သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယစပိုင် ပါကစ္စတန်ထောင်ထဲမှာသေဆုံး


Lakhpat အကျဉ်းထောင်မှာ တိုက်ခိုက်ခံရပြီး သေဆုံးခဲ့တဲ့ အိန္ဒိယစပိုင် Sarabjit Singh။ (မေလ ၂ ရက်၊ ၂၀၁၃)။
Lakhpat အကျဉ်းထောင်မှာ တိုက်ခိုက်ခံရပြီး သေဆုံးခဲ့တဲ့ အိန္ဒိယစပိုင် Sarabjit Singh။ (မေလ ၂ ရက်၊ ၂၀၁၃)။
ပါကစ္စတန်အကျဉ်းထောင်ထဲမှာ သေဒဏ်ကျခံနေရတဲ့ အိန္ဒိယသူလျှို Sarabjit Singh ဟာ အတူအကျဉ်းကျနေသူ ၂ ဦးရဲ့ အုတ်ခဲနဲ့ထုနှက် တိုက်ခိုက်မှုကြောင့် ရရှိတဲ့ဒဏ်ရာနဲ့ သေဆုံးသွားခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့သောကြာနေ့က Lahore က Kot Lakhpat အကျဉ်းထောင်မှာ အတိုက်ခိုက်ခံခဲ့ရပြီးတဲ့နောက် ဆေးရုံမှာ ကုသမှု ခံယူနေခဲ့ရတာပါ။

သူ့ကို ပါကစ္စတန်နိုင်ငံတွင်း လူ ၁၄ ဦးသေဆုံးခဲ့ရတဲ့ ဗုံး အများအပြားဖောက်ခွဲမှု၊ သူလျှိုလုပ်မှုတွေနဲ့ ၁၉၉၀ ခုနှစ် တုန်းကဖမ်းဆီးထားခဲ့တာပါ။

ဒီတိုက်ခိုက်မှုတွေဟာ ရက်စက်ကြမ်းကြုပ်တဲ့ လုပ်ရပ်တွေဖြစ်တာမို့ တာဝန်ရှိသူကို အပြစ်ပေးအရေးယူဖို့ အိန္ဒိယဝန်ကြီးချုပ် မန်း မိုဟန်ဆင်းက ပြောကြားခဲ့ပါတယ်။

Singh သေဆုံးမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့နဲ့ သေဆုံးသူအတွက် အသုဘကျင်းပပေးဖို့ သူ့ရဲ့ရုပ်အလောင်းကို ပြန်ပေးဖို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပန်ကြားခဲ့ပါတယ်။

အခုလို ထောင်ထဲမှာ အတိုက်ခိုက်ခံရတာအတွက် အံ့သြတုန်လှုပ်ရကြောင်းနဲ့ ပါကစ္စတန် အကျဉ်းထောင်တွေထဲက အိန္ဒိယ နိုင်ငံသားတွေရဲ့ လုံခြုံရေးကို သေသေချာချာ လုပ်ဆောင်ပေးဖို့လည်း ပြောကြားခဲ့ပါတယ်။

Singh အတွက် အသနား ခံစာတင်သွင်းခဲ့တာကို ၂၀၀၈ ခုနှစ်တုန်းက အဲဒီအချိန်က သမ္မတဖြစ်တဲ့ Pervez Musharraf က ငြင်းပယ်ခဲ့ပါတယ်။
XS
SM
MD
LG