သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် အစိုးရအပေါ် အယုံအကြည်မရှိအဆို တင်သွင်းဖို့ တရားရုံးချုပ် ခွင့်ပြုလိုက်ပြီ


အယုံအကြည် မရှိ အဆိုတင်သွင်းဖို့ တရားရုံးချုပ်က ခွင့်ပြုလိုက်ပြီးနောက် ပျော်ရွှင်နေကြသည့် ပါကစ္စတန်အတိုက်အခံပါတီအင်အားစု။ ( April 7, 2022 )
အယုံအကြည် မရှိ အဆိုတင်သွင်းဖို့ တရားရုံးချုပ်က ခွင့်ပြုလိုက်ပြီးနောက် ပျော်ရွှင်နေကြသည့် ပါကစ္စတန်အတိုက်အခံပါတီအင်အားစု။ ( April 7, 2022 )

[[ ZAWGYI / UNICODE ]]

ပါကစ္စတန်အစိုးရအပေါ် အယုံအကြည်မရှိအဆိုတင်သွင်းဖို့ တရားရုံးချုပ် ခွင့်ပြုလိုက်ပြီ

ပါကစ္စတန်နိုင်ငံမှာ ဝန်ကြီးချုပ် Imran Khan အပေါ် အတိုက်အခံတွေက အယုံအကြည်မရှိ အဆို တင်သွင်းမှုအတွက် တားဆီး ပိတ်ပင်ခဲ့တဲ့ အမျိုးသားလွှတ်တော်(ခေါ်) အမတ် ၃၄၂ ပါတဲ့ ပါလီမန်အောက်လွှတ်တော် ဒုဥက္ကဌရဲ့ ဆုံးဖြတ်ချက်ကို ပါကစ္စတန်ရဲ့ အမြင့်ဆုံး တရားရုံးချုပ်က ကြာသပတေးနေ့မှာ ပယ်ချလိုက်ပါတယ်။

တနင်္ဂနွေနေ့တုန်းက အောက်လွှတ်တော် အထူးအစည်းဝေးမှာ ဝန်ကြီးချုပ် Khan ဟာ နိုင်ငံကို လွဲမှားစွာ အုပ်ချုပ်နေတယ်ဆိုပြီး အတိုက်အခံတွေက အယုံအကြည်မရှိအဆို တင်သွင်းဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပြီး၊ ဒါကို အောက်လွှတ်တော် ဒုဥက္ကဌက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီဘူးဆိုပြီး ပယ်ချခဲ့တာပါ။

သမ္မတ Arif Alvi ကလည်း ဝန်ကြီးချုပ် Khan ရဲ့ အကြံပေးချက်အရ အောက်လွှတ်တော်ကို ဖျက်သိမ်းခဲ့ပြီး ရက်ပေါင်း ၉၀ အတွင်း ရွေးကောက်ပွဲအသစ် ကျင်းပပေးမယ်လို့ အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝန်ကြီးချုပ်က သူ့ အစိုးရအဖွဲ့ဖျက်သိမ်းပြီးတဲ့ နောက်မှာ Kham ကို ယာယီ အမှုဆောင်အကြီးအကဲ အဖြစ် တာဝန်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

ဒီအယုံအကြည်မရှိ အဆိုတင်သွင်းမှု နောက်ကွယ်မှာ ပြည်ပအင်အားကြီးနိုင်ငံ ရှိနေတယ်ဆိုပြီး ဝန်ကြီးချုပ်ရဲ့ ပြန်လှန်စွပ်စွဲချက်နဲ့ပတ်သက်လို့ ပါကစ္စတန်နိုင်ငံရဲ့ တရားသူကြီး ၅ ပါးထိုင် အမြင့်ဆုံးတရားရုံးချုပ်မှာ တနင်္လာနေ့က စတင် ကြားနာနေတာဖြစ်ပါတယ်။

အခု ကြာသပတေးနေ့မှာတော့ တရားရုံး တရားသူကြီးချုပ် Umar Ata Bandial က လွှတ်တော် ဒုဥက္ကဌရဲ့ ဆုံးဖြတ်ချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီကြောင်း တရားသူကြီး အားလုံးက တညီတညွတ်ထည်း ဆုံးဖြတ်ခဲ့တယ်လို့ ပြောကြားခဲ့သလို သမ္မတရဲ့ လွှတ်တော်ဖျက်သိမ်းမှုဟာလည်း ဖွဲ့စည်းပုံနဲ့ မညီဘူးလို့ ပြောပြီး တရားရုံးချုပ်က ပယ်ချကြောင်း အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ် Kham နဲ့ သူ့အစိုးရအဖွဲ့ အနေနဲ့ စနေမနက်မှာ အတိုက်အခံတွေ တင်သွင်းထားတဲ့ အယုံအကြည်မရှိ အဆိုအတွက် လွှတ်တော် ပြန်လည်ခေါ်ယူပြီး ဝန်ကြီးချုပ်ရွေးကောက်ရေး ဆက်လက် လုပ်ဆောင်ဖို့ပါ အမိန့်ချခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

= = = = = = = = =

{{ UNICODE }}








XS
SM
MD
LG