သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပစ်ခတ်ခံရမှုကြောင့် ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ဒဏ်ရာရ


ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရာခန်သေနတ်ပစ်ခံခဲ့ရတဲ့ ကွန်တိန်နာယာဉ်နဲ့ ရဲအရာရှိများကိုတွေ့ရစဉ်
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရာခန်သေနတ်ပစ်ခံခဲ့ရတဲ့ ကွန်တိန်နာယာဉ်နဲ့ ရဲအရာရှိများကိုတွေ့ရစဉ်

[[ ZAWGYI / UNICODE ]]

ပစ်ခတ်ခံရမှုကြောင့် ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ဒဏ်ရာရ

ပါကစ္စတန်နိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဦးဆောင်ချီတက်နေတဲ့ အတိုက်အခံခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း Imran Khan အင်မရမ်-ခန်း ကို ကြာသပတေးနေ့က သေနတ်သမားတဦးရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာ ရရှိသွားတယ်လို့ သူ့ရဲ့ ပါတီဖြစ်တဲ့ PTI ပါတီ တာဝန်ရှိသူတွေကပြောပါတယ်။

ဒီ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၁ ဦးသေဆုံးပြီး၊ ၁၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း Khan ကိုတော့ ပန်ဂျပ်ပြည်နယ်မြို့တော် လာဟိုးက ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။

သူ့ရဲ့အခြေအနေဟာ တည်ငြိမ်မှု ရှိပါတယ်လို့ ဒေသဆေးရုံ တာဝန်ရှိသူတဦးဖြစ်တဲ့ Dr. Faisal Sultan က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အစ္စလမ်မာဘတ်မြို့တော်ကို ဦးတည် ချီတက်လာတဲ့ ဆန္ဒပြပွဲကို ဦးဆောင်လာသူ အသက် ၇၀ အရွယ် လူကြိုက်များတဲ့ အတိုက်အခံခေါင်းဆောင် Khan ဟာ ပန်ဂျပ်ပြည်နယ်ထဲက Wazirabad မြို့အရောက် ကားပေါ်မှာ ရှိနေစဉ် သေနတ်သမားက အောက်ကနေ ပစ်ခတ်ခဲ့တာကြောင့် ခြေထောက်မှာ ဒဏ်ရာ ရသွားခဲ့ကြောင်း သူ့ပါတီရဲ့ အကြီးတန်းအရာရှိတဦးဖြစ်တဲ့ Rauf Hassan က VOA ကို အတည်ပြု ပြောဆိုပါတယ်။

၂၀၂၂ အောက်တိုဘာ ၂၈ရက်နေ့က လာဟိုးမြို့မှာ သူ့ကိုထောက်ခံသူတွေနဲ့အတူတွေ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း အင်မရာခန်
၂၀၂၂ အောက်တိုဘာ ၂၈ရက်နေ့က လာဟိုးမြို့မှာ သူ့ကိုထောက်ခံသူတွေနဲ့အတူတွေ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း အင်မရာခန်

သေနတ်သမားက မောင်းပြန် သေနတ်နဲ့ ဆန္ဒပြသူတွေကို ဆက်လက် ပစ်ခတ်ခဲ့ပေမယ့် သေနတ်သမားကို လူအုပ်က ဝိုင်းဝန်းပိတ်ဆို့ထားပြီး ရဲက ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း Khan ရဲ့ မှားယွင်းတဲ့ ဦးဆောင်မှုကို မကြိုက်လို့ သူတဦးထဲသဘောနဲ့တိုက်ခိုက်ခဲ့တာလို့ သေနတ်သမားက ထွက်ဆိုထားတဲ့ ဗွီဒီယိုဖိုင်ကို ရဲက သတင်းထောက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် PTI ပါတီ ဗဟိုကော်မတီဝင် တဦးဖြစ်တဲ့ Chaudhry Fawad Hussain ကတော့ ဒါဟာ ဝန်ကြီးချုပ်ဟောင်း Khan ကို အစီအစဉ်ရှိရှိ လုပ်ကြံသတ်ဖြတ်တာပဲ ဖြစ်တယ်လို့ တွစ်တာ လူမှုကွန်ယက်မှာ ဖေါ်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

================

{{ UNICODE }}








XS
SM
MD
LG