သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပါကစၥတန္ဝန္ႀကီးခ်ဳပ္အေပၚ အယုံအၾကည္မရွိအဆို မဲခြဲေရး ေအာက္လႊတ္ေတာ္ လုပ္ငန္းစတင္


A man reads a newspaper in Islamabad on April 8, 2022, after Pakistan's Supreme Court ruled that the national assembly must reconvene to hold a no-confidence vote on Prime Minister Imran Khan.

ပါကစၥတန္ဝန္ႀကီးခ်ဳပ္ Imran Khan ကို ရာထူးကဖယ္ရွားေရး အတိုက္အခံေတြတင္သြင္းတဲ့ အယုံအၾကည္ မရွိအဆိုကို မဲခြဲဆုံးျဖတ္တဲ့လုပ္ငန္းစဥ္ စတင္ေရးအတြက္ National Assembly လို႔ေခၚတဲ့ ပါကစၥတန္ ေအာက္လႊတ္ေတာ္အစည္းအေဝး ဒီကေန႔ ျပန္က်င္းပပါတယ္။

ဝန္ႀကီးခ်ဳပ္ Khan ကေတာ့ အခု မဲခြဲမယ့္လုပ္ရပ္ကို အေမရိကန္က ေနာက္ကြယ္ကေန ျခယ္လွယ္လုပ္ေဆာင္တာလို႔ ေသာၾကာေန႔က ထပ္ၿပီးေတာ့ စြပ္စြဲေျပာဆိုခဲ့ၿပီး သူ႔ကို ရာထူးကေန ဖယ္ရွားခဲ့မယ္ဆိုရင္ အတိုက္အခံေတြ ဖြဲ႔စည္းမယ့္ အစိုးရကို သူ အသိအမွတ္ျပဳမွာ မဟုတ္ဘူးလို႔ ေျပာခဲ့ပါတယ္။

အက်ပ္အတည္းႀကဳံေနရတဲ့ ဝန္ႀကီးခ်ဳပ္ Khan က ေသာၾကာညေႏွာင္းပိုင္း ႐ုပ္ျမင္သံၾကားကတဆင့္ ႏိုင္ငံကိုေျပာတဲ့ မိန႔္ခြန္းထဲမွာ အဲဒီလိုေျပာသြားတာပါ။

မူလက ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ေႏွာင္းပိုင္းမွာလုပ္ဖို႔ စီစဥ္ခဲ့တဲ့ အယုံအၾကည္မရွိ အဆို မဲခြဲဆုံးျဖတ္မယ့္ကိစၥကို တားဆီးဖို႔ ဝန္ႀကီးခ်ဳပ္ Khan က ႀကိဳးစားတာကို ပါကစၥတန္ တရား႐ုံးခ်ဳပ္က ပယ္ခ်ခဲ့အၿပီး ေနာက္တရက္မွာ ဝန္ႀကီးခ်ဳပ္ Khan က တိုင္းျပည္ကို မိန႔္ခြန္း ေျပာတာပါ။ အယုံအၾကည္မရွိအဆို မဲခြဲမယ့္ကိစၥကို “ျပည္ပအင္အားႀကီးႏိုင္ငံ” တခုက ႀကိဳးကိုင္စီစဥ္တာျဖစ္တဲ့အတြက္ တရားမဝင္ဘူးဆိုၿပီး ဝန္ႀကီးခ်ဳပ္ Khan ရဲ႕ အာဏာရပါတီဝင္၊ ေအာက္လႊတ္ေတာ္ ဒုတိယဥကၠ႒က ဆုံးျဖတ္ခဲ့ပါတယ္။

အဲဒီေနာက္ ဝန္ႀကီးခ်ဳပ္ Khan က လႊတ္ေတာ္နဲ႔ အစိုးရအဖြဲ႔ကို ဖ်က္သိမ္းၿပီး ရက္ေပါင္း ၉၀ အတြင္း ေ႐ြးေကာက္ပြဲက်င္းပဖို႔ ေၾကညာခဲ့တာပါ။ ဒါေပမယ့္ တရား႐ုံးခ်ဳပ္က ရက္အေတာ္ၾကာ ၾကားနာစစ္ေဆးၿပီးတဲ့ေနာက္ ေအာက္လႊတ္ေတာ္ဥကၠ႒ရဲ႕ ဆုံးျဖတ္ခ်က္ဟာ အေျခခံဥပေဒနဲ႔ မကိုက္ညီဘူးလို႔ ၾကာသပေတးေန႔မွာ ေၾကညာၿပီး လႊတ္ေတာ္ကို ျပန္အသက္သြင္းခဲ့ပါတယ္။

===Unicode ===

ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan ကို ရာထူးကဖယ်ရှားရေး အတိုက်အခံတွေတင်သွင်းတဲ့ အယုံအကြည် မရှိအဆိုကို မဲခွဲဆုံးဖြတ်တဲ့လုပ်ငန်းစဉ် စတင်ရေးအတွက် National Assembly လို့ခေါ်တဲ့ ပါကစ္စတန် အောက်လွှတ်တော်အစည်းအဝေး ဒီကနေ့ ပြန်ကျင်းပပါတယ်။

ဝန်ကြီးချုပ် Khan ကတော့ အခု မဲခွဲမယ့်လုပ်ရပ်ကို အမေရိကန်က နောက်ကွယ်ကနေ ခြယ်လှယ်လုပ်ဆောင်တာလို့ သောကြာနေ့က ထပ်ပြီးတော့ စွပ်စွဲပြောဆိုခဲ့ပြီး သူ့ကို ရာထူးကနေ ဖယ်ရှားခဲ့မယ်ဆိုရင် အတိုက်အခံတွေ ဖွဲ့စည်းမယ့် အစိုးရကို သူ အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

အကျပ်အတည်းကြုံနေရတဲ့ ဝန်ကြီးချုပ် Khan က သောကြာညနှောင်းပိုင်း ရုပ်မြင်သံကြားကတဆင့် နိုင်ငံကိုပြောတဲ့ မိန့်ခွန်းထဲမှာ အဲဒီလိုပြောသွားတာပါ။

မူလက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့နှောင်းပိုင်းမှာလုပ်ဖို့ စီစဉ်ခဲ့တဲ့ အယုံအကြည်မရှိ အဆို မဲခွဲဆုံးဖြတ်မယ့်ကိစ္စကို တားဆီးဖို့ ဝန်ကြီးချုပ် Khan က ကြိုးစားတာကို ပါကစ္စတန် တရားရုံးချုပ်က ပယ်ချခဲ့အပြီး နောက်တရက်မှာ ဝန်ကြီးချုပ် Khan က တိုင်းပြည်ကို မိန့်ခွန်း ပြောတာပါ။ အယုံအကြည်မရှိအဆို မဲခွဲမယ့်ကိစ္စကို “ပြည်ပအင်အားကြီးနိုင်ငံ” တခုက ကြိုးကိုင်စီစဉ်တာဖြစ်တဲ့အတွက် တရားမဝင်ဘူးဆိုပြီး ဝန်ကြီးချုပ် Khan ရဲ့ အာဏာရပါတီဝင်၊ အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌက ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီနောက် ဝန်ကြီးချုပ် Khan က လွှတ်တော်နဲ့ အစိုးရအဖွဲ့ကို ဖျက်သိမ်းပြီး ရက်ပေါင်း ၉၀ အတွင်း ရွေးကောက်ပွဲကျင်းပဖို့ ကြေညာခဲ့တာပါ။ ဒါပေမယ့် တရားရုံးချုပ်က ရက်အတော်ကြာ ကြားနာစစ်ဆေးပြီးတဲ့နောက် အောက်လွှတ်တော်ဥက္ကဋ္ဌရဲ့ ဆုံးဖြတ်ချက်ဟာ အခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ ကြာသပတေးနေ့မှာ ကြေညာပြီး လွှတ်တော်ကို ပြန်အသက်သွင်းခဲ့ပါတယ်။

XS
SM
MD
LG