သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဗိုလ္ခ်ဳပ္ႀကီးေဟာင္း မူရွာရက္(ဖ္) ကို ပါကစၥတန္ ျပန္လာခြင့္ျပဳေတာ႔မည္


Pakistan Musharraf

ျပည္ပမွာ မိမိဖာသာ တိမ္းေရွာင္ေနခဲ့တဲ့ ၊ တခ်ိန္က ပါကစၥတန္ စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း Pervez Musharraf ကို ႏိုင္ငံထဲ ျပန္လာခြင့္ ျပဳဖို႔ အစီအစဥ္ေတြ လုပ္ေနၿပီလို႔ အစိုးရထိပ္တန္း သတင္းရင္းျမစ္က တနလၤာေန႔မွာ ေျပာဆိုပါတယ္။

Zawgyi/Unicode

ဗိုလ္ခ်ဳပ္ႀကီးေဟာင္း မူရွာရက္(ဖ္) ကို ပါကစၥတန္ ျပန္လာခြင့္ျပဳေတာ႔မည္

ျပည္ပမွာ မိမိဖာသာ တိမ္းေရွာင္ေနခဲ့တဲ့ ၊ တခ်ိန္က ပါကစၥတန္ စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း Pervez Musharraf ကို ႏိုင္ငံထဲ ျပန္လာခြင့္ ျပဳဖို႔ အစီအစဥ္ေတြ လုပ္ေနၿပီလို႔ အစိုးရထိပ္တန္း သတင္းရင္းျမစ္က တနလၤာေန႔မွာ ေျပာဆိုပါတယ္။

အာရပ္ေစာ္ဘြားမ်ား UAE ႏိုင္ငံ Dubai ေဆး႐ုံကေန ၊ လူနာေတြ တင္ေဆာင္လို႔ရတဲ့ အထူးေလယာဥ္နဲ႔ ျပန္လာမွာ ျဖစ္တယ္လို႔ သတင္းရင္းျမစ္က VOA ကိုေျပာပါတယ္။ အသက္(၇၉)ႏွစ္ရွိၿပီျဖစ္တဲ့ Musharraf က ပါကစၥတန္ကို ဘယ္ေန႔ ျပန္လည္ေရာက္ရွိမယ္ဆိုတဲ့ ေန႔ရက္ အတိအက်ကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

တိုင္းျပည္ထဲ ျပန္လာခြင့္ျပဳမယ့္ ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္လို႔ ပါကစၥတန္ရဲ႕ၾသဇာအႀကီးမားဆုံး စစ္တပ္က အျပည့္အဝ ေထာက္ခံမႈ ေပးထားတယ္လို႔ ဆိုပါတယ္။ Musharraf မိသားစုဝင္ေတြ ေသာၾကာေန႔တုန္းက tweeter ကတဆင့္ သတင္းထုတ္ျပန္ရာမွာ Musharraf ဟာ လြန္ခဲ့တဲ့ ၃ ပတ္အတြင္း သူ႔ေရာဂါ ေဝဒနာ ပိုးဆိုးလာတယ္လို႔ ေဖၚျပပါတယ္။ သူရဲ႕ခႏၶာကိုယ္တြင္း အဂၤါ ပ်က္စီးယိုယြင္းလာေနၿပီး ျပန္လည္ေကာင္းမြန္ဖို႔ အခြင့္အလမ္းနည္းတယ္လို႔ ေဖၚျပထားတာပါ။

ဒီလို က်န္းမာေရး အေျခအေနေၾကာင့္ Musharraf ရဲ႕အိမ္ျပန္ခရီးမွာ အေႏွာက္အရွက္ အဟန္႔အတားေတြ ရွိမွာ မဟုတ္ဘူးလို႔ ပါကစၥတန္ကာကြယ္ေရး ဝန္ႀကီး Khawaja Asif က စေနေန႔မွာ ေျပာပါတယ္။

၁၉၉၉ ခုႏွစ္တုန္းက ဝန္ႀကီးခ်ဳပ္ျဖစ္တဲ့ Nawaz Sharif အစိုးရကို ျဖတ္ခ်ၿပီး၊ ဗိုလ္ခ်ဳပ္ႀကီး Musharraf က ေသြးထြက္သံယို ျဖစ္ေစတဲ့ အာဏာသိမ္းမႈ လုပ္ခဲ့တာပါ။ အဲဒီေနာက္ ႏိုင္ငံေတာ္ ပုန္ကုန္မႈအတြက္ တရားရင္ဆိုင္ေနရခ်ိန္ ႏိုင္ငံျခားကို အာမခံနဲ႔ သြားေရာက္ ေဆးကုသခြင့္ ျပဳထားခ်ိန္မွာ ၂၀၁၆ ခုႏွစ္တုန္းက UAE ႏိုင္ငံကို တိမ္းေရွာင္သြားခဲ့တာ ျဖစ္ပါတယ္။

##

တိုက္႐ိုက္ လင့္ခ္

ဗိုလ်ချုပ်ကြီးဟောင်း မူရှာရက်(ဖ်) ကို ပါကစ္စတန် ပြန်လာခွင့်ပြုတော့မည်

ပြည်ပမှာ မိမိဖာသာ တိမ်းရှောင်နေခဲ့တဲ့ ၊ တချိန်က ပါကစ္စတန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း Pervez Musharraf ကို နိုင်ငံထဲ ပြန်လာခွင့် ပြုဖို့ အစီအစဉ်တွေ လုပ်နေပြီလို့ အစိုးရထိပ်တန်း သတင်းရင်းမြစ်က တနင်္လာနေ့မှာ ပြောဆိုပါတယ်။

အာရပ်စော်ဘွားများ UAE နိုင်ငံ Dubai ဆေးရုံကနေ ၊ လူနာတွေ တင်ဆောင်လို့ရတဲ့ အထူးလေယာဉ်နဲ့ ပြန်လာမှာ ဖြစ်တယ်လို့ သတင်းရင်းမြစ်က VOA ကိုပြောပါတယ်။ အသက်(၇၉)နှစ်ရှိပြီဖြစ်တဲ့ Musharraf က ပါကစ္စတန်ကို ဘယ်နေ့ ပြန်လည်ရောက်ရှိမယ်ဆိုတဲ့ နေ့ရက် အတိအကျကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

တိုင်းပြည်ထဲ ပြန်လာခွင့်ပြုမယ့် ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ပါကစ္စတန်ရဲ့သြဇာအကြီးမားဆုံး စစ်တပ်က အပြည့်အဝ ထောက်ခံမှု ပေးထားတယ်လို့ ဆိုပါတယ်။ Musharraf မိသားစုဝင်တွေ သောကြာနေ့တုန်းက tweeter ကတဆင့် သတင်းထုတ်ပြန်ရာမှာ Musharraf ဟာ လွန်ခဲ့တဲ့ ၃ ပတ်အတွင်း သူ့ရောဂါ ဝေဒနာ ပိုးဆိုးလာတယ်လို့ ဖေါ်ပြပါတယ်။ သူရဲ့ခန္ဓာကိုယ်တွင်း အင်္ဂါ ပျက်စီးယိုယွင်းလာနေပြီး ပြန်လည်ကောင်းမွန်ဖို့ အခွင့်အလမ်းနည်းတယ်လို့ ဖေါ်ပြထားတာပါ။

ဒီလို ကျန်းမာရေး အခြေအနေကြောင့် Musharraf ရဲ့အိမ်ပြန်ခရီးမှာ အနှောက်အရှက် အဟန့်အတားတွေ ရှိမှာ မဟုတ်ဘူးလို့ ပါကစ္စတန်ကာကွယ်ရေး ဝန်ကြီး Khawaja Asif က စနေနေ့မှာ ပြောပါတယ်။

၁၉၉၉ ခုနှစ်တုန်းက ဝန်ကြီးချုပ်ဖြစ်တဲ့ Nawaz Sharif အစိုးရကို ဖြတ်ချပြီး၊ ဗိုလ်ချုပ်ကြီး Musharraf က သွေးထွက်သံယို ဖြစ်စေတဲ့ အာဏာသိမ်းမှု လုပ်ခဲ့တာပါ။ အဲဒီနောက် နိုင်ငံတော် ပုန်ကုန်မှုအတွက် တရားရင်ဆိုင်နေရချိန် နိုင်ငံခြားကို အာမခံနဲ့ သွားရောက် ဆေးကုသခွင့် ပြုထားချိန်မှာ ၂၀၁၆ ခုနှစ်တုန်းက UAE နိုင်ငံကို တိမ်းရှောင်သွားခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG