သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အယုံအကြည်မရှိအဆိုကို ဟန့်တားမှု ပါကစ္စတန်တရားရုံးချုပ် ကြားနာ


ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Imran Khan
ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Imran Khan

[[ ZAWGYI / UNICODE ]]

အယုံအကြည်မရှိအဆိုကို ဟန့်တားမှု ပါကစ္စတန်တရားရုံးချုပ် ကြားနာ

ပါကစ္စတန်နိုင်ငံမှာ ဝန်ကြီးချုပ် Imran Khan အပေါ် အတိုက်အခံတွေက အယုံအကြည်မရှိအဆိုကို တားဆီးပိတ်ပင်ခဲ့တဲ့ ကိစ္စဟာ ၊ နိုင်ငံ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖေါက်ရာရောက်တယ်ဆိုတဲ့ ဝန်ကြီးချုပ်ရဲ့ ပြန်လှန်စွဲချက်နဲ့ပတ်သက်ပြီး တရားလွှတ်တော်ချုပ်က အရေးတကြီးနဲ့ တနင်္လာနေ့မှာ စတင်ကြားနာခဲ့ပါတယ်။

တနင်္ဂနွေနေ့တုန်းကတော့ အမျိုးသားလွှတ်တော် ခေါ် အမတ်(၃၄၂)ပါတဲ့ ပါလီမန်အောက်လွှတ်တော် အထူးစည်းဝေးပွဲမှာ အတိုက်အခံတွေက ဝန်ကြီးချုပ် Imran Khan ဟာ နိုင်ငံကို လွဲမှားစွာ အုပ်ချုပ်နေတယ်ပြီး အယုံအကြည်မရှိ အဆို တင်သွင်းဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အောက်လွှတ်တော် ယာယီဥက္ကဌက ဒီအဆိုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ဘူးဆိုပြီး ရုတ်တရက် ပယ်ချပြီးနောက် ၊ ပါလီမန်အစည်းအဝေးကို ရပ်ဆိုင်းခဲ့တာပါ။ အယုံအကြည်မရှိ အဆိုတင်သွင်းသူတွေရဲ့ နောက်ကွယ်မှာ အမေရိကန်အစိုးရ ရှိနေတယ်ဆိုပြီး ဝန်ကြီးချုပ် Khan ဖက်ကလည်း ပြန်လည် စွပ်စွဲခဲ့မယ့် ၊ အမေရိကန်ပြည်ထောင်စုကတော့ ဒီကိစ္စကို ငြင်းဆန်ခဲ့ပါတယ်။

ပါလီမန် အစည်းအဝေးကို ရပ်ဆိုင်းပြီးချိန်မှာပဲ ပါကစ္စတန်သမ္မတ Arif Alvi ကလည်း ၊ ဝန်ကြီးချုပ်(ခန်)ရဲ့ အကြံပေးချက်အတိုင်း ပါလီမန်ကို ဖျက်သိမ်းလိုက်ပြီး ရက်ပေါင်း ၉၀ အတွင်း ရွေးကောက်ပွဲကျင်းပပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပါကစ္စတန်နိုင်ငရဲ့ အမြင့်ဆုံး တရားရုံးချုပ်က ဘယ်လိုဆုံးဖြတ် ပေးလာမလဲဆိုတာကို လူတိုင်းစောင့်ကြည့်နေပါတယ်။ တရားရုံးကတော့ ဒီအမှုကို အင်္ဂါနေ့ ကြားနာမယ်လို့ ရွှေ့ဆိုင်းလိုက်ပါတယ်။

ပါကစ္စတန်စစ်တပ် ပြောခွင့်ရ ဗိုလ်ချုပ် Babar Ifitikar ကတော့ ဒီနိုင်ငံရေး အရှုပ်တော်ပုံမှာ စစ်တပ်အနေနဲ့ ဝင်ပါမှာ မဟုတ်ဘူးလို့ VOA ကိုပြောကြားခဲ့ပါတယ်။ စစ်အာဏာသိမ်းမှု အစဉ်အလာ အကြိမ်ပေါင်းများစွာ ရှိခဲ့ဖူးတဲ့ ပါကစ္စတန်နိုင်ငံမှာ စစ်တပ်ရဲ့ အခုလို ပြောဆိုမှုအပေါ် အကဲခတ်တွေကတော့ သံသယ ရှိနေကြပါတယ်။

အယုံအကြည်မရှိအဆိုကို ဟန့်တားမှု ပါကစ္စတန်တရားရုံးချုပ် ကြားနာ
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

= = = = = = = = =

{{ UNICODE }}








XS
SM
MD
LG