သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Shehbaz Sharif ပါကစၥတန္ ဝန္ႀကီးခ်ဳပ္ အျဖစ္ က်မ္းသစၥာ ကိ္်န္ဆို


(Zawgyi/ Unicode)

ပါကစၥတန္ လႊတ္ေတာ္က Shehbaz Sharif ကို ႏိုင္ငံရဲ႕ ၀န္ႀကီးခ်ဳပ္သစ္ အျဖစ္ တနလာၤေန႔မွာ ေရြးေကာက္တင္ေျမႇာက္လိုက္ၿပီ ျဖစ္ပါတယ္။ အတိုက္အခံေတြက အယံုအၾကည္ မရွိ အဆိုကို မဲခြဲၿပီး အရင္ ၀န္ႀကီးခ်ဳပ္ Imran Khan ကို ျဖဳတ္ခ်ၿပီး ေလးႏွစ္နီးပါးၾကာ သူ႔ရဲ႕ ၫြန္႔ေပါင္း အစိုးရကို အဆံုးသတ္လိုက္ၿပီး ေနာက္တေန႔မွာဘဲ အခုလို ၀န္ႀကီးခ်ဳပ္သစ္ကို တင္ေျမႇာက္တာ ျဖစ္ပါတယ္။ လႊတ္ေတာ္ အမတ္ ၃၄၂ ဦးရွိ ေအာက္လႊတ္ေတာ္ ျဖစ္တဲ႔ အမ်ိဳးသားလႊတ္ေတာ္မွာ Sharif က ေထာက္ခံမဲ ၁၇၄ မဲ ရရွိခဲ႔ၿပီး ဒါဟာဆိုရင္ အႏိုင္ရဖို႔ လိုအပ္တဲ႔ ေထာက္ခံမဲထက္ ၂ မဲ အသာရတာ ျဖစ္ပါတယ္။

ဒီေနာက္မွာေတာ့ ယာယီ သမၼတ Sadiq Sanjrani ထံမွာ က်မ္းသစၥာ က်ိန္ဆိုခဲ႔ပါတယ္။ ၀န္ႀကီးခ်ဳပ္ေဟာင္း Khan ရဲ႕ အရင္ အာဏာရ Tehreek-e-Insaf PTI ပါတီက လႊတ္ေတာ္ အမတ္ေတြကေတာ့ သူတို႔ အစိုးရကို ျဖဳတ္ခ်မႈမွာ အေမရိကန္က ႀကိဳးကိုင္တယ္လို႔ စြပ္စြဲၿပီး မဲေပးတဲ႔ လုပ္ငန္းစဥ္ကို သပိတ္ေမွာက္ၿပီး လႊတ္ေတာ္ကေန ထြက္ခြာသြားတာေၾကာင့္ အသက္ ၇၀ အရြယ္ ၀န္ႀကီးခ်ဳပ္ ဟာ ကန္႔ကြက္သူ မရွိ ေရြးခ်ယ္ခံခဲ႔ရတာ ျဖစ္ပါတယ္။ ဒီစြပ္စြဲခ်က္ေတြဟာ မမွန္ဘူးလို႔ ေျပာဆိုၿပီး အေမရိကန္ဘက္က ပယ္ခ်ထားပါတယ္။

ပါကစၥတန္ အတိုက္အခံေတြ ဘက္ကလည္း ဒီစြပ္စြဲခ်က္ေတြကို ျငင္းဆိုထားပါတယ္။ PTI ပါတီ၀င္ တဦး ျဖစ္တဲ႔ လႊတ္ေတာ္ ဒုတိယ ဥကၠဌ Qasim Shah Suri ကလည္း အရင္ ၀န္ႀကီးခ်ဳပ္ Khan ကို ျဖဳတ္ခ်မႈမွာ ျပည္ပ ပေယာဂ ပါတယ္လို႔ စြပ္စြဲၿပီး တနလာၤေန႔မွာ လုပ္တဲ႔ ၀န္ႀကီးခ်ဳပ္ ေရြးေကာက္ပြဲကို ဦးေဆာင္ က်င္းပဖို႔ ျငင္းဆန္ခဲ႔ပါတယ္။

လႊတ္ေတာ္မွာ အထူး အစည္းအေ၀းကိုေတာ့ အခု ၀န္ႀကီးခ်ဳပ္ တင္ေျမႇာက္ခံရတဲ႔ Shehbaz Sharif ရဲ႕ Pakistan Muslim League-Nawaz (PML-N) ပါတီက ဝါရင့္ လႊတ္ေတာ္ အမတ္ တဦး ျဖစ္တဲ႔ Ayaz Sadiq က ဥကၠဌ အျဖစ္ တာ၀န္ယူခဲ႔ၿပီး မဲရလဒ္ေတြကို ေၾကညာခဲ႔တာ ျဖစ္ပါတယ္။ မဲခြဲဖို႔ အတြက္ မိနစ္ပိုင္း အလိုမွာဘဲ PTI ပါတီ၀င္ လႊတ္ေတာ္ အမတ္ေတြက ေအာက္လႊတ္ေတာ္ကေန ႏုတ္ထြက္ခဲ႔ၾကပါတယ္။ အရင္ ၀န္ႀကီးခ်ဳပ္ Khan ရဲ႕ ပါတီက ဒုတိယ ဥကၠဌလည္း ျဖစ္ ႏိုင္ငံျခားေရး ၀န္ႀကီးေဟာင္းလည္း ျဖစ္တဲ႔ Shah Mahmood Qureshi က အားလံုး ႏုတ္ထြက္ေၾကာင္း လႊတ္ေတာ္ကို ေျပာဆိုခဲ႔တာပါ။ ဒီႏုတ္ထြက္မႈကို လက္ခံမယ္ဆိုရင္ေတာ့ လႊတ္ေတာ္အမတ္ ေနရာ ၁၀၀ ေက်ာ္ အတြက္ ၾကားျဖတ္ေရြးေကာက္ပြဲသစ္ က်င္းပဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

Shehbaz Sharif ပါကစ္စတန်ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကိျန်ဆို

ပါကစ္စတန် လွှတ်တော်က Shehbaz Sharif ကို နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် အဖြစ် တနလာၤနေ့မှာ ရွေးကောက်တင်မြှောက်လိုက်ပြီ ဖြစ်ပါတယ်။ အတိုက်အခံတွေက အယုံအကြည် မရှိ အဆိုကို မဲခွဲပြီး အရင် ဝန်ကြီးချုပ် Imran Khan ကို ဖြုတ်ချပြီး လေးနှစ်နီးပါးကြာ သူ့ရဲ့ ညွန့်ပေါင်း အစိုးရကို အဆုံးသတ်လိုက်ပြီး နောက်တနေ့မှာဘဲ အခုလို ဝန်ကြီးချုပ်သစ်ကို တင်မြှောက်တာ ဖြစ်ပါတယ်။ လွှတ်တော် အမတ် ၃၄၂ ဦးရှိ အောက်လွှတ်တော် ဖြစ်တဲ့ အမျိုးသားလွှတ်တော်မှာ Sharif က ထောက်ခံမဲ ၁၇၄ မဲ ရရှိခဲ့ပြီး ဒါဟာဆိုရင် အနိုင်ရဖို့ လိုအပ်တဲ့ ထောက်ခံမဲထက် ၂ မဲ အသာရတာ ဖြစ်ပါတယ်။
ဒီနောက်မှာတော့ ယာယီ သမ္မတ Sadiq Sanjrani ထံမှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း Khan ရဲ့ အရင် အာဏာရ Tehreek-e-Insaf PTI ပါတီက လွှတ်တော် အမတ်တွေကတော့ သူတို့ အစိုးရကို ဖြုတ်ချမှုမှာ အမေရိကန်က ကြိုးကိုင်တယ်လို့ စွပ်စွဲပြီး မဲပေးတဲ့ လုပ်ငန်းစဉ်ကို သပိတ်မှောက်ပြီး လွှတ်တော်ကနေ ထွက်ခွာသွားတာကြောင့် အသက် ၇၀ အရွယ် ဝန်ကြီးချုပ် ဟာ ကန့်ကွက်သူ မရှိ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီစွပ်စွဲချက်တွေဟာ မမှန်ဘူးလို့ ပြောဆိုပြီး အမေရိကန်ဘက်က ပယ်ချထားပါတယ်။

ပါကစ္စတန် အတိုက်အခံတွေ ဘက်ကလည်း ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ PTI ပါတီဝင် တဦး ဖြစ်တဲ့ လွှတ်တော် ဒုတိယ ဥက္ကဌ Qasim Shah Suri ကလည်း အရင် ဝန်ကြီးချုပ် Khan ကို ဖြုတ်ချမှုမှာ ပြည်ပ ပယောဂ ပါတယ်လို့ စွပ်စွဲပြီး တနလာၤနေ့မှာ လုပ်တဲ့ ဝန်ကြီးချုပ် ရွေးကောက်ပွဲကို ဦးဆောင် ကျင်းပဖို့ ငြင်းဆန်ခဲ့ပါတယ်။

လွှတ်တော်မှာ အထူး အစည်းအဝေးကိုတော့ အခု ဝန်ကြီးချုပ် တင်မြှောက်ခံရတဲ့ Shehbaz Sharif ရဲ့ Pakistan Muslim League-Nawaz (PML-N) ပါတီက ဝါရင့် လွှတ်တော် အမတ် တဦး ဖြစ်တဲ့ Ayaz Sadiq က ဥက္ကဌ အဖြစ် တာဝန်ယူခဲ့ပြီး မဲရလဒ်တွေကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ မဲခွဲဖို့ အတွက် မိနစ်ပိုင်း အလိုမှာဘဲ PTI ပါတီဝင် လွှတ်တော် အမတ်တွေက အောက်လွှတ်တော်ကနေ နုတ်ထွက်ခဲ့ကြပါတယ်။ အရင် ဝန်ကြီးချုပ် Khan ရဲ့ ပါတီက ဒုတိယ ဥက္ကဌလည်း ဖြစ် နိုင်ငံခြားရေး ဝန်ကြီးဟောင်းလည်း ဖြစ်တဲ့ Shah Mahmood Qureshi က အားလုံး နုတ်ထွက်ကြောင်း လွှတ်တော်ကို ပြောဆိုခဲ့တာပါ။ ဒီနုတ်ထွက်မှုကို လက်ခံမယ်ဆိုရင်တော့ လွှတ်တော်အမတ် နေရာ ၁၀၀ ကျော် အတွက် ကြားဖြတ်ရွေးကောက်ပွဲသစ် ကျင်းပဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG