သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း မူရှာရက်(ဖ်) ပြည်ပ ထွက်ခွါဖို့ ပါကစ္စတန် တရားရုံး ခွင့်ပြု


ပါကစ္စတန်ခေါင်းဆောင်ဟောင်း MUSHARRAF ထောက်ခံသူများ။
ပါကစ္စတန်ခေါင်းဆောင်ဟောင်း MUSHARRAF ထောက်ခံသူများ။
နိုင်ငံတော် သစ္စာဖေါက်မှုနဲ့ တရားစွဲဆိုခံနေရတဲ့ အရင်စစ်ခေါင်းဆောင်ဟောင်း Pervez Musharraf အပေါ် နိုင်ငံတော်အစိုးရ ချမှတ်ထားတဲ့ ခရီးသွားလာခွင့် ပိတ်ပင်မှုကို ရုတ်သိမ်းပေးဖို့ ပါကစ္စတန် တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။

ပြည်ပထွက်ခွါခွင့် တားမြစ်ထားတဲ့ စာရင်းထဲကနေ သူ့နာမည်ကို ဖယ်ရှားပေးဖို့ မစ္စတာမူရှာရတ်(ဖ်)ရဲ့ ပန်ကြားချက်ကို ကြာသပတေးနေ့မှာ တရားရုံးက ခွင့်ပြုခဲ့တာပါ။ ဒါပေမယ့် တရားရုံးက အမိန့်ချမှတ်ပြီး လုပ်ဆောင်ခွင့်မရှိသေးတဲ့ ၁၅ ရက်အတွင်းမှာ အစိုးရဘက်က ပြန်လည် လျှောက်ထားခွင့်ရှိနေပါတယ်။

မစ္စတာ မူရှာရတ်(ဖ်)ကို မတ်လထဲမှာ နိုင်ငံတော် သစ္စာဖေါက်မှုနဲ့ တရားစွဲဆိုခဲ့ တာဖြစ်ပါတယ်။ အခု Dubai မှာ နေတဲ့ သူ့မိခင် မကျန်းမမာ ဖြစ်နေတာကို သွားကြည့်ချင်တယ်လို့ မစ္စတာ မူရှာရတ်(ဖ်)က ပြောပါတယ်။

သူ့ရဲ့သမ္မတ သက်တမ်း ဆက်နိုင်ဖို့အတွက် ၂၀၀၇ ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ခေတ္တ ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ခဲ့တာနဲ့ နိုင်ငံတော် အရေးပေါ်အခြေနေ ကြေညာခဲ့တာအပါအဝင် မစ္စတာမူရှာရတ်(ဖ်)ရဲ့ လုပ်ရပ်တွေနဲ့ ဆက်နွယ်ပြီး အခုလို တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

အခုစွဲဆိုထားတဲ့ ပြစ်မှုကို ကျူးလွန်ကြောင်း ထင်ရှားရင်တော့ အသက် ၇၀ ရှိပြီဖြစ်တဲ့ မစ္စတာ မူရှာရတ်ဖ်ဟာ သေဒဏ်ကျခံရဖွယ် ရှိပါတယ်။
XS
SM
MD
LG