သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပါကစၥတန္ စစ္တပ္ ႏိုင္ငံေရး ပတ္သက္မႈ ရွိခဲ့ေၾကာင္း စစ္တပ္အႀကီးအကဲ ဝန္ခံ


(Zawgyi)

ပါကစၥတန္ စစ္တပ္ဟာ ဖြဲ႔စည္းအုပ္ခ်ဳပ္ပုံနဲ႔ မညီညႊတ္ဘဲ ႏုိင္ငံေရးမွာ ပါ၀င္ပတ္သက္မႈရွိခဲ့ေၾကာင္း ေရွ႕သီတင္းပတ္မွာ အနားယူေတာ့မယ့္ ပါကစၥတန္ စစ္ဖက္အႀကီးအကဲက ဗုဒၶဟူးေန႔က ၀န္ခံေျပာၾကားခဲ့ပါတယ္။ ပါကစၥတန္ ႏုိင္ငံေရးမွာ စစ္တပ္က ဆယ္စုႏွစ္ေတြနဲ႔ခ်ိီ ပါ၀င္ပတ္သက္မႈ ရွိ္ခဲ့တာေၾကာင့္ ျပည္သူေတြရဲ ႔ ေ၀ဖန္မႈေတြနဲ႔လည္း မၾကာခဏ ရင္ဆုိင္ခဲ့ရပါတယ္။ က်ဆုံးစစ္သည္ေတာ္ေတြနဲ႔ မိသားစု၀င္ေတြကို စစ္ဌာနခ်ဳပ္ရွိရာ Rawalpindi ၿမိဳ ႔ကေန ရုပ္သံကတဆင့္ ႏုိင္ငံေတာ္ကို ေျပာၾကားတဲ့ မိန္႔ခြန္းမွာပဲ ဗိုလ္ခ်ဳပ္ႀကီး Qamar Javed Bajwa အဲဒီလို ၀န္ခံေျပာဆိုခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလမွာ ရာထူးက ျဖဳတ္ခ်ခံရတဲ့ ၀န္ႀကီးခ်ဳပ္ေဟာင္း Imran Khan က သူ႔ကိုဖယ္ရွားတဲ့ေနရာမွာ အေမရိကန္ျပည္ေထာင္စု ပါ၀င္ပတ္သက္မႈ ရွိတယ္ဆုိတဲ့ ေျပာဆိုခ်က္ဟာ မွန္ကန္မႈမရွိဘဲ မွားယြင္းတဲ့ ေျပာဆိုခ်က္ ျဖစ္တယ္လို႔ အသက္ ၆၂ ႏွစ္အရြယ္ ဗိုလ္ခ်ဳပ္ႀကီး Bajwa က ပယ္ခ်ပါတယ္။

ႏုိင္ငံေတာ္ကို ေန႔ညမနား ကာကြယ္ေစာင့္ေရွာက္ေနတဲ့ စစ္တပ္အေနနဲ႔ မၾကာခဏ ဆိုသလို ေ၀ဖန္ခံရတာမ်ိဳး ရွိေပမဲ႔ အဓိက ကေတာ့ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၇၀ အတြင္း စစ္တပ္က ဖြဲ႔စည္းအုပ္ခ်ဳပ္ပုံနဲ႔ မညီညႊတ္ဘဲ ႏုိင္ငံေရးမွာ ၾကား၀င္ပတ္သက္မႈေၾကာင့္သာ ျဖစ္တယ္လို႔လည္း Bajwa ကေျပာပါတယ္။

ဒါေၾကာင့္လည္း ၿပီးခဲ့တဲ့ ေဖေဖာ္၀ါရီလမွာပဲ စစ္တပ္က ႏုိင္ငံေရးမွာ လုံး၀ ပါ၀င္ပတ္သက္တာမ်ိဳး မလုပ္ဖို႔ အခုိင္အမာ ဆုံးျဖတ္ခဲ့တယ္လုိ႔လည္း ေျပာပါတယ္။ ပါကစၥတန္ႏုိင္ငံေရးမွာ ပါ၀င္ပတ္သက္ျခင္း မျပဳဖို႔ ဘာေၾကာင့္ ဆုံးျဖတ္ခဲ့ရသလဲ ဆိုတာကိုေတာ့ ဗုိ္လ္ခ်ဳပ္ႀကီး Bajwa ကေျပာမသြားပါဘူး။ ၿပီးခဲ့တဲ့ ႏွစ္ေပါင္း ၇၅ ႏွစ္အတြင္း ပါကစၥတန္မွာ ေရြးေကာက္ခံ အစုိးရကို ျဖဳတ္ခ်ၿပီး စစ္တပ္ ၄ ႀကိမ္အာဏာသိမ္းၿပီး ႏွစ္ေပါင္း ၃၀ ေက်ာ္ၾကာေအာင္ အုပ္ခ်ဳပ္ခဲ့တာလည္းျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ပါကစ္စတန် စစ်တပ် နိုင်ငံရေး ပတ်သက်မှု ရှိခဲ့ကြောင်း စစ်တပ်အကြီးအကဲ ဝန်ခံ

ပါကစ္စတန် စစ်တပ်ဟာ ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ မညီညွှတ်ဘဲ နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှုရှိခဲ့ကြောင်း ရှေ့သီတင်းပတ်မှာ အနားယူတော့မယ့် ပါကစ္စတန် စစ်ဖက်အကြီးအကဲက ဗုဒ္ဓဟူးနေ့က ဝန်ခံပြောကြားခဲ့ပါတယ်။ ပါကစ္စတန် နိုင်ငံရေးမှာ စစ်တပ်က ဆယ်စုနှစ်တွေနဲ့ချီ ပါဝင်ပတ်သက်မှု ရှိခဲ့တာကြောင့် ပြည်သူတွေရဲ့ ဝေဖန်မှုတွေနဲ့လည်း မကြာခဏ ရင်ဆိုင်ခဲ့ရပါတယ်။ ကျဆုံးစစ်သည်တော်တွေနဲ့ မိသားစုဝင်တွေကို စစ်ဌာနချုပ်ရှိရာ Rawalpindi မြို့ကနေ ရုပ်သံကတဆင့် နိုင်ငံတော်ကို ပြောကြားတဲ့ မိန့်ခွန်းမှာပဲ ဗိုလ်ချုပ်ကြီး Qamar Javed Bajwa အဲဒီလို ဝန်ခံပြောဆိုခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလမှာ ရာထူးက ဖြုတ်ချခံရတဲ့ ဝန်ကြီးချုပ်ဟောင်း Imran Khan က သူ့ကိုဖယ်ရှားတဲ့နေရာမှာ အမေရိကန်ပြည်ထောင်စု ပါဝင်ပတ်သက်မှု ရှိတယ်ဆိုတဲ့ ပြောဆိုချက်ဟာ မှန်ကန်မှုမရှိဘဲ မှားယွင်းတဲ့ ပြောဆိုချက် ဖြစ်တယ်လို့ အသက် ၆၂ နှစ်အရွယ် ဗိုလ်ချုပ်ကြီး Bajwa က ပယ်ချပါတယ်။

နိုင်ငံတော်ကို နေ့ညမနား ကာကွယ်စောင့်ရှောက်နေတဲ့ စစ်တပ်အနေနဲ့ မကြာခဏ ဆိုသလို ဝေဖန်ခံရတာမျိုး ရှိပေမဲ့ အဓိက ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ အတွင်း စစ်တပ်က ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ မညီညွှတ်ဘဲ နိုင်ငံရေးမှာ ကြားဝင်ပတ်သက်မှုကြောင့်သာ ဖြစ်တယ်လို့လည်း Bajwa ကပြောပါတယ်။

ဒါကြောင့်လည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာပဲ စစ်တပ်က နိုင်ငံရေးမှာ လုံး၀ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အခိုင်အမာ ဆုံးဖြတ်ခဲ့တယ်လို့လည်း ပြောပါတယ်။ ပါကစ္စတန်နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခြင်း မပြုဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့ရသလဲ ဆိုတာကိုတော့ ဗိုလ်ချုပ်ကြီး Bajwa ကပြောမသွားပါဘူး။ ပြီးခဲ့တဲ့ နှစ်ပေါင်း ၇၅ နှစ်အတွင်း ပါကစ္စတန်မှာ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး စစ်တပ် ၄ ကြိမ်အာဏာသိမ်းပြီး နှစ်ပေါင်း ၃၀ ကျော်ကြာအောင် အုပ်ချုပ်ခဲ့တာလည်းဖြစ်ပါတယ်။

XS
SM
MD
LG