{{Zawgyi/Unicode}}
.....................................................
ရွေးကောက်ပွဲ မကြေညာမချင်း ဆန္ဒပြတောင်းဆိုသွားမည် (ပါကစ္စတန်ဝန်ကြိချုပ်ဟောင်း Imran Khan)
{{Zawgyi/Unicode}}
ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း Imran Khan ဦးဆောင်ပြီး ရွေးကောက်ပွဲအသစ်လုပ် ပေးဖို့တောင်းဆိုတဲ့ ဆန္ဒပြချီတက်သူတွေဟာ ဗုဒ္ဓဟူးနေ့က မြို့တော် အစ္စလမ်မာဘတ် ကိုဦးတည်ချီတက်လာရာမှာ ရဲတွေကမျက်ရည်ယိုဗုံးတွေ၊ ဒုတ်တွေအသုံးပြုပြီ းနှိမ်နင်းခဲ့သလို ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ မြို့တော် အစ္စလမ်မာဘတ်ကို ချီတက်ပြီး လက်ရှိအစိုးရက ကြားဖြတ်ရွေးကောက်ပွဲ လုပ်မပေးမခြင်း၊ မြိုတော်မှာ ထိုင်သပိတ်ဆန္ဒပြမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်ဟောင်းခန်းက ပြောဆိုထားပါတယ်။
ဝန်ကြီးချုပ်ဟောင်း အင်မရာခန်း ဦးဆောင်တဲ့အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ မြို့တော်အစ္စလမ်မာဘတ် ကနေ မိုင် ၆၀ ကျော်လောက်ဝေးတဲ့ Swabi မြို့ကနေ မြို့တော် အစ္စလမ်မားဘတ် ကို ဆန္ဒပြချီတက်လာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့လထဲက ဝန်ကြီးချုပ်ဟောင်း အင်မရာခန် ကိုလွှတ်တော်မှာ အယုံအကြည်မရှိ အဆိုတင်သွင်းခဲ့ပြီး သူ့ရဲ့ PTI ပါတီညွန့်ပေါင်းအစိုးရ ကိုဖြုတ်ချခဲ့ပါတယ်။ အဲဒီနောက် ပြိုင်ဘက် ရှဘရှရစ် Shahbaz Sharif ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။
မြို့တော်အစ္စလမ်မားဘတ်မှာတော့ ဆန္ဒပြမှုတွေကိုတားဆီးဖို့အတွက် လွှတ်တော်အဆောက်အဦးအပါအဝင် အချက်အခြာကျတဲ့နေရာတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေကိုချထား ပါတယ်။
အခုလိုအရေးပါတဲ့လှုပ်ရှားမှုကို ဘယ်အစိုးရ၊ ဘယ်ဖက်စစ်အာဏာပိုင်တွေကမှ ရပ်တန့် လို့၊ လမ်းလွှဲပစ်လို့မရနိုင်ပါဘူးလို့ ဝန်ကြီးချုပ်ဟောင်း အင်မရာခန်းက တွစ်တာကနေ တဆင့်ပြောဆိုပါတယ်။
လက်ရှိအစိုးရက ပါလီမန်ကိုဖျက်သိမ်းပြီး၊ ရွေးကောက်ပွဲအသစ်လုပ်ပေးတဲ့အထိ၊ မြို့ တော် အစ္စလမ်မားဘတ်မှာဆန္ဒပြမှာဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်ဟောင်း အင်မရာခန် ကပြောဆိုထားပါတယ်။