သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Musharraf ကို ႀကိဳးဆြဲခ်ျပသထားဖို႔ ဆံုးျဖတ္တဲ႔ ပါကစၥတန္တရားသူႀကီး ဖယ္႐ွားခံရဖြယ္႐ွိ


ပါကစၥတန္ စစ္အာဏာရွင္ေဟာင္း Pervez Musharraf (သတင္းဓါတ္ပံု- ၂၀၁၃ ဧၿပီလ)

(Zawgyi/Unicode)

ပါကစၥတန္ စစ္အာဏာရွင္ေဟာင္း Pervez Musharraf ေသဒဏ္ေပးမခံရခင္ ကြယ္လြန္သြားမယ္ဆိုရင္ သူ႔႐ုပ္အေလာင္းကို လႊတ္ေတာ္အျပင္ဘက္မွာ သံုးရက္ၾကာ ႀကိဳးဆြဲခ် ေသဒဏ္ေပးထားသင့္တယ္လုိ႔ ဆံုးျဖတ္ခဲ့တဲ့ တရားသူႀကီးကို ဖယ္ရွားဖို႔ လုပ္ေနတယ္လို႔ ပါကစၥတန္အစိုးရက ၾကာသပေတးေန႔မွာ ေၾကညာပါတယ္။

အဲဒီတရားသူႀကီး မူရွာရက္ဖ္ကို ေသဒဏ္ခ်မွတ္ခဲ့တဲ့ တရားသူႀကီးသံုးဦးပါ ခုံအဖြဲ႔ရဲ႕ဥကၠ႒ တရားသူႀကီးပါ။

၂၀၀၇ ခုႏွစ္မွာ ႏုိ္င္ငံရဲ႕အေျခခံဥပေဒကို ခ်ဳိးေဖာက္မႈနဲ႔ အထူးတရား႐ံုးက မူရွာရက္ဖ္ကို ဒီသီတင္းပတ္အေစာပိုင္းက ေသဒဏ္ ခ်မွတ္ခဲ့တာျဖစ္ၿပီး ပါကစၥတန္သမိုင္းမွာ စစ္ေခါင္းေဆာင္ေဟာင္းတဦးကို တရားစြဲ ေသဒဏ္ခ်မွတ္တာ ပထမဆံုးပါပဲ။

အသက္ ၇၆ ႏွစ္အရြယ္ မူရွာရက္ဖ္ဟာ ၂၀၁၆ ခုႏွစ္ကတည္းက ကို္ယ့္သေဘာနဲ႔ကိုယ္ ျပည္ပမွာ ေနထိုင္ေနၿပီး အာရပ္ေစာ္ဘြား မ်ားျပည္ေထာင္စု၊ ဒူဘုိင္းၿမိဳ႕က ေဆး႐ံုတခုမွာ ေဆးကုသမႈခံယူေနပါတယ္။

သူ႔အေပၚခ်မွတ္ထားတဲ့ ေသဒဏ္ကိုု စီရင္ဖို႔အတြက္ ဝရမ္းေျပး တရားခံကို ဖမ္းဆီးဖို႔ ဥပေဒစိုးမိုးေရးပိုင္း တာဝန္ရွိသူေတြကို တရား႐ံုးက ၫႊန္ၾကားထားပါတယ္။

ဒါေပမယ့္ “ေသဆံုးသြားၿပီဆိုရင္ ႐ုပ္အေလာင္းကို ပါကစၥတန္ႏုိင္ငံ၊ အစၥလာမ္မာဘတ္ၿမိဳ႕ေတာ္၊ D-Chowk မွာ သံုးရက္ၾကာ ႀကိဳးဆြဲခ် ေသဒဏ္ေပးထားရမယ္” လုိ႔ တရား႐ံုးဆံုးျဖတ္ခ်က္မွာ ေဖာ္ျပထားပါတယ္။ D-Chowk ဆိုတာကေတာ့ ပါကစၥတန္ လႊတ္ေတာ္အျပင္ဘက္ေလးနားက ရင္ျပင္ကို ေျပာတာပါ။

အေျခခံဥပေဒကိုခ်ဳိးေဖာက္ၿပီး “စက္ဆုပ္ဖြယ္ေကာင္းတဲ့ အမိန္႔” ကိုခ်မွတ္ခဲ့တဲ့ တရားသူႀကီး Waqar Ahmad Seth ကို ဖယ္ရွား ေရး ဥပေဒလမ္းေၾကာင္းအတိုင္း စတင္လုပ္ေဆာင္ဖို႔ ဆံုးျဖတ္ထားတယ္လို႔ ၾကာသပေတးေန႔က ႐ုတ္တရက္လုပ္တဲ့ သတင္းစာ ရွင္းလင္းပြဲအတြင္း အစိုးရ ထိပ္တန္းတာဝန္ရွိသူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.....................

