(Zawgyi / Unicode)
ပါကစၥတန္ဝန္ႀကီးခ်ဳပ္ Imran Khan အေပၚ အယုံအၾကည္မရွိ အဆိုကို စေနေန႔က ပါကစၥတန္ ေအာက္လႊတ္ေတာ္ျဖစ္တဲ့ အမ်ိဳးသားလႊတ္ေတာ္က မဲခြဲ အတည္ျပဳလိုက္တဲ့အတြက္ သူဟာ ၄ ႏွစ္နီးပါး တာဝန္ထမ္းေဆာင္ခဲ့တဲ့ ဝန္ႀကီးခ်ဳပ္ရာထူးကေန ဖယ္ရွားေပးရေတာ့မွာ ျဖစ္ပါတယ္။
ဝန္ႀကီးခ်ဳပ္ Khan ရဲ႕ အစိုးရအဖြဲ႔ ေအာက္လႊတ္ေတာ္ဥကၠ႒ Asad Qaiser က သူႏုတ္ထြက္ေၾကာင္း မေမွ်ာ္လင့္ဘဲ ေၾကညာလိုက္ၿပီး အတိုက္အခံဘက္က ဝါရင့္လႊတ္ေတာ္အမတ္ Ayaz Sadiq ကို လႊတ္ေတာ္အမတ္ ၃၄၂ ဦးပါ ေအာက္လႊတ္ေတာ္ အထူးအစည္းအေဝးကို ႀကီးၾကပ္ဖို႔ လႊဲေျပာင္းေပးခဲ့တာပါ။
ေဒသစံေတာ္ခ်ိန္ ညသန္းေခါင္ယံက စတင္ခဲ့တဲ့ မဲခြဲမႈေနာက္ပိုင္း လႊတ္ေတာ္အမတ္ ၁၇၃ ဦးရဲ႕ ေထာက္ခံမႈ ရခဲ့တဲ့အတြက္ အတိုက္အခံေတြရဲ႕ အယုံအၾကည္မရွိ အဆိုဟာ မဲအမ်ားစုနဲ႔ အႏိုင္ရေၾကာင္း Sadiq က ေၾကညာခဲ့တာျဖစ္ပါတယ္။
ေအာက္လႊတ္ေတာ္ဥကၠ႒ Asad Qaiser ကေတာ့ ျပည္ပပေယာဂနဲ႔ ဝန္ႀကီးခ်ဳပ္ကို ျဖဳတ္ခ်ရာမွာ သူပါဝင္ပတ္သက္မႈ မလုပ္ႏိုင္ဘူးဆိုၿပီး ႏုတ္ထြက္ခဲ့တာပါ။
ဝန္ႀကီးခ်ဳပ္ Khan ရဲ႕ PTI ပါတီက လႊတ္ေတာ္အမတ္ အားလုံးလိုလိုကလည္း မဲမခြဲခင္ကေရာ မဲခြဲေနစဥ္မွာပါ လႊတ္ေတာ္ကေန ထြက္ခြါသြားၾကတာ ျဖစ္ပါတယ္။
ဥပေဒျပဳလႊတ္ေတာ္ကေန ဝန္ႀကီးခ်ဳပ္နဲ႔ အစိုးရသစ္ကို ေရြးခ်ယ္ရေတာ့မွာ ျဖစ္ပါတယ္။
အတိုက္အခံေတြကေတာ့ ဝန္ႀကီးခ်ဳပ္ရာထူးအတြက္ PML-N ပါကစၥတန္ မြတ္စလင္ အဖြဲ႔ခ်ဳပ္ Nawaz ေခါင္းေဆာင္ Shehbaz Sharif ကို အမည္စာရင္း တင္သြင္းထားတယ္လို႔ ေျပာပါတယ္။
------------------------------
(Unicode)
ပါကစ္စတန်လွှတ်တော်က ဝန်ကြီးချုပ် Imran Khan ကို ဖြုတ်ချ
ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan အပေါ် အယုံအကြည်မရှိ အဆိုကို စနေနေ့က ပါကစ္စတန် အောက်လွှတ်တော်ဖြစ်တဲ့ အမျိုးသားလွှတ်တော်က မဲခွဲ အတည်ပြုလိုက်တဲ့အတွက် သူဟာ ၄ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးချုပ်ရာထူးကနေ ဖယ်ရှားပေးရတော့မှာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် Khan ရဲ့ အစိုးရအဖွဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ Asad Qaiser က သူနုတ်ထွက်ကြောင်း မမျှော်လင့်ဘဲ ကြေညာလိုက်ပြီး အတိုက်အခံဘက်က ဝါရင့်လွှတ်တော်အမတ် Ayaz Sadiq ကို လွှတ်တော်အမတ် ၃၄၂ ဦးပါ အောက်လွှတ်တော် အထူးအစည်းအဝေးကို ကြီးကြပ်ဖို့ လွှဲပြောင်းပေးခဲ့တာပါ။
ဒေသစံတော်ချိန် ညသန်းခေါင်ယံက စတင်ခဲ့တဲ့ မဲခွဲမှုနောက်ပိုင်း လွှတ်တော်အမတ် ၁၇၃ ဦးရဲ့ ထောက်ခံမှု ရခဲ့တဲ့အတွက် အတိုက်အခံတွေရဲ့ အယုံအကြည်မရှိ အဆိုဟာ မဲအများစုနဲ့ အနိုင်ရကြောင်း Sadiq က ကြေညာခဲ့တာဖြစ်ပါတယ်။
အောက်လွှတ်တော်ဥက္ကဋ္ဌ Asad Qaiser ကတော့ ပြည်ပပယောဂနဲ့ ဝန်ကြီးချုပ်ကို ဖြုတ်ချရာမှာ သူပါဝင်ပတ်သက်မှု မလုပ်နိုင်ဘူးဆိုပြီး နုတ်ထွက်ခဲ့တာပါ။
ဝန်ကြီးချုပ် Khan ရဲ့ PTI ပါတီက လွှတ်တော်အမတ် အားလုံးလိုလိုကလည်း မဲမခွဲခင်ကရော မဲခွဲနေစဉ်မှာပါ လွှတ်တော်ကနေ ထွက်ခွါသွားကြတာ ဖြစ်ပါတယ်။
ဥပဒေပြုလွှတ်တော်ကနေ ဝန်ကြီးချုပ်နဲ့ အစိုးရသစ်ကို ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။
အတိုက်အခံတွေကတော့ ဝန်ကြီးချုပ်ရာထူးအတွက် PML-N ပါကစ္စတန် မွတ်စလင် အဖွဲ့ချုပ် Nawaz ခေါင်းဆောင် Shehbaz Sharif ကို အမည်စာရင်း တင်သွင်းထားတယ်လို့ ပြောပါတယ်။