရဲတပ္ဖြဲ႔၀င္ေတြျဖစ္တယ္လို႔ ဆိုပါတယ္။ ေပါက္ကြဲမႈ အရွိန္ျပင္းတာေၾကာင့္ ဗလီအမိုးပါ ၿပိဳက်ခဲ့တယ္လို႔ ဆိိုပါတယ္။
ပက္ရႊာဝါၿမိဳ႕ ရဲဌာနခ်ဳပ္အျပင္ တျခား အစိုးရအဖြဲ႔႐ုံးေတြပါ တည္ရွိၿပီး လုံျခံဳေရးေတြ တင္းၾကပ္စြာခ်ထားတဲ့ ဒီ ျခံစည္း႐ိုး အလုံအျခံဳ ခတ္ထားတဲ့ ရဲ၀င္းထဲကို အေသခံဗုံးခြဲသမား ဘယ္လို ၀င္ေရာက္ႏိုင္ခဲ့တယ္ဆိုတာေတာ့ မသိရေသးဘူးလို႔ ေအပီသတင္းမွာ ေရးပါတယ္။ ပါကစၥတန္ တာလီဘန္အဖြဲ႔ရဲ႕ ေျပာခြင့္ရ Sarbakaf Mohmand ကေတာ့ ဒီတိုက္ခိုက္မႈကို သူတို႔အဖြဲ႔က ျပဳလုပ္ခဲ့တာလို႔ Twitter လူမႈကြန္ယက္မွာ ေရးပါတယ္။
ေပါက္ကြဲမႈျဖစ္တဲ့အခ်ိန္ ဗလီထဲမွာ လူ ၂၆၀ ေလာက္ရွိတယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။ ဒဏ္ရာရသူေတြကို ေဆး႐ုံကို ပို႔ေဆာင္ေပးခဲ့ၿပီး ေသဆုံးသူတခ်ိဳ႕ အေဆာက္အဦးအပ်က္အစီးေတြေအာက္မွာရွိေနႏိုင္တယ္လို႔ လည္း မ်က္ျမင္တခ်ိဳ႕က ေျပာပါတယ္။
[Unicode]
ပါကစ္စတန်ဗလီ ဗုံးပေါက်ကွဲမှု ၃၄ ဦးထက်မနည်း သေဆုံး
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပက်ရွှာဝါ (Peshawar) မြို့က ရဲတပ်ဖွဲ့ဝင်းထဲမှာရှိတဲ့ ဗလီတစ်ခုမှာ ဒီကနေ့ ဇန်နဝါရီ ၃၀ ရက်နေ့မှာ အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၃၄ ဦး သေဆုံးပြီး ၁၅၀ ဒဏ်ရာရသွားပါတယ်။ သေဆုံး ဒဏ်ရာရသူ အများစုဟာ ရဲတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမှု အရှိန်ပြင်းတာကြောင့် ဗလီအမိုးပါ ပြိုကျခဲ့တယ်လို့ ဆိုပါတယ်။
ပက်ရွှာဝါမြို့ ရဲဌာနချုပ်အပြင် တခြား အစိုးရအဖွဲ့ရုံးတွေပါ တည်ရှိပြီး လုံခြုံရေးတွေ တင်းကြပ်စွာချထားတဲ့ ဒီ ခြံစည်းရိုး အလုံအခြုံ ခတ်ထားတဲ့ ရဲဝင်းထဲကို အသေခံဗုံးခွဲသမား ဘယ်လို ဝင်ရောက်နိုင်ခဲ့တယ်ဆိုတာတော့ မသိရသေးဘူးလို့ အေပီသတင်းမှာ ရေးပါတယ်။ ပါကစ္စတန် တာလီဘန်အဖွဲ့ရဲ့ ပြောခွင့်ရ Sarbakaf Mohmand ကတော့ ဒီတိုက်ခိုက်မှုကို သူတို့အဖွဲ့က ပြုလုပ်ခဲ့တာလို့ Twitter လူမှုကွန်ယက်မှာ ရေးပါတယ်။
ပေါက်ကွဲမှုဖြစ်တဲ့အချိန် ဗလီထဲမှာ လူ ၂၆၀ လောက်ရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူတချို့ အဆောက်အဦးအပျက်အစီးတွေအောက်မှာရှိနေနိုင်တယ်လို့ လည်း မျက်မြင်တချို့က ပြောပါတယ်။