Musharraf ကို ကြိုးဆွဲချပြသထားဖို့ ဆုံးဖြတ်တဲ့ ပါကစ္စတန်တရားသူကြီး ဖယ်ရှားခံရဖွယ်ရှိ

(Unicode)

ပါကစ္စတန် စစ်အာဏာရှင်ဟောင်း Pervez Musharraf သေဒဏ်ပေးမခံရခင် ကွယ်လွန်သွားမယ်ဆိုရင် သူ့ရုပ်အလောင်းကို လွှတ်တော်အပြင်ဘက်မှာ သုံးရက်ကြာ ကြိုးဆွဲချ သေဒဏ်ပေးထားသင့်တယ်လို့ ဆုံးဖြတ်ခဲ့တဲ့ တရားသူကြီးကို ဖယ်ရှားဖို့ လုပ်နေတယ်လို့ ပါကစ္စတန်အစိုးရက ကြာသပတေးနေ့မှာ ကြေညာပါတယ်။

အဲဒီတရားသူကြီး မူရှာရက်ဖ်ကို သေဒဏ်ချမှတ်ခဲ့တဲ့ တရားသူကြီးသုံးဦးပါ ခုံအဖွဲ့ရဲ့ဥက္ကဋ္ဌ တရားသူကြီးပါ။

၂၀၀၇ ခုနှစ်မှာ နိုင်ငံရဲ့အခြေခံဥပဒေကို ချိုးဖောက်မှုနဲ့ အထူးတရားရုံးက မူရှာရက်ဖ်ကို ဒီသီတင်းပတ်အစောပိုင်းက သေဒဏ် ချမှတ်ခဲ့တာဖြစ်ပြီး ပါကစ္စတန်သမိုင်းမှာ စစ်ခေါင်းဆောင်ဟောင်းတဦးကို တရားစွဲ သေဒဏ်ချမှတ်တာ ပထမဆုံးပါပဲ။

အသက် ၇၆ နှစ်အရွယ် မူရှာရက်ဖ်ဟာ ၂၀၁၆ ခုနှစ်ကတည်းက ကိုယ့်သဘောနဲ့ကိုယ် ပြည်ပမှာ နေထိုင်နေပြီး အာရပ်စော်ဘွား များပြည်ထောင်စု၊ ဒူဘိုင်းမြို့က ဆေးရုံတခုမှာ ဆေးကုသမှုခံယူနေပါတယ်။

သူ့အပေါ်ချမှတ်ထားတဲ့ သေဒဏ်ကို စီရင်ဖို့အတွက် ဝရမ်းပြေး တရားခံကို ဖမ်းဆီးဖို့ ဥပဒေစိုးမိုးရေးပိုင်း တာဝန်ရှိသူတွေကို တရားရုံးက ညွှန်ကြားထားပါတယ်။

ဒါပေမယ့် “သေဆုံးသွားပြီဆိုရင် ရုပ်အလောင်းကို ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘတ်မြို့တော်၊ D-Chowk မှာ သုံးရက်ကြာ ကြိုးဆွဲချ သေဒဏ်ပေးထားရမယ်” လို့ တရားရုံးဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။ D-Chowk ဆိုတာကတော့ ပါကစ္စတန် လွှတ်တော်အပြင်ဘက်လေးနားက ရင်ပြင်ကို ပြောတာပါ။

အခြေခံဥပဒေကိုချိုးဖောက်ပြီး “စက်ဆုပ်ဖွယ်ကောင်းတဲ့ အမိန့်” ကိုချမှတ်ခဲ့တဲ့ တရားသူကြီး Waqar Ahmad Seth ကို ဖယ်ရှား ရေး ဥပဒေလမ်းကြောင်းအတိုင်း စတင်လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ကြာသပတေးနေ့က ရုတ်တရက်လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း အစိုးရ ထိပ်တန်းတာဝန်ရှိသူတွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG