(Zawgyi / Unicode)
ပါကစၥတန္ႏိုင္ငံမွာ ၄ ႏွစ္နီးပါး အုပ္စိုးခဲ့တဲ့ Imran Khan ေခါင္းေဆာင္တဲ့ ၫြန္႔ေပါင္းအစိုးရဟာ အယုံအၾကည္မရွိအဆို ႐ႈံးနိမ့္သြားၿပီး ေနာက္တရက္အၾကာမွာပဲ အတိုက္အခံေခါင္းေဆာင္ Shehbaz Sharif ကို ဝန္ႀကီးခ်ဳပ္အျဖစ္ မဲခြဲဆုံးျဖတ္ဖို႔ ျပင္ဆင္ေနၾကၿပီ ျဖစ္ပါတယ္။
အမတ္ဦးေရ ၃၄၂ ဦးပါဝင္တဲ့ အမ်ဳိးသားလႊတ္ေတာ္ေခၚ ပါလီမန္ ေအာက္လႊတ္ေတာ္မွာ တနဂၤေႏြေန႔က တင္သြင္းခဲ့တဲ့ Imran Khan အေပၚ အယုံအၾကည္မရွိအဆိုဟာ လိုအပ္တဲ့ မဲအေရအတြက္ထက္ ၂ မဲအသာ ၁၇၄ မဲနဲ႔ အႏိုင္ရရွိသြားတာ ျဖစ္ပါတယ္။
အခုအခါမွာေတာ့ အသက္ ၇၀ အရြယ္ အတိုက္အခံေခါင္းေဆာင္ Sharif ဟာ ပါကစၥတန္ရဲ႕ ဝန္ႀကီးခ်ဳပ္သစ္အျဖစ္ အေရြးခံရေတာ့မယ္လို႔ လူအမ်ားအျပားက ယူဆထားၾကတာပါ။
Imran Khan ဟာ ပါကစၥတန္ႏိုင္ငံမွာ အယုံအၾကည္မရွိအဆိုနဲ႔ ထုတ္ပယ္ျခင္းခံရတဲ့ ပထမဦးဆုံးဝန္ႀကီးခ်ဳပ္ ျဖစ္ပါတယ္။ ၁၉၄၇ ခုႏွစ္ ပါကစၥတန္ႏိုင္ငံ စတင္ထူေထာင္ၿပီးခ်ိန္ကစၿပီး ဒီမိုကေရစီနည္းအရ ေရြးေကာက္ခံရတ့ဲ ဘယ္ဝန္ႀကီးခ်ဳပ္ကမွ သက္တမ္း ၅ ႏွစ္ အျပည့္အဝ ထမ္းေဆာင္ခဲ့ရတာမ်ဳိး မရွိေသးပါဘူး။
တနဂၤေႏြေန႔ ေႏွာင္းပိုင္းမွာေတာ့ မစၥတာ Khan ရဲ႕ပါတီကို ေထာက္ခံသူ ေထာင္ေပါင္းမ်ားစြာတို႔ဟာ ၿမဳိ႕ေတာ္ အစၥလမၼာဘတ္ အပါအဝင္ ၿမဳိ႕ႀကီးအေတာ္မ်ားမ်ားမွာ လမ္းေပၚထြက္ ဆႏၵျပခဲ့ၾကပါတယ္။
Imran Khan ကို ေဝဖန္သူေတြကေတာ့ သူဟာ ပါကစၥတန္စစ္တပ္ရဲ႕ အကူအညီနဲ႔ အာဏာရရွိလာတာျဖစ္ၿပီး လုံၿခဳံေရးရာထူး ခန္႔ထားမႈနဲ႔ ႏိုင္ငံျခားေရး မူဝါဒေတြမွာ သေဘာထားကြဲလြဲတဲ့အတြက္ စစ္တပ္ရဲ႕ေထာက္ခံမႈ ဆုံး႐ႈံးခဲ့ရၿပီး အတိုက္အခံေတြက ျဖဳတ္ခ်ဖို႔အေျခအေန ျဖစ္လာတယ္လို႔ ဆိုၾကပါတယ္။
-----------------------------------
(Unicode)
ပါကစ္စတန် ဝန်ကြီးချုပ်သစ် ရွေးဖို့ပြင်ဆင်
ပါကစ္စတန်နိုင်ငံမှာ ၄ နှစ်နီးပါး အုပ်စိုးခဲ့တဲ့ Imran Khan ခေါင်းဆောင်တဲ့ ညွန့်ပေါင်းအစိုးရဟာ အယုံအကြည်မရှိအဆို ရှုံးနိမ့်သွားပြီး နောက်တရက်အကြာမှာပဲ အတိုက်အခံခေါင်းဆောင် Shehbaz Sharif ကို ဝန်ကြီးချုပ်အဖြစ် မဲခွဲဆုံးဖြတ်ဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။
အမတ်ဦးရေ ၃၄၂ ဦးပါဝင်တဲ့ အမျိုးသားလွှတ်တော်ခေါ် ပါလီမန် အောက်လွှတ်တော်မှာ တနင်္ဂနွေနေ့က တင်သွင်းခဲ့တဲ့ Imran Khan အပေါ် အယုံအကြည်မရှိအဆိုဟာ လိုအပ်တဲ့ မဲအရေအတွက်ထက် ၂ မဲအသာ ၁၇၄ မဲနဲ့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။
အခုအခါမှာတော့ အသက် ၇၀ အရွယ် အတိုက်အခံခေါင်းဆောင် Sharif ဟာ ပါကစ္စတန်ရဲ့ ဝန်ကြီးချုပ်သစ်အဖြစ် အရွေးခံရတော့မယ်လို့ လူအများအပြားက ယူဆထားကြတာပါ။
Imran Khan ဟာ ပါကစ္စတန်နိုင်ငံမှာ အယုံအကြည်မရှိအဆိုနဲ့ ထုတ်ပယ်ခြင်းခံရတဲ့ ပထမဦးဆုံးဝန်ကြီးချုပ် ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် ပါကစ္စတန်နိုင်ငံ စတင်ထူထောင်ပြီးချိန်ကစပြီး ဒီမိုကရေစီနည်းအရ ရွေးကောက်ခံရတဲ့ ဘယ်ဝန်ကြီးချုပ်ကမှ သက်တမ်း ၅ နှစ် အပြည့်အဝ ထမ်းဆောင်ခဲ့ရတာမျိုး မရှိသေးပါဘူး။
တနင်္ဂနွေနေ့ နှောင်းပိုင်းမှာတော့ မစ္စတာ Khan ရဲ့ပါတီကို ထောက်ခံသူ ထောင်ပေါင်းများစွာတို့ဟာ မြို့တော် အစ္စလမ္မာဘတ် အပါအဝင် မြို့ကြီးအတော်များများမှာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။
Imran Khan ကို ဝေဖန်သူတွေကတော့ သူဟာ ပါကစ္စတန်စစ်တပ်ရဲ့ အကူအညီနဲ့ အာဏာရရှိလာတာဖြစ်ပြီး လုံခြုံရေးရာထူး ခန့်ထားမှုနဲ့ နိုင်ငံခြားရေး မူဝါဒတွေမှာ သဘောထားကွဲလွဲတဲ့အတွက် စစ်တပ်ရဲ့ထောက်ခံမှု ဆုံးရှုံးခဲ့ရပြီး အတိုက်အခံတွေက ဖြုတ်ချဖို့အခြေအနေ ဖြစ်လာတယ်လို့ ဆိုကြပါတယ်။