သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္ေသြးႂကြေတြကို လက္သင့္မခံဖုိ႔ အာဖဂန္ကို ပါကစၥတန္ သတိေပး


အာဖဂန္နစၥတန္က တာလီဘန္ တုိက္ခုိက္ေရးသမားမ်ား။ (ၾသဂုတ္ ၁၉၊ ၂၀၂၁)

(Zawgyi / Unicode)

အာဖဂန္နစၥတန္ႏိုင္ငံအေနနဲ႔ စစ္ေသြးႂကြေတြကို နားခိုရာေနရာ ေပးမထားဖို႔ ပါကစၥတန္က တနဂၤေႏြေန႔မွာ ျပင္းျပင္းထန္ထန္ သတိေပးလိုက္ပါတယ္။

ပါကစၥတန္ႏိုင္ငံမွာ တိုက္ခိုက္မႈေတြ တိုးလုပ္လာေနတဲ့ ပါကစၥတန္ႏြယ္ဖြား တာလီဘန္ စစ္ေသြးႂကြေတြကို ခိုေအာင္းခြင့္မေပးဖို႔ အာဖဂန္နစၥတန္မွာ ထိန္းခ်ဳပ္ထားတဲ့ တာလီဘန္ေတြကို ပါကစၥတန္အစိုးရက ေတာင္းဆိုလိုက္တာ ျဖစ္ပါတယ္။

အာဖဂန္နစၥတန္အေရွ႕ပိုင္း Khost and Kuna ျပည္နယ္ေတြမွာ ေသာၾကာေန႔ညေနက ပါကစၥတန္ေလယာဥ္နဲ႔ ဗံုးႀကဲတိုက္ခိုက္တာေၾကာင့္ အရပ္သားေတြ ေသဆံုးခဲ့ရတယ္လို႔ အာဖဂန္က ေျပာၾကားခဲ့တဲ့ေနာက္မွာ အခုလို ပါကစၥတန္ဘက္က သတိေပးခ်က္ ထြက္ေပၚလာတာပါ။

အာဖဂန္ရဲ႕ ဒီေျပာဆိုမႈနဲ႔ ပတ္သက္လို႔ ပါကစၥတန္ဘက္က တစံုတရာ မွတ္ခ်က္ေပး ေျဖၾကားဖို႔ ျငင္းဆိုဆဲျဖစ္ေပမယ့္ တာလီဘန္ေတြဟာ အာဖဂန္ႏိုင္ငံထဲကေန ပါကစၥတန္ကို တိုက္ေနတဲ့ စစ္ေသြးႂကြေတြနဲ႔ ပတ္သက္ၿပီး ရပ္သြားေအာင္ ဘာမွလုပ္ေဆာင္တာ မရွိဘူးလို႔ အျပစ္တင္ စြပ္စြဲေနတာ ျဖစ္ပါတယ္။

အာဖဂန္ဟာ တာလီဘန္ တုိက္ခိုက္ေရးသမားေတြကို နားခိုစရာေနရာ ေပးထားတယ္လို႔ အာဖဂန္မွာ တာလီဘန္ေတြ ျပန္အာဏာရလာတဲ့ မႏွစ္ ၾသဂုတ္လ မတိုင္ခင္အထိ ပါကစၥတန္ဘက္က မၾကာခဏ စြပ္စြဲခဲ့တာ ျဖစ္ပါတယ္။

အာဏာရလာတဲ့ တာလီဘန္ေတြကို ကမၻာက ထိေတြ႔ဆက္ဆံမႈ လုပ္လာဖို႔ အရင္ ပါကစၥတန္ဝန္ႀကီးခ်ဳပ္ Imran Khan ဦးေဆာင္တဲ့ ပါကစၥတန္အစိုးရကပဲ ဦးေဆာင္ ႀကိဳးပမ္းခဲ့တာ ျဖစ္ပါတယ္။

အခု ပါကစၥတန္မွာ ဝန္ႀကီးခ်ဳပ္အသစ္အျဖစ္ Shahbaz Sharif တက္လာၿပီ ျဖစ္တဲ့အတြက္ တာလီဘန္ေတြနဲ႔ ပတ္သက္ၿပီး သေဘာထား ဘယ္လိုရွိတယ္ ဆုိတာေတာ့ ေသေသခ်ာခ်ာ မသိရေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

စစ်သွေးကြွတွေကို လက်သင့်မခံဖို့ အာဖဂန်ကို ပါကစ္စတန် သတိပေး

အာဖဂန်နစ္စတန်နိုင်ငံအနေနဲ့ စစ်သွေးကြွတွေကို နားခိုရာနေရာ ပေးမထားဖို့ ပါကစ္စတန်က တနင်္ဂနွေနေ့မှာ ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။

ပါကစ္စတန်နိုင်ငံမှာ တိုက်ခိုက်မှုတွေ တိုးလုပ်လာနေတဲ့ ပါကစ္စတန်နွယ်ဖွား တာလီဘန် စစ်သွေးကြွတွေကို ခိုအောင်းခွင့်မပေးဖို့ အာဖဂန်နစ္စတန်မှာ ထိန်းချုပ်ထားတဲ့ တာလီဘန်တွေကို ပါကစ္စတန်အစိုးရက တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

အာဖဂန်နစ္စတန်အရှေ့ပိုင်း Khost and Kuna ပြည်နယ်တွေမှာ သောကြာနေ့ညနေက ပါကစ္စတန်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတွေ သေဆုံးခဲ့ရတယ်လို့ အာဖဂန်က ပြောကြားခဲ့တဲ့နောက်မှာ အခုလို ပါကစ္စတန်ဘက်က သတိပေးချက် ထွက်ပေါ်လာတာပါ။

အာဖဂန်ရဲ့ ဒီပြောဆိုမှုနဲ့ ပတ်သက်လို့ ပါကစ္စတန်ဘက်က တစုံတရာ မှတ်ချက်ပေး ဖြေကြားဖို့ ငြင်းဆိုဆဲဖြစ်ပေမယ့် တာလီဘန်တွေဟာ အာဖဂန်နိုင်ငံထဲကနေ ပါကစ္စတန်ကို တိုက်နေတဲ့ စစ်သွေးကြွတွေနဲ့ ပတ်သက်ပြီး ရပ်သွားအောင် ဘာမှလုပ်ဆောင်တာ မရှိဘူးလို့ အပြစ်တင် စွပ်စွဲနေတာ ဖြစ်ပါတယ်။

အာဖဂန်ဟာ တာလီဘန် တိုက်ခိုက်ရေးသမားတွေကို နားခိုစရာနေရာ ပေးထားတယ်လို့ အာဖဂန်မှာ တာလီဘန်တွေ ပြန်အာဏာရလာတဲ့ မနှစ် သြဂုတ်လ မတိုင်ခင်အထိ ပါကစ္စတန်ဘက်က မကြာခဏ စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။

အာဏာရလာတဲ့ တာလီဘန်တွေကို ကမ္ဘာက ထိတွေ့ဆက်ဆံမှု လုပ်လာဖို့ အရင် ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan ဦးဆောင်တဲ့ ပါကစ္စတန်အစိုးရကပဲ ဦးဆောင် ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

အခု ပါကစ္စတန်မှာ ဝန်ကြီးချုပ်အသစ်အဖြစ် Shahbaz Sharif တက်လာပြီ ဖြစ်တဲ့အတွက် တာလီဘန်တွေနဲ့ ပတ်သက်ပြီး သဘောထား ဘယ်လိုရှိတယ် ဆိုတာတော့ သေသေချာချာ မသိရသေးပါဘူး။

XS
SM
MD
LG