သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် သမ္မတဟောင်း မူရှာရက်(ဖ်) ပြည်ပ ထွက်ခွင့်ရ


ပါကစ္စတန်စစ်အုပ်ချုပ်ရေးအကြီးအကဲဟောင်း Pervez Musharraf ။
ပါကစ္စတန်စစ်အုပ်ချုပ်ရေးအကြီးအကဲဟောင်း Pervez Musharraf ။

ပါကစ္စတန်စစ်အုပ်ချုပ်ရေးအကြီးအကဲဟောင်း Pervez Musharraf ကို ဆေးကုသမှု ခံနိုင်အောင် ပြည်ပကို ခရီးသွားဖို့ အာဏာပိုင်တွေက ခွင့်ပြုလိုက်ပါတယ်။ နိုင်ငံတော် ပုန်ကန်မှု အပါအဝင် တခြားစွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ Musharraf အပေါ်မှာ နိုင်ငံတကာ ခရီးသွားခွင့်ပိတ်ပင်ထားတာကို ရုပ်သိမ်းလိုက်ပြီးတဲ့နောက် ဒီလို ပြည်ပထွက်ခွာခွင့်ပြုလိုက်တာပါ။ သူဟာ အမှုတွေကို ဆက်လက် ရင်ဆိုင်ဖို့အတွက် ရက်သတ္တပတ် လေးပတ်နဲ့ ခြောက်ပတ်ကြား ပြန်လာမယ်လို့ ကတိပြုကြောင်း ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး Chaudhry Nisar Ali Khan က ဆိုပါတယ်။

ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး (မတ်၁၇၊ ၂၀၁၆)
ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး (မတ်၁၇၊ ၂၀၁၆)

Musharraf အပေါ်မှာ တရားဥပဒေအရ စိန်ခေါ်မှုတွေဟာ ပါကစ္စတန်နိုင်ငံမှာ အင်အားကြီးတဲ့ စစ်တပ်နဲ့ ဝန်ကြီးချုပ် Nawaz Sharif အစိုးရကြား တင်းမာစေတဲ့ကိစ္စဖြစ်ပါတယ်။ မစ္စတာ Musharraf ဟာ ၁၉၉၉ ခုနှစ်တုန်းက ထိုစဉ်ဝန်ကြီးချုပ် Sharif ကို ဖြုတ်ချပြီး သွေးထွက်သံယိုမှုမရှိပဲ အာဏာသိမ်းယူခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